ေနအိမ္မွာ ေသဆုံးေနသူအေလာင္းကို စစ္ေဆးရာ ကိုဗစ္ပိုးေတြ႕ရွိ
Zawgyi
ေနအိမ္မွာ ေသဆုံးေနသူအေလာင္းကို စစ္ေဆးရာ ကိုဗစ္ပိုးေတြ႕ရွိ
၁၁.၉.၂၀၂၀ ရက္ေန႔ေတြ ကုန္းတေပါင္း ေတာင္ပိုင္း မိုးမခလမ္းတြင္ Lockdown ခ်ထားေသာ( case – 775 { P + } ) ေနထိုင္ေသာအေဆာင္တြင္အေဆာင္ပိုင္ရွင္ အမ်ိဳးသမီးအသက္ႀကီးပိုင္းတစ္ဦးေသဆုံးေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ အေၾကာင္းၾကားေသာေၾကာင့္ ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ ထိုအေလာင္းအား သြားေရာက္ကူညီၿပီးေမဓါဝီေဆး႐ုံပို႔ေဆာင္ေပးခဲ့ပါသည္။
ေနာက္ ၂ ရက္အၾကာတြင္ ေဆး႐ုံမွာ ေဆးစစ္ခ်က္ ရလဒ္ထြက္ေပၚလာရာ ေသဆုံးသူ ထိုအမ်ိဳးသမီးတြင္ { COVIDE -19 )(P+) } ေတြ႕ရွိေၾကာင္းသိရပါတယ္ ။ပုလဲအရန္မီးသတ္က ကိုထင္လင္းေအာင္ကေတာ့ ခုလို Post တင္ထားပါတယ္။
ကြၽန္ေတာ္တို႔ ကူညီလိုက္ေသာေသဆုံးသူ (အမ်ိဳးသမီး) အား က်မ္းမာေရးဌာနာမွ စစ္ေဆးလိုက္သည့္အခါ (Covid -19)ေရာဂါပိုးေတြ႕ရွိ သြားသည့္ျဖစ္သည့္အတြက္ကူညီမႈ႕မ်ား ေခတၱ ရပ္ဆိုင္းပါမည္ခင္ဗ်ာ။
လာေရာက္အကူအညီေတာင္းခံမည့္မိဘျပည္သူမ်ားကိုလည္း အကူအညီျပဳ လႉဒါန္းကုသိုလ္ယူမည့္ ေဝငွျခင္းမ်ားကို ေခတၱရပ္ဆိုင္းထားပါသည္ခင္ဗ်ာအလႉ႔ရွင္မ်ားလည္း ပုလဲအရန္မီးသတ္စခန္းသို႔ လာေရာက္လႉဒါန္းျခင္းမ်ားမျပဳပါရန္ေလးစားစြာျဖင့္ ေမတၱာရပ္ခံအပ္ပါသည္ခင္ဗ်ာ” ဆိုၿပီး တင္ထားတာျဖစ္ပါတယ္။
အားလုံး ေဘးကင္းၾကပါေစ။Htin Lin Aung
Unicode
နေအိမ်မှာ သေဆုံးနေသူအလောင်းကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိ
၁၁.၉.၂၀၂၀ ရက်နေ့တွေ ကုန်းတပေါင်း တောင်ပိုင်း မိုးမခလမ်းတွင် Lockdown ချထားသော( case – 775 { P + } ) နေထိုင်သောအဆောင်တွင်အဆောင်ပိုင်ရှင် အမျိုးသမီးအသက်ကြီးပိုင်းတစ်ဦးသေဆုံးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြောင်းကြားသောကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ထိုအလောင်းအား သွားရောက်ကူညီပြီးမေဓါဝီဆေးရုံပို့ဆောင်ပေးခဲ့ပါသည်။
နောက် ၂ ရက်အကြာတွင် ဆေးရုံမှာ ဆေးစစ်ချက် ရလဒ်ထွက်ပေါ်လာရာ သေဆုံးသူ ထိုအမျိုးသမီးတွင် { COVIDE -19 )(P+) } တွေ့ရှိကြောင်းသိရပါတယ် ။ပုလဲအရန်မီးသတ်က ကိုထင်လင်းအောင်ကတော့ ခုလို Post တင်ထားပါတယ်။
ကျွန်တော်တို့ ကူညီလိုက်သောသေဆုံးသူ (အမျိုးသမီး) အား ကျမ်းမာရေးဌာနာမှ စစ်ဆေးလိုက်သည့်အခါ (Covid -19)ရောဂါပိုးတွေ့ရှိ သွားသည့်ဖြစ်သည့်အတွက်ကူညီမှု့များ ခေတ္တ ရပ်ဆိုင်းပါမည်ခင်ဗျာ။
လာရောက်အကူအညီတောင်းခံမည့်မိဘပြည်သူများကိုလည်း အကူအညီပြု လှူဒါန်းကုသိုလ်ယူမည့် ဝေငှခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်ခင်ဗျာအလှူ့ရှင်များလည်း ပုလဲအရန်မီးသတ်စခန်းသို့ လာရောက်လှူဒါန်းခြင်းများမပြုပါရန်လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။
အားလုံး ဘေးကင်းကြပါစေ။Htin Lin Aung