အခ်စ္စစ္နဲ႔ ခ်စ္ဖူးခဲ့သူတိုင္းသာ သိမယ့္ နာက်င္ခံစားမႈမ်ား

Zawgyi

အခ်စ္စစ္နဲ႔ ခ်စ္ဖူးခဲ့သူတိုင္းသာ သိမယ့္ နာက်င္ခံစားမႈမ်ား

အခ်စ္စစ္နဲ႔ ခ်စ္တယ္ဆိုတာ မလြယ္ကူသလို ေပးဆပ္ရတာေတြ၊ ခံစားရတာေတြလည္း မ်ားလွပါတယ္။ ဒီအရာေတြဟာ လုပ္ယူ ဖန္တီးလို႔လည္း မရသလို၊ ထိန္းခ်ဳပ္လို႔လည္း မရပါဘူး … ။

ခုေဖာ္ျပေပးမယ့္ အရာေလးေတြကေတာ့ အခ်စ္စစ္နဲ႔ ခ်စ္ဖူးတဲ့ သူေတြပဲ နားလည္ႏိုင္တဲ့ အရာေလးေတြ ျဖစ္ပါတယ္။

(၁) ကိုယ့္ကိုယ္ကို စေတးတတ္လာတယ္

တစ္ခါတေလ သူ႔ေၾကာင့္နဲ႔ ကိုယ့္အသည္းေတြ အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားရင္ေတာင္မွ သူေပ်ာ္ေနတာကို ျမင္ရင္ စိတ္မနာရက္ေတာ့ပါဘူး။

သူ႔ကိုစခ်စ္တဲ့ ေန႔ကစလို႔ ကိုယ့္ရဲ႕ ခံစားခ်က္ေတြထက္ သူ႔ခံစားခ်က္ေတြဟာပိုအေရးႀကီးလာသလို၊ သူေပ်ာ္႐ႊင္ႏိုင္ဖို႔ အတြက္ ကိုယ့္ကိုယ္ကို စေတးၿပီးသားျဖစ္ေနပါတယ္ … ။

ဒါေၾကာင့္ သူေပ်ာ္ေနသေ႐ြ႕ ကိုယ့္ဘက္က ဘယ္ေလာက္ နာက်င္နာက်င္ အရႈံးေတြလို႔ မျမင္ေတာ့ပါဘူး .. ။

(၂) အရမ္းလြယ္ေနသလို ျဖစ္ေနတတ္တယ္

တစ္ခါတေလ ကိုယ္က သူ႔အတြက္ အၿမဲအခ်ိန္ေပးေနတယ္။ သူေခၚတိုင္းသြားတယ္၊ သူ႔ဆႏၵေတြကို ဘယ္ေတာ့မွ မျငင္းရက္ပါဘူး။ ဒါကို သူကိုယ္တိုင္ကျဖစ္ေစ၊ တျခားသူေတြကျဖစ္ေစ ကိုယ့္ကို အရမ္းလြယ္တယ္လို႔ ထင္တတ္ၾကပါတယ္ … ။

အမွန္တကယ္ကေတာ့ ကိုယ္ဟာ အရင္က ဘယ္ေလာက္ပဲ မာနႀကီးခဲ့ႀကီးခဲ့၊ လူတစ္ေယာက္ကို တကယ္ခ်စ္မိသြားတဲ့အခါ သိကၡာမာနေတြ ဆိုတာ ျမဴမႈန္ေတြလိုပဲ ေပ်ာက္ကြယ္သြားလို႔ပါ .. ။

(၃) ႐ူးခ်င္ေယာင္ေဆာင္ေပးတယ္

သင္က သူ႔ကိုလိမ္ေနတာ၊ လွည့္စားေနတာေတြကို သိသိႀကီးနဲ႔ ႐ူးခ်င္ေယာင္ေဆာင္ ေပးလိုက္တဲ့ အခ်ိန္ေတြ ရွိပါတယ္။ သင့္ကို ခ်စ္တဲ့သူက သင္ေျပာသမွ်ကို ယုံေနတာ သူညံ့လို႔လို႔ထင္ေနရင္ သင္အမွားႀကီးမွားသြားပါၿပီ။

သင့္ကို တကယ္ခ်စ္တဲ့သူဆိုတာ သင့္အေၾကာင္းကို အပ္က်တာကအစအကုန္သိၿပီးသား ျဖစ္ပါတယ္ … ။

