မိခင်ရင်ထဲ ဝင်ကြည့်ကြပါဦး။ ကမ္ဘာပျက်နေပါပြီ …မြောက်ဦး က Case 518 နှစ်လ သမီးလေး …

Zawgyi

မြောက်ဦး က Case 518 နှစ်လ သမီးလေး Case 440 က ကူးတာတဲ့။မိခင်ရင်ထဲ ဝင်ကြည့်ကြပါဦး။ ကမ္ဘာပျက်နေပါပြီ အားလုံး မပေါ့ဆကြပါနဲ့ဗျာ

ကိုဗစ်ဒုတိယလှိုင်း အန္တရာယ် ကြိုတင်ကာကွယ်ကြပါ…။မကြောက်ပါနဲ့ သွားကြပါ စားကြပါယုကတော့ ကြောက်တယ်ဒီဗိုင်းရပ်စ်ကြောင့်မသေနိုင်ဘူးဆိုတာသိနေတဲ့အတွက် ကြောက်တယ်။

ဘာကိုကြောက်တာလဲဆိုတော့ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးရင်တခြားဗိုင်းရပ်စ်တွေလို ကုသလို့ကောင်းသွားရင်သေသွားမှာလား။ဒီအတိုင်းပြန်ထွက်သွားမှာလား။

လုံးဝမဟုတ်ပါဘူးတွေးပြီးကြောက်နေခဲ့တဲ့အရာ ရှိပါတယ်ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲဝင်ပြီးရင်အာရုံကြောစနစ် သွေးလှည့်ပတ်မှုစနစ်တွေကိုဖျက်ဆီးပစ်တဲ့အတွက်ကိုဗစ်ဖြစ်ထားတဲ့လူနာတယောက်ဟာနောက်၅နှစ်လောက်မှာ side effectတွေဘယ်လိုပေါ်လာအုံးမလဲ ဆိုတာ

ဆေးသုတေသနပညာရှင်တွေခန်ုမှန်းနေပေမယ့်ဒီနေ့ည ဘဇော်liveမှာတော့နိုင်ငံခြားမှာ ၃လအကြာနဲ့ကိုခန္ဓာကိုယ်အစိတ်ပိုင်းတချို့ပျက်စီးသွားတဲ့ဆိုးကျိုးတွေပေါ်လာတာကိုတွေ့နေရပါပြီတဲ့။

ဒါကြောင့်ကိုဗစ်ဖြစ်ရင်မသေနိုင်ဖူးလို့ယူဆပြီး မနေပါနဲ့တော့တဲ့ကိုဗစ်ပိုးမဝင်အောင်ကိုကြိုးစားနေထိုင်ရမှာပါတဲ့။ဒါပါပဲ ယုကြောက်တာဒုက္ခိတတွေဖြစ်ကုန်မှာကို ကြောက်တာပါ။

ဒါကြောင့် မရဲကြပါနဲ့ဘာမှမဖြစ်ဘူးဆိုပြီးသွားရဲ လာရဲစားရဲတာတွေမလုပ်ကြပါနဲ့။ကိုယ်ဒုက္ခိတဖြစ်ရင်လဲမိသားစုတွေပင်ပန်းကြရမယ်။ကိုယ့်မိသားစုဝင်ဖြစ်ရင်လဲနေ့စဉ်နဲ့အမျှ ငါ့ကြောင့်လို့စိတ်ဆင်းရဲရမယ်။

ဒါကြောင့် စားဝတ်နေရေးအတွက်sorry ဒီအချိန်မှာ စားဖို့တခုထဲအတွက်ပဲပိုက်ဆံရှာဖို့သွားလာကြပါ။လှိုင်းကလာမှာကိုသိရင်ပြင်ဆင်မှုတွေလုပ်ပြီးလှိုင်းနားသွားနေတာထက်လှိုင်းနဲ့အဝေးဆုံးနေရာမှာရှောင်နေလိုက်တာ အကောင်းဆုံးပါ။

စားဖို့ပိုက်ဆံရှာနေတဲ့သူတွေကပြင်ဆင်မှု ကာကွယ်မှုတွေနဲ့လှိုင်းနားသွားနေရတဲ့အချိန်မှာကျမတို့တစ်တွေက လှိုင်းနဲ့အဝေးဆုံးမှာနေခွင့်ရခဲ့ရင် နေလိုက်ပါ။မိသားစုကိုချစ်ရင်လှိုင်းနဲ့အဝေးဆုံးမှာနေပါအိမ်မှာပဲနေပါမလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ခရစ်ဒစ်

Unicode