အျပစ္ကင္းစင္တဲ့ ကေလးေတြရဲ႕ ဘဝကိုေတာ့ လြတ္လပ္ခြင့္ေပးသင့္ပါတယ္ ကိုဗစ္ရယ္
Zawgyi
အျပစ္ကင္းစင္တဲ့ ကေလးေတြရဲ႕ ဘဝကိုေတာ့ လြတ္လပ္ခြင့္ေပးသင့္ပါတယ္ ကိုဗစ္ရယ္
လူနာအမွတ္ 2138 ေျခာက္ႏွစ္ကေလးပဲရွိေသးတယ္ငါမင္းနဲ႔ အတူတူ ကစားမိခ်င္ပါတယ္ကေလးရယ္….အျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစကေလးရယ္။စိတ္မေကာင္းလိုက္တာကြယ္။ဒီအ႐ြယ္ဆိုတာ တျခားကေလးေတြလို ခုန္ေပါက္ေျပးလႊားၿပီး ေဆာ့ကစားေနရမယ့္ အ႐ြယ္ေလ။မင္းလည္းသူတို႔လိုပဲ ေဆာ့ကစားခ်င္ေနရွာမွာေပါ့။
ကိုဗစ္ရယ္ အျပစ္မဲ့တဲ့ ကေလးေတြရဲ႕ ဘ၀ လြတ္လပ္ခြင့္ေလးေတာ့ေပးသင့္ပါတယ္ကြာ။တျခားကေလးေတြေဆာ့ကစားေနတဲ့ အခ်ိန္မွာ သူကေတာ့ စည္းကမ္းဆိုတဲ့ အရာႀကီးခ်ဳပ္ေႏွာင္ထားတဲ့ ေနရာမွာ ရွင္သန္ေနရတယ္။ကေလးတစ္ေယာက္ စိတ္ဒဏ္ရာ ရသြားရင္ အဲ့ ကေလးက စိတ္ဓာတ္ေပ်ာ့ညံ့သြားတက္တယ္။
တျခားကေလးေတြလိုပဲ သူလည္း မိသားစုနဲ႔တူတူေနခ်င္ရွာမွာေပါ့။မိဘေတြရဲ႕ ရင္ခြင္ထဲမွာ ေႏြးေထြးစြာေနခ်င္ရွာမွာေပါ့။ညီအစ္ကို ေမာင္ႏွမေတြနဲ႔အတူေပ်ာ္ေပ်ာ္ပါးပါးေနခ်င္ရွာမွာေပါ့ ။အျပစ္မဲ့တဲ့ကေလးေတြရဲ႕ ဘဝကို အေရာင္မဆိုးပါနဲ႔ ကိုဗစ္ရယ္။ခရက္ဒစ္
Unicode
အပြစ်ကင်းစင်တဲ့ ကလေးတွေရဲ့ ဘဝကိုတော့ လွတ်လပ်ခွင့်ပေးသင့်ပါတယ် ကိုဗစ်ရယ်
လူနာအမှတ် 2138 ခြောက်နှစ်ကလေးပဲရှိသေးတယ်ငါမင်းနဲ့ အတူတူ ကစားမိချင်ပါတယ်ကလေးရယ်….အမြန်ဆုံးသက်သာပျောက်ကင်းပါစေကလေးရယ်။စိတ်မကောင်းလိုက်တာကွယ်။ဒီအရွယ်ဆိုတာ တခြားကလေးတွေလို ခုန်ပေါက်ပြေးလွှားပြီး ဆော့ကစားနေရမယ့် အရွယ်လေ။မင်းလည်းသူတို့လိုပဲ ဆော့ကစားချင်နေရှာမှာပေါ့။
ကိုဗစ်ရယ် အပြစ်မဲ့တဲ့ ကလေးတွေရဲ့ ဘ၀ လွတ်လပ်ခွင့်လေးတော့ပေးသင့်ပါတယ်ကွာ။တခြားကလေးတွေဆော့ကစားနေတဲ့ အချိန်မှာ သူကတော့ စည်းကမ်းဆိုတဲ့ အရာကြီးချုပ်နှောင်ထားတဲ့ နေရာမှာ ရှင်သန်နေရတယ်။ကလေးတစ်ယောက် စိတ်ဒဏ်ရာ ရသွားရင် အဲ့ ကလေးက စိတ်ဓာတ်ပျော့ညံ့သွားတက်တယ်။
တခြားကလေးတွေလိုပဲ သူလည်း မိသားစုနဲ့တူတူနေချင်ရှာမှာပေါ့။မိဘတွေရဲ့ ရင်ခွင်ထဲမှာ နွေးထွေးစွာနေချင်ရှာမှာပေါ့။ညီအစ်ကို မောင်နှမတွေနဲ့အတူပျော်ပျော်ပါးပါးနေချင်ရှာမှာပေါ့ ။အပြစ်မဲ့တဲ့ကလေးတွေရဲ့ ဘဝကို အရောင်မဆိုးပါနဲ့ ကိုဗစ်ရယ်။ခရက်ဒစ်