သင္အမွန္အတိုင္းမ်ား ေျပာမလားလို႔ အခြင့္အေရးေပးတဲ့အေနနဲ႔ တမင္ေမးတာပဲရွိမယ္။ ဒါေၾကာင့္ သင္လိမ္ေျပာတဲ့ အခ်ိန္တိုင္း သိထားဖို႔က သူသိသိႀကီးနဲ႔ ငါ့ကိုခ်စ္လြန္းလို႔ ႐ူးခ်င္ေယာင္ေဆာင္ေပးေနတာ ဆိုတာပါပဲ။

(၄) စြန႔္လႊတ္ရတယ္

ကိုယ္ကအရမ္းခ်စ္ေပမယ့္ ကိုယ္နဲ႔သူနဲ႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့တဲ့အခ်ိန္၊ သူကကိုယ့္ကို ဘယ္လိုမွ ဆက္မခ်စ္ႏိုင္ေတာ့တဲ့ အခ်ိန္ေရာက္လာတဲ့အခါ ကိုယ့္ရဲ႕ အတၱေတြကို ခ်ိဳးႏွိမ္ၿပီး သူ႔ကို ထြက္သြားခြင့္ ျပဳလိုက္ရပါတယ္ … ။

ကိုယ့္ဆီမွာ သူဆက္ရွိေနလည္း သူမေပ်္ာမွေတာ့ ကိုယ္လည္းမေပ်ာ္ႏိုင္ေတာ့မယ့္အတူ သူ႔ကိုေပ်ာ္႐ႊင္ခြင့္ ေပးလိုက္ၿပီး အေဝးကေနပဲ သူ႔သတင္းေလးေတြကို နားစြင့္ေနရပါေတာ့တယ္။

(၅) ျပန္မခ်စ္တဲ့အခါ

တစ္ဖက္သတ္အခ်စ္ေတြမွာလဲ အခ်စ္စစ္ေတြ ရွိပါတယ္။ တစ္ဖက္သတ္အခ်စ္ဆိုတိုင္း အေပ်ာ္တမ္း သက္သက္မဟုတ္ပါဘူး။ ကိုယ္ကအသည္းအသန္အ႐ူးအမူး ခ်စ္ေနတာကို တစ္ဖက္သားက ေပါ့ေပါ့တန္တန္ သေဘာထားၿပီး၊ ကိုယ့္ကို တစ္ခ်က္မွ အေရးမစိုက္ရင္လည္း နာက်င္ရပါတယ္ .. ။

အဆိုးဆုံးကေတာ့ အဲဒီ့လူ ရည္းစားရသြားတဲ့ အခ်ိန္မွာ ကိုယ့္မွာ အသည္းသာကြဲသြားတယ္ ဘာကိုလြမ္းလို႔ လြမ္းရမွန္းေတာင္ မသိပဲ တေငးေငးတေမာေမာျဖစ္ေနရေတာ့တယ္ .. ။

Em Em(Auntymay)

Unicode

အချစ်စစ်နဲ့ ချစ်ဖူးခဲ့သူတိုင်းသာ သိမယ့် နာကျင်ခံစားမှုများ

အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ မလွယ်ကူသလို ပေးဆပ်ရတာတွေ၊ ခံစားရတာတွေလည်း များလှပါတယ်။ ဒီအရာတွေဟာ လုပ်ယူ ဖန်တီးလို့လည်း မရသလို၊ ထိန်းချုပ်လို့လည်း မရပါဘူး … ။

ခုဖော်ပြပေးမယ့် အရာလေးတွေကတော့ အချစ်စစ်နဲ့ ချစ်ဖူးတဲ့ သူတွေပဲ နားလည်နိုင်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို စတေးတတ်လာတယ်

တစ်ခါတလေ သူ့ကြောင့်နဲ့ ကိုယ့်အသည်းတွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရင်တောင်မှ သူပျော်နေတာကို မြင်ရင် စိတ်မနာရက်တော့ပါဘူး။

သူ့ကိုစချစ်တဲ့ နေ့ကစလို့ ကိုယ့်ရဲ့ ခံစားချက်တွေထက် သူ့ခံစားချက်တွေဟာပိုအရေးကြီးလာသလို၊ သူပျော်ရွှင်နိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို စတေးပြီးသားဖြစ်နေပါတယ် … ။

ဒါကြောင့် သူပျော်နေသရွေ့ ကိုယ့်ဘက်က ဘယ်လောက် နာကျင်နာကျင် အရှုံးတွေလို့ မမြင်တော့ပါဘူး .. ။

