Zawgyi
ကလေးအတွက်ဆေးရရှိရေးကျန်းမာရေး ပြန် ကောင်းဘို့တတ်နိုင်သမျှကြိုးစားပေးပြီးကျန်းမာလို့ကျောင်းတက်အရွယ်ရောက်တဲ့အထိ ကျမ တာဝန်ယူစောင့်ရှောက်ပေးသွားပါမယ်ရှင် ။ကျန်ရစ်တဲ့အဘွားဖြစ်သူအတွက်လဲ တတ်နိုင်သလောက် ဆန်၊ဆီ၊မုန့်င်္၊ငွေကြေးကူညီထောက်ပံ့ပေးခဲ့ပြီးကျမရင်ထဲမှာလဲ မကျန်းမာတဲ့ကလေးတွေသာမ က အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ရောဂါခံစားနေရတဲ့ကလေးတွေအတွက် ။
Unicode
မိဘနှစ်ပါးလုံးရောဂါနဲ့ဆုံးပါးသွားတဲ့ ကလေးငယ်ကို ခေါ်ယူစောင့်ရှောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ
ပြည်သူချစ်ပရဟိတမင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကိုတော့ပရိသတ်ကြီး လည်းသိပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။သူမကတော့မိဘမဲ့ကလေး(၃၀)ကျော်ကို မိခင်နဲ့ မခြားကာကွယ်စောင့်ရှောက်ပေးနေတာဖြစ်ပြီး လက်ရှိမှာလည်းမိဘနှစ်ပါးလုံးHIV ကူးစက်ရော ဂါ နဲ့ဆုံးပါးသွားလို့ဒုက္ခရောက်ျနေတဲ့ကလေးလေးကိုကိုယ်တိုင်သွားရောက်ခေါ်ယူကာ စောင့်ရှောက်ပေးခဲ့ တယ်လို့သိရပါတယ်။
အဲဒီအကြောင်းလေးကိုတော့ ခိုင်နှင်းဝေက”အဖေနဲ့ အမေ က တော့ HIV ကူးစက်ရောဂါနဲ့ပဲဆုံးပါးသွားပီးကလေးအမေမသေခင်ကျမဆီဖုန်းဆက်အပ်ခဲ့လို့ မိခင်ရက်လည်အပြီးမှာ သွားခေါ်ဖြစ်ခဲ့ပါတယ် ။ကံဆိုးလွန်းတဲ့သမီးလေးမှာလဲ +ဖြစ်နေလို့စိတ်မကောင်းစွာနဲ့ပဲ HIVကူညီကယ်ဆယ်တဲ့အသင်း “ဆည်းဆာရောင်ခြည်”ဆီမှာပို့ထားရပါတယ် ။
ကလေးအတွက်ဆေးရရှိရေးကျန်းမာရေး ပြန် ကောင်းဘို့တတ်နိူင်သမျှကြိုးစားပေးပြီးကျန်းမာလို့ကျောင်းတက်အရွယ်ရောက်တဲ့အထိ ကျမ တာဝန်ယူစောင့်ရှောက်ပေးသွားပါမယ်ရှင် ။ကျန်ရစ်တဲ့အဘွားဖြစ်သူအတွက်လဲ တတ်နိုင်သလောက် ဆန်၊ဆီ၊မုန့်ၤ၊ငွေကြေးကူညီထောက်ပံ့ပေးခဲ့ပြီးကျမရင်ထဲမှာလဲ မကျန်းမာတဲ့ကလေးတွေသာမ က အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ရောဂါခံစာ းနေရတဲ့ကလေးတွေအတွက် ။
ကယ်တင်စောင့်ရှောက်ပေးဘို့အရိပ်တစ်နေရာ ဖန်တီးချင်စိတ် ပြင်းပြရင်း ကျမကြိုးစားဖို့တွေဒီသမီးလေးကိုကြည့်ပြီး ခွန်အားတွေဖြစ်စေလာခဲ့တယ် ။သမီးလေးအသက်ရှင်ရပ်တည်နိုင်ဖို့ ဝိုင်းဝန်းဆုတောင်းမေတ္တာလေးတွေနဲ့ဆုတောင်းပေး ကြဖို့မျှော်လင့်တောင်းခံပါရစေရှင်”ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာပုံရိပ်လေးတွေနဲ့ အတူဖော်ပြထား ခဲ့တာဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ခိုင်နှင်းဝေ ခေါ်ယူလာတဲ့ သမီးငယ်လေးကျန်းမာရေးအမြန် ကောင်းလာအောင် ဆုတောင်းပေးခဲ့ပါဦးနော်။ခရက်ဒစ်