ရန္ကုန္ေလဆိပ္လည္း ထိသြားပါၿပီ၊ ကြင္းဆက္ပ်က္လူနာ (၇၄၁) သည္ ေလဆိပ္ဝန္ထမ္းတဦးျဖစ္ေန

Zawgyi

ရန္ကုန္ေလဆိပ္လည္း ထိသြားပါၿပီ၊ ကြင္းဆက္ပ်က္လူနာ (၇၄၁) သည္ ေလဆိပ္ဝန္ထမ္းတဦးျဖစ္ေန

ရန္ကုန္ေလဆိပ္လည္း ထိသြားပါၿပီ၊ ကြင္းဆက္ပ်က္လူနာ (၇၄၁) သည္ ေလဆိပ္ဝန္ထမ္းတဦး ျဖစ္ၿပီး ဆက္စပ္သူ ၁၅ ဦးခန႔္ကို ယေန႔ Q စင္တာပို႔မည္

က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ ယေန႔(ၾသဂုတ္လ ၃၀ရက္) နံနက္ ၈နာရီနာရီထုတ္ျပန္ခ်က္တြင္ ပါဝင္လာေသာ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္မွ ကိုဗစ္အတည္ျပဳလူနာ အမွတ္ ၇၄၁ (မ ၂၆ ႏွစ္)သည္ ေလဆိပ္ လုံၿခဳံေရးဝန္ထမ္းတစ္ဦးျဖစ္ၿပီး

၎ႏွင့္ ထိေတြ႕ဆက္စပ္သူ ၁၅ဦးခန႔္ကို ယေန႔တြင္ ကြာရတင္းစင္တာသို႔ ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း တိုင္းေဒသႀကီးလြတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က ေျပာပါတယ္။

အဆိုပါ ကိုဗစ္လူနာသည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၊ ေက်ာက္ေရတြင္း ရပ္ကြက္ ေ႐ႊဘုန္းပြင့္ ဘုရားအနီးတြင္ ေနထိုင္သူျဖစ္ၿပီး ၎သည္ ျပည္ပသို႔ ခရီးသြားလာမႈ ရာဇဝင္မရွိ ၊ ေရာဂါပိုးရွိသူ ႏွင့္ ဆက္စပ္မရွိဘဲ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာတစ္ဦး ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

“သူက ေလဆိပ္က လုံၿခဳံေရး ဝန္ထမ္း။ ၂၇ရက္ေန႔က နည္းနည္းေလး ဖ်ားေနတာနဲ႔ ေလဆိပ္ေဆးခန္းကေနၿပီးေတာ့ မသကၤာလို႔ အင္းစိန္ ေဆး႐ုံကို ပို႔လိုက္တာ ။

ကိုဗစ္ စစ္ေဆးေတာ့ ပိုးရွိတဲ့ အေျဖကို ေတြ႕ေတာ့ ေဝဘာဂီေဆး႐ုံကို ပို႔မွာပါ။ သူ႔အိမ္သားေတြ အကုန္လုံး ကြာရတင္းပို႔ဖို႔ လုပ္ေနၿပီး။ အဲ့နားကို ေလာ့ေဒါင္း ခ်ထားပါတယ္။ သူနဲ႔ ဆက္စပ္သူက ၁၅ ဦးေလာက္ ရွိပါတယ္” ဟု ဦးျမင့္လြင္က ေျပာပါတယ္။

Unicode

ရန်ကုန်လေဆိပ်လည်း ထိသွားပါပြီ၊ ကွင်းဆက်ပျက်လူနာ (၇၄၁) သည် လေဆိပ်ဝန်ထမ်းတဦးဖြစ်နေ

ရန်ကုန်လေဆိပ်လည်း ထိသွားပါပြီ၊ ကွင်းဆက်ပျက်လူနာ (၇၄၁) သည် လေဆိပ်ဝန်ထမ်းတဦး ဖြစ်ပြီး ဆက်စပ်သူ ၁၅ ဦးခန့်ကို ယနေ့ Q စင်တာပို့မည်

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့(သြဂုတ်လ ၃၀ရက်) နံနက် ၈နာရီနာရီထုတ်ပြန်ချက်တွင် ပါဝင်လာသော မြောက်ဥက္ကလာပ မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမှတ် ၇၄၁ (မ ၂၆ နှစ်)သည် လေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး

၎င်းနှင့် ထိတွေ့ဆက်စပ်သူ ၁၅ဦးခန့်ကို ယနေ့တွင် ကွာရတင်းစင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။

အဆိုပါ ကိုဗစ်လူနာသည် မြောက်ဥက္ကလာပမြို့နယ် ၊ ကျောက်ရေတွင်း ရပ်ကွက် ရွှေဘုန်းပွင့် ဘုရားအနီးတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ပြည်ပသို့ ခရီးသွားလာမှု ရာဇဝင်မရှိ ၊ ရောဂါပိုးရှိသူ နှင့် ဆက်စပ်မရှိဘဲ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

“သူက လေဆိပ်က လုံခြုံရေး ဝန်ထမ်း။ ၂၇ရက်နေ့က နည်းနည်းလေး ဖျားနေတာနဲ့ လေဆိပ်ဆေးခန်းကနေပြီးတော့ မသင်္ကာလို့ အင်းစိန် ဆေးရုံကို ပို့လိုက်တာ ။

ကိုဗစ် စစ်ဆေးတော့ ပိုးရှိတဲ့ အဖြေကို တွေ့တော့ ဝေဘာဂီဆေးရုံကို ပို့မှာပါ။ သူ့အိမ်သားတွေ အကုန်လုံး ကွာရတင်းပို့ဖို့ လုပ်နေပြီး။ အဲ့နားကို လော့ဒေါင်း ချထားပါတယ်။ သူနဲ့ ဆက်စပ်သူက ၁၅ ဦးလောက် ရှိပါတယ်” ဟု ဦးမြင့်လွင်က ပြောပါတယ်။