(၂) အရမ်းလွယ်နေသလို ဖြစ်နေတတ်တယ်

တစ်ခါတလေ ကိုယ်က သူ့အတွက် အမြဲအချိန်ပေးနေတယ်။ သူခေါ်တိုင်းသွားတယ်၊ သူ့ဆန္ဒတွေကို ဘယ်တော့မှ မငြင်းရက်ပါဘူး။ ဒါကို သူကိုယ်တိုင်ကဖြစ်စေ၊ တခြားသူတွေကဖြစ်စေ ကိုယ့်ကို အရမ်းလွယ်တယ်လို့ ထင်တတ်ကြပါတယ် … ။

အမှန်တကယ်ကတော့ ကိုယ်ဟာ အရင်က ဘယ်လောက်ပဲ မာနကြီးခဲ့ကြီးခဲ့၊ လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ သိက္ခာမာနတွေ ဆိုတာ မြူမှုန်တွေလိုပဲ ပျောက်ကွယ်သွားလို့ပါ .. ။

(၃) ရူးချင်ယောင်ဆောင်ပေးတယ်

သင်က သူ့ကိုလိမ်နေတာ၊ လှည့်စားနေတာတွေကို သိသိကြီးနဲ့ ရူးချင်ယောင်ဆောင် ပေးလိုက်တဲ့ အချိန်တွေ ရှိပါတယ်။ သင့်ကို ချစ်တဲ့သူက သင်ပြောသမျှကို ယုံနေတာ သူညံ့လို့လို့ထင်နေရင် သင်အမှားကြီးမှားသွားပါပြီ။

သင့်ကို တကယ်ချစ်တဲ့သူဆိုတာ သင့်အကြောင်းကို အပ်ကျတာကအစအကုန်သိပြီးသား ဖြစ်ပါတယ် … ။

သင်အမှန်အတိုင်းများ ပြောမလားလို့ အခွင့်အရေးပေးတဲ့အနေနဲ့ တမင်မေးတာပဲရှိမယ်။ ဒါကြောင့် သင်လိမ်ပြောတဲ့ အချိန်တိုင်း သိထားဖို့က သူသိသိကြီးနဲ့ ငါ့ကိုချစ်လွန်းလို့ ရူးချင်ယောင်ဆောင်ပေးနေတာ ဆိုတာပါပဲ။

(၄) စွန့်လွှတ်ရတယ်

ကိုယ်ကအရမ်းချစ်ပေမယ့် ကိုယ်နဲ့သူနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အချိန်၊ သူကကိုယ့်ကို ဘယ်လိုမှ ဆက်မချစ်နိုင်တော့တဲ့ အချိန်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ အတ္တတွေကို ချိုးနှိမ်ပြီး သူ့ကို ထွက်သွားခွင့် ပြုလိုက်ရပါတယ် … ။

ကိုယ့်ဆီမှာ သူဆက်ရှိနေလည်း သူမပျေ်ာမှတော့ ကိုယ်လည်းမပျော်နိုင်တော့မယ့်အတူ သူ့ကိုပျော်ရွှင်ခွင့် ပေးလိုက်ပြီး အဝေးကနေပဲ သူ့သတင်းလေးတွေကို နားစွင့်နေရပါတော့တယ်။

(၅) ပြန်မချစ်တဲ့အခါ

တစ်ဖက်သတ်အချစ်တွေမှာလဲ အချစ်စစ်တွေ ရှိပါတယ်။ တစ်ဖက်သတ်အချစ်ဆိုတိုင်း အပျော်တမ်း သက်သက်မဟုတ်ပါဘူး။ ကိုယ်ကအသည်းအသန်အရူးအမူး ချစ်နေတာကို တစ်ဖက်သားက ပေါ့ပေါ့တန်တန် သဘောထားပြီး၊ ကိုယ့်ကို တစ်ချက်မှ အရေးမစိုက်ရင်လည်း နာကျင်ရပါတယ် .. ။

အဆိုးဆုံးကတော့ အဲဒီ့လူ ရည်းစားရသွားတဲ့ အချိန်မှာ ကိုယ့်မှာ အသည်းသာကွဲသွားတယ် ဘာကိုလွမ်းလို့ လွမ်းရမှန်းတောင် မသိပဲ တငေးငေးတမောမောဖြစ်နေရတော့တယ် .. ။

Em Em(Auntymay)