Zawgyi
Unicode
ဖြူဖြူထွေးကို ဝေဖန်ခဲ့တဲ့ မင်းခန့်ကျော်အား ဒဲ့ဝုန်းလိုက်တဲ့ မိတ်ကပ်ဆူး
ပရိသတ်ကြီးရေ မိတ်ကပ်ဆူးလို့ ပြောလိုက်တာနဲ့ အသက်အရွယ်မရွေး သဘောကျအားပေးချစ်ခင်ရတဲ့ ဆယ်လီတစ်ယောက်လို့ပြောရမှာပါ။လက်ရှိမှာလည်း သူ့ရဲ့ အပြောနဲ့ ဟာသဗီဒီယိုဖိုင်လေးတွေအပြင် သူ့ရဲ့ Live တွေကိုလည်း ပရိသတ်တွေက သဘောကျစိတ်ဝင်စားစွာစောင့်ကြည့်လေ့ရှိကြပါတယ်။
ဒီနေ့မှာတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖြူဖြူထွေးကိုဝေဖန်ခဲ့ မင်းခန့် ကျော်နဲ့ ပတ်သက်ပြီး ” ငါ့အသက် 37 နှစ်အတွင်းမှာ ဖြူဖြူထွေးကို ဝုန်းတဲ့တယောက်က အဓိကသရုပ်ဆောင်ဆိုတဲ့ အဲ့တယောက်ပါတဲ့ ဇာတ်ကား တကားမဟုတ်ဘူး တခန်းကို မကြည့်ဘူးခဲ့ဖူးဘူး၊ ဘယ်လိုကားတွေရိုက်တာလည်းဟင်သူက လင်းကြပါအူးအေ ” ဆိုတဲ့ စာလေးနဲ့ တင်လာခဲ့တာပါ။
လတ်တလောမှာတော့ ဖြူဖြူထွေးအား ဝေဖန်မှုတွေမြင့်တက်နေမှုကြောင့် မိတ်ကပ်ဆူးကလည်း သူမရဲ့ အမြင်ကိုပြောပြခဲ့တာပါ။ ပရိသတ်ကြီးလည်း မိတ်ကပ်ဆူးရဲ့ အပြောလေးတွေကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ခရက်ဒစ်