ေပးႏိုင္ရက္သားနဲ႔မေပးလို႔ ရစရာရွိေသာ အေႂကြးေတြေတာင္းမရလွ်င္ ( ဆႏြင္း နံ႔သာ အေႂကြးျပန္ရ အစီရင္)
Zawgyi
ေပးႏိုင္ရက္သားနဲ႔မေပးလို႔ ရစရာရွိေသာ အေႂကြးေတြေတာင္းမရလွ်င္ ( ဆႏြင္း နံ႔သာ အေႂကြးျပန္ရ အစီရင္)
မိတ္ေဆြမ်ားအားလုံး မဂၤလာပါ……
၇ရက္သားသမီးမ်ား ခုလိုအက်ပ္အတည္းကာလတြင္း ေပးထားေသာအေႂကြးမ်ားမရျခင္း ေပးႏိုင္ရက္သားနဲ႔မေပးျခင္း ၊အာမခံေႂကြးမိေနျခင္းမ်ား အထိုက္အေလ်ာက္ အဆင္ေျပေစရန္ဆရာယၾတာတခုဒါနျပဳပါရေစ။
ဤယၾတာကို ဗုဒၶဟူးေန႔ မနက္ ၆နာရီမွ ၇နာရီခြဲအတြင္း မိမိ အိမ္ကဘုရားေက်ာင္းေဆာင္တြင္ ျပဳလုပ္ရမည္။ေက်ာက္ပ်ဥ္ေပၚတြင္နံ႔သာျဖဴကို ပ်စ္ပ်စ္ေလး ေသြးပါ။
နံ႔သာျဖဴေပၚတြင္နႏြင္းမႈန႔္အနည္းငယ္ေရာသမ ေအာင္ေရာေမႊၿပီး ထိုေသြးထားေသာ နံ႔သာျဖဴ+ နႏြင္းမႈန႔္ကို ေၾကးဖလားတလုံးတြင္ထည့္ပါ။ထိုဖလားကို ကိုင္ၿပီး ” မိမိရစရာရွိေသာအေႂကြးမ်ားအျမန္ျပန္ရပါလို၏” ဟုဆုေတာင္းၿပီးတင္ထားပါ။၉ရက္ထားၿပီး ေနာက္ေန႔ျပန္စြန႔္ပါ။
၇ ရက္သားသမီးအေပါင္း မိမိရစရာရွိေသာအေႂကြးမ်ားအျမန္ဆုံးျပန္ရ၍ စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းႏွင့္ျပည့္စုံပါေစ……။
Unicode
ပေးနိုင်ရက်သားနဲ့မပေးလို့ ရစရာရှိသော အကြွေးတွေတောင်းမရလျှင် ( ဆနွင်း နံ့သာ အကြွေးပြန်ရ အစီရင်)
မိတ်ဆွေများအားလုံး မင်္ဂလာပါ……
၇ရက်သားသမီးများ ခုလိုအကျပ်အတည်းကာလတွင်း ပေးထားသောအကြွေးများမရခြင်း ပေးနိုင်ရက်သားနဲ့မပေးခြင်း ၊အာမခံကြွေးမိနေခြင်းများ အထိုက်အလျောက် အဆင်ပြေစေရန်ဆရာယတြာတခုဒါနပြုပါရစေ။
ဤယတြာကို ဗုဒ္ဓဟူးနေ့ မနက် ၆နာရီမှ ၇နာရီခွဲအတွင်း မိမိ အိမ်ကဘုရားကျောင်းဆောင်တွင် ပြုလုပ်ရမည်။ကျောက်ပျဉ်ပေါ်တွင်နံ့သာဖြူကို ပျစ်ပျစ်လေး သွေးပါ။
နံ့သာဖြူပေါ်တွင်နနွင်းမှုန့်အနည်းငယ်ရောသမ အောင်ရောမွှေပြီး ထိုသွေးထားသော နံ့သာဖြူ+ နနွင်းမှုန့်ကို ကြေးဖလားတလုံးတွင်ထည့်ပါ။ထိုဖလားကို ကိုင်ပြီး ” မိမိရစရာရှိသောအကြွေးများအမြန်ပြန်ရပါလို၏” ဟုဆုတောင်းပြီးတင်ထားပါ။၉ရက်ထားပြီး နောက်နေ့ပြန်စွန့်ပါ။
၇ ရက်သားသမီးအပေါင်း မိမိရစရာရှိသောအကြွေးများအမြန်ဆုံးပြန်ရ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ……။