လူ ၂၀၀ထားႏိုင္မယ့္ ယာယီ ကြာရတင္းစင္တာ တစ္ခုကို သုဝဏၰ ျမက္ခင္းတု အားကစားကြင္းမွာ (၅)ရက္အတြင္း အၿပီး တည္ေဆာက္မယ္

Zawgyi

လူ ၂၀၀ထားႏိုင္မယ့္  ယာယီ ကြာရတင္းစင္တာ တစ္ခုကို သုဝဏၰ ျမက္ခင္းတု အားကစားကြင္းမွာ (၅)ရက္အတြင္း အၿပီး တည္ေဆာက္မယ္လို႔ သိရပါတယ္။

ပထမအဆင့္ အေနနဲ႔ လူ(၂၀၀)ထားရွိႏိုင္ဖို႔ ေဆာင္႐ြက္ေနတာျဖစ္ၿပီး လူဦးေရ (၄၀၀)အထိ တိုးခ်ဲ႕ထားရွိႏိုင္ဖို႔ကိုလည္း အစီအစဥ္ ေရးဆြဲ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဦးေဇာ္ေဇာ္က သူ႔လူမူကြန္ယက္စာမ်က္ႏွာကေန တစ္ဆင့္သည္ကေန႔ေန႔လည္ပိုင္းမွာ အသိေပးထားပါတယ္။

က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ကုသေရးကိစၥ အဝဝကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေဆာင္႐ြက္သြားမွာ ျဖစ္ၿပီး တည္ေဆာက္ေရး၊ ေနေရးထိုင္ေရးနဲ႔ ေန႔စဥ္အစားအေသာက္ ကုန္က်စရိတ္ အားလုံးကိုေတာ့ ဧရာဝတီ ေဖာင္ေဒးရွင္းက က်ခံေပးသြားမွာ ျဖစ္ပါတယ္လို႔ အသိေပးထားပါတယ္။

လာေရာက္ တာဝန္ထမ္းေဆာင္ၾကမယ့္ က်န္းမာေရးဝန္ထမ္းမ်ားနဲ႔ ေစတနာ့ဝန္ထမ္းေတြ အားလုံးရဲ႕ ေနထိုင္စားေသာက္ေရး ကိစၥ အဝဝကိုလည္း စီမံ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။

Covid-19 ဒုတိယလႈိင္းမွာ Positive လူနာေတြ မ်ားျပားလာတာေၾကာင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ယာယီ Quarantine Center တစ္ခုကို သုဝဏၰ ျမက္ခင္းတု ကြင္းမွာစီစဥ္ထားရတာလို႔ ဆိုပါတယ္။

Author -ေအးေအးေအာင္

Unicode

လူ ၂၀၀ထားနိုင်မယ့် ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း အပြီး တည်ဆောက်မယ်လို့ သိရပါတယ်။

ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်က သူ့လူမူကွန်ယက်စာမျက်နှာကနေ တစ်ဆင့်သည်ကနေ့နေ့လည်ပိုင်းမှာ အသိပေးထားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ်အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်ပါတယ်လို့ အသိပေးထားပါတယ်။

လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးရဲ့ နေထိုင်စားသောက်ရေး ကိစ္စ အဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

Covid-19 ဒုတိယလှိုင်းမှာ Positive လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု ကွင်းမှာစီစဉ်ထားရတာလို့ ဆိုပါတယ်။

Author -အေးအေးအောင်