ျပည္သူမ်ား လုံးဝ (လုံးဝ) မေပါ့ဆၾကပါႏွင့္စံခ်ိန္ေတြခ်ိဳးလိုက္လာတဲ့ ကိုဗစ္ကူးစက္မႈ( ယေန႕ည ပိုးေတြ႕လူနာ (၉၅)ဦးထပ္တိုးျပီး စံခ်ိန္ထပ္ခ်ိဳး )
Zawgyi
ျပည္သူမ်ား လုံးဝ (လုံးဝ) မေပါ့ဆၾကပါႏွင့္(စံခ်ိန္ေတြခ်ိဳးလိုက္လာတဲ့ ကိုဗစ္ကူးစက္မႈ)
ယေန႕ည ပိုးေတြ႕လူနာ (၉၅)ဦးထပ္တိုးျပီး စံခ်ိန္ထပ္ခ်ိဳး
ေနျပည္ေတာ္၊
(၂၀၂၀) ျပည့္ႏွစ္၊ ဩဂုတ္လ (၃၁) ရက္
• ကမၻာ့က်န္းမာေရးအဖြဲ႕၏ (၃၀-၈-၂၀၂၀) ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ (၁၇:၃၀) နာရီ အခ်ိန္တြင္ ထုတ္ျပန္ေသာ သတင္းအခ်က္အလက္မ်ားအရ –
• တစ္ကမၻာလုံးတြင္ COVID-19 ေရာဂါျဖစ္ပြားမႈအေျခအေနမွာ ဓာတ္ခြဲအတည္ျပဳလူနာဦးေရ စုစုေပါင္း (၂၄,၈၅၄,၁၄၀) ဦးႏွင့္ ေသဆုံးသူဦးေရ စုစုေပါင္း (၈၃၈,၉၂၄) ဦး ရွိပါသည္။
ဤကဲ့သို႔ ကမၻာတစ္ဝန္းတြင္ COVID-19 ကူးစက္ျဖစ္ပြားေသဆုံးမႈမ်ား ဆက္လက္မ်ားျပားလ်က္ ရွိေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေပါ့ဆမႈ (လုံးဝ) မရွိဘဲ ေအာက္ပါအခ်က္မ်ားကို ဆက္လက္ လိုက္နာက်င့္သုံးပါက COVID-19 ကူးစက္မႈမွကာကြယ္နိုင္မည္ ျဖစ္ပါသည္။
(က) တတ္နိုင္သမၽွ လူစုလူေဝးရွိရာ ေနရာမ်ားသို႔ မလိုအပ္ဘဲ (လုံးဝ) မသြားၾကပါရန္။
(ခ) တစ္ဦးႏွင့္ တစ္ဦး တတ္နိုင္သမၽွ ခပ္ခြာခြာ ေနထိုင္ၾကပါရန္။ ျဖစ္နိုင္ပါက အနည္းဆုံး (၆) ေပ အကြာမွသာ ေနထိုင္ေျပာဆိုဆက္ဆံၾကပါရန္။
(ဂ) (လိုအပ္၍) အျပင္ထြက္ပါက၊ လူစုလူေဝးရွိသည့္ေနရာမ်ားသို႔သြားပါက သြားသည့္အခါတိုင္း ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (mask) ကို စနစ္တက် မပ်က္မကြက္ တပ္ဆင္ၾကပါရန္။
(ဃ) လက္တြင္ကပ္ပါလာနိုင္ေသာ ဗိုင္းရပ္စ္ပိုးကို ပ်က္စီးေစရန္အတြက္ လက္ကို ဆပ္ျပာႏွင့္ေရ အသုံးျပဳ၍ အနည္းဆုံး စကၠန႔္ (၂၀) ၾကာေအာင္ ေဆးေၾကာၾကပါရန္။
ျပည္ေထာင္စုဝန္ႀကီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန
Unicode
ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြပါနှင့်(စံချိန်တွေချိုးလိုက်လာတဲ့ ကိုဗစ်ကူးစက်မှု)
ယနေ့ည ပိုးတွေ့လူနာ (၉၅)ဦးထပ်တိုးပြီး စံချိန်ထပ်ချိုး
နေပြည်တော်၊
(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၃၀-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၃၀) နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ –
• တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၂၄,၈၅၄,၁၄၀) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၈၃၈,၉၂၄) ဦး ရှိပါသည်။
ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက COVID-19 ကူးစက်မှုမှကာကွယ်နိုင်မည် ဖြစ်ပါသည်။
(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။
(ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။
(ဂ) (လိုအပ်၍) အပြင်ထွက်ပါက၊ လူစုလူဝေးရှိသည့်နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။
(ဃ) လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။
ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန