Zawgyi
Unicode
သွေးသားတွေရှိရာ မွေးရပ်မြေ ရခိုင်ပြည်နယ်ကိုလှူဒါန်းဖို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တဲ့ နေတိုး
နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်တဲ့နေရာမှာ ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တစ်ဦးဖြစ်တာနဲ့အညီ ကျရာဇာတ်ရုပ်ကို တိတိကျကျ စိတ်နှစ်ပြီး သရုပ်ဆောင်နိုင်သူပါ။
အဲ့ဒါကြောင့်လည်း အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ အကယ်ဒမီဆု များစွာကို ရရှိပိုင်ဆိုင်ခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ရှိန်ထိုး ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း အနေအထိုင်အေးဆေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးကို ဒီနေ့ဒီအချိန်ထိ သည်းသည်းစွဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ နေတိုးရဲ့ မွေးနေလေးပဲဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့မွေးနေ့အတွက် အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့သလို သူ့ရဲ့မွေးရပ်မြေ ရခိုင်ပြည်နယ်အတွက်လည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။
နေတိုးက ကိုဗစ်ကြောင့် ခက်ခဲနေကြတဲ့ ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စုတွေကို စားသောက်ရိက္ခာများလှူဒါန်းဖို့ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရထံမှာ ကိုယ်တိုင်ကိုယ်ကျ အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
နေတိုးကတော့ သူ့ရဲ့ သွေးသားတွေရှိရာ ရခိုင်ပြည်နယ်အတွက် ထိထိရောက်ရောက်ဖြစ်စေမယ့် အလှူအတန်းတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ကုသိုလ်လေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ခရက်ဒစ်