သရဏဂုံ တည္လွ်င္ ရရွိေစမည္႔ အက်ိဳးထူးမ်ား
Zawgyi
သရဏဂုံ တည္လွ်င္ ရရွိေစမည္႔ အက်ိဳးထူးမ်ား
ည အိပ္ယာ မဝင္ခင္ သရဏဂံုတည္ၿပီးမွ အိပ္ၾကပါ။သရဏဂုံတည္ေသာသူသည္ ထိုဘဝမွ စုေ တေသာအခါ တစ္ဘဝတာ တည္ခ့ဲေသာ သရဏဂုံ ကုသုိလ္ေၾကာင့္ (၉၁)ကမၻာ အပါယ္ေလးပါးသို႔ မက်ေရာက္ရျခင္း။အၾကိမ္(၈၀) သိၾကားမင္းျဖစ္ရျခင္း။
(၇၅)ၾကိမ္ စၾကာမင္းျဖစ္ရျခင္း။ရုိးရုိးပေဒသရာဇ္ ဧကရာဇ္ဘုရင္အျဖစ္ အၾကိမ္ၾကိမ္ျဖစ္ေနျခင္း။အဆုံးဘဝတြင္ ျမတ္စြာဘုရားသာသနာ၌ (၇)ႏွစ္သားအရြယ္မွာပင္ ရွင္သာမေဏအျဖစ္ ခံယူ၍ သရဏဂုံအဆုံး၌ ရဟႏၱာျဖစ္ျခင္း။
ေစ်းဝယ္ေသာအခါ တစ္ပိႆာဝယ္လွ်င္ တစ္ပိႆာရ၏။ေစ်းသည္က တစ္ပိႆာအျပည့္အျပင္ ေမတၱာလက္ေဆာင္ ထည့္ေပးလွ်င္ အဆစ္ပါရ၏။ထို႔အတူ သရဏဂုံတည္လွ်င္ အက်ိဳးရင္း အက်ိဳးဖ်ားဟူ၍ ႏွစ္မ်ိဳးရ၏။
ယခုေဖာ္ျပျပီးသည္ကားတို႔ကား အက်ိဳး အရင္းျဖစ္၏။ တစ္ပိႆာဝယ္၍ တစ္ပိႆာရျခင္းမ်ိဳး တစ္ရာဖိုးဝယ္၍ တစ္ရာဖိုးရျခင္းမ်ိဳးပင္ျဖစ္၏။အဆင့္ႏွင့္တူသည့္ အက်ိဳးဖ်ားဟုေခၚေသာ ေကာင္းက်ိဳး(၈)မ်ိဳးကိုလည္း ဘဝဆက္တိုင္း ရႏုိင္ေသး၏။
ထိုေကာင္းက်ိဳး(၈)မ်ိဳးကိုလည္း အပါဒါန္ပါဠိေတာ္မွာ ေဟာေတာ္မူထား၏။သရဏဂုံတည္ခ့ဲသူသည္ လူ နတ္ ျဗဟၼာ မည္သည့္ဘဝသို႔ ေရာက္ေရာက္
၁။ လူအမ်ား၏ ပူေဇာ္ခံရျခင္းကို ခံယူရသည္။
၂။ ထူးထူးျခားျခား သူတကာထက္ ဥာဏ္ေကာင္းသည္။
၃။ သူ၏အလိုသို႔ အမ်ားက လိုက္ပါရသည္။
၄။သတၱဝါအားလုံးက ႏွစ္သက္သည္။
၅။ သတၱဝါအားလုံးက ခ်စ္ခင္သည္။
၆။ ေရႊအဆင္းက့ဲ သို႔ လွပသည္။
၇။ ေက်ာ္ေစာထင္ရွားသည္။
၈။ စည္းစိမ္မ်ားျပားသည္။
ေပးရေသာအခ်ိန္ႏွင့္ တန္သည့္…အသိဥာဏ္ဗဟုသုမ်ား ရရွိၾကပါေစ ………။တစ္ဆင့္ မွ်ေဝ ကုသိုလ္ျပဳပါတယ္။အ႐ွင္ဥဇၹယ
Unicode
သရဏဂုံ တည်လျှင် ရရှိစေမည့် အကျိုးထူးများ
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။သရဏဂုံတည်သောသူသည် ထိုဘဝမှ စုေ တသောအခါ တစ်ဘဝတာ တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် (၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။
(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။
ဈေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။ဈေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။
ယခုဖော်ပြပြီးသည်ကားတို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်ဖြစ်၏။အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။
ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက်
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။
၂။ ထူးထူးခြားခြား သူတကာထက် ဉာဏ်ကောင်းသည်။
၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။
၄။သတ္တဝါအားလုံးက နှစ်သက်သည်။
၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။
၆။ ရွှေအဆင်းကဲ့ သို့ လှပသည်။
၇။ ကျော်စောထင်ရှားသည်။
၈။ စည်းစိမ်များပြားသည်။
ပေးရသောအချိန်နှင့် တန်သည့်…အသိဉာဏ်ဗဟုသုများ ရရှိကြပါစေ ………။တစ်ဆင့် မျှဝေ ကုသိုလ်ပြုပါတယ်။အရှင်ဥဇ္ဖယ