ကိုဗစ္-၁၉ သံသယ လူနာမ်ားအတြက္ အိမ္မွာကြာရတင္း ဝင္နည္း (အမ်ား သိေအာင္ ရွယ္ထားေပးပါ)
Zawgyi
ကိုဗစ္-၁၉ သံသယ လူနာမ်ားအတြက္ အိမ္မွာ QUARANTINE ဝင္နည္း (အမ်ား သိေအာင္ ရွယ္ထားေပးပါ)
အနံ႔ေပ်ာက္ၿပီး ကိုဗစ္-၁၉သံသယေၾကာင့္ ၁၄ ရက္ျပည့္လို႔ အိမ္မွာ Q ေနစဥ္ ဘာမွမျဖစ္ဘူး ဆိုလွ်င္ ထြက္လို႔ရပါၿပီ။ မိမိအခန္းကို ေန ေရာင္ျပပါ။ ေလဝင္ေလထြက္ေကာင္းေအာင္ထားပါ။ သိပ္လုပ္ခ်င္ရင္ အိပ္ယာခင္း ေခါင္းအုံးစသည္ကို ေလွ်ာ္ၿပီး အခန္းကို Dettol စသည့္ ဆပ္ျပာျဖင့္ သန႔္ရွင္းေရးလုပ္ပါ။
ကိုယ္တိုင္လုပ္ပါ။ အျခားသူကို မခိုင္းပါႏွင့္။ ႀကိတ္ကုမယ့္သူမ်ား အတြက္ေရာ ေဆးကုသေရး ဝန္ထမ္း မ်ား မႏိုင္ဝန္ထမ္း ေနရျခင္းမွ ဝန္ထုတ္ဝန္ပိုးေလ်ာ့က်ေစေရး အတြက္ အႀကံေပးျခင္း ျဖစ္ပါတယ္။
လူတိုင္း အနံ႔ေပ်ာက္မယ္၊ ဖ်ားမယ္၊ Positive သမားနဲ႔ Contact နီးနီးစပ္စပ္ ရွိခဲ့မယ္ဆိုရက္ ဒီလိုအေနအထားေတြမွာ ဘာပဲျဖစ္ျဖစ္ ကိုယ့္ဟာကိုယ္ အိမ္မွာ ၁၄ ရက္ Q ဝင္သင့္ပါတယ္။ဘယႅိဳ Q မလဲ ….အိမ္မွာ အခန္းသီးသန႔္ရွိရင္ ခြဲေနပါ၊ အျခားဘယ္သူမွ အခန္းထဲ မဝင္ပါေစနဲ႔။
အခန္းသီးသန႔္မရွိရင္ ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ကန႔္ၿပီးေနပါ။ ျပတင္း ေပါက္ အၿမဲဖြင့္ထားပါ။ အနီးကို ဘယ္သူမွ မလာပါေစနဲ႔။ကိုယ္တိုင္ Mask ကိုျဖစ္ႏိုင္ရင္ အၿမဲတပ္ထားပါ။ အနားကို ဘယ္သူမွ မလာရင္၊ အလုံပိတ္အခန္းဆိုရင္ မတပ္လို႔ ရပါတယ္။
ေန႔စဥ္စားေသာက္စရာကို အခန္းဝ ခ်ထားခိုင္းၿပီး လူကိုျပန္သြားခိုင္းပါ။ လူမရွိမွ ထြက္ယူပါ။ စားၿပီးပန္းကန္ထည့္ရန္ အခန္းဝတြင္ ဆပ္ ျပာရည္ထည့္ကာ အျမဳပ္ထေအာင္လုပ္ထားေသာ ဇလုံတစ္ခုထားေပးပါ။ ဇလုံထဲသို႔ စားၿပီး ပန္းကန္ခြက္ေယာက္မ်ားကို တန္းထည့္ပါ။
နာရီဝက္ေက်ာ္မွာ အိမ္မွသူမ်ား လာယူပါေစ။ဝတ္ထားေသာအဝတ္မ်ားကိုထည့္ရန္ ႏွစ္ရက္တစ္ခါခန႔္ အခန္းဝတြင္ ဆပ္ျပာရည္ထည့္ကာ အျမဳပ္ထေအာင္လုပ္ထားေသာ ပုံးတစ္ခုထားေပးၿပီး အဆိုပါပုံးအတြင္းသို႔ အဝတ္မ်ား တန္းထည့္ပါ။
နာရီဝက္ေက်ာ္မွ အိမ္မွသူမ်ား လာယူပါေစ။အိမ္သာ ေရခ်ိဳးခန္းသြားမယ္ဆို အိမ္သားေတြကို အကုန္ေရွာင္ေနခိုင္းပါ။ ကိုယ္ျဖတ္သြားခ်ိန္ ဘယ္သူမွ အနားမလာပါေစနဲ႔။ Mask တပ္သြားပါ။ လမ္းတြင္ ဟိုကိုင္ဒီကိုင္မလုပ္ပါႏွင့္။ေန႔စဥ္ စီဗစ္ 500mg (MPF BPI ဆိုလွ်င္ ၅ လုံး) အထိ ေသာက္ႏိုင္ပါသည္။
အားေဆးမ်ားအား ေၾကာက္လန႔္တၾကား အလြန္အကြၽံမေသာက္ပါႏွင့္။ အရမ္းေသာက္ခ်င္လွ်င္ ႀကိဳက္ရာတစ္ မ်ိဳးကိုသာ တစ္ေန႔တစ္လုံးသာ ေသာက္ပါ။ အမ်ိဳးစုံ ၄-၅မ်ိဳးကို တစ္လုံးစီမေသာက္ပါနဲ႔၊ တစ္မ်ိဳးတည္းကိုလဲ တစ္ေန႔ ၂လုံး ၃ လုံးမ ေသာက္ပါနဲ႔။ အားေဆးေသာက္ျခင္းကို အားမေပးပါ။ပါရာစီတေမာ ျဖစ္ႏိုင္လွ်င္ မေသာက္ဖို႔ တိုက္တြန္းပါသည္။
အဖ်ားရွိလွ်င္ေတာင္ အဖ်ားမႀကီးလွ်င္မေသာက္ပါႏွင့္။ ပါရာစီတေမာဝင္လွ်င္ အသည္းက ပိုအလုပ္လုပ္ရပါသည္၊ အစာအိမ္ထိပါသည္။ ကိုဗစ္ေၾကာင့္ ခႏၶာကိုယ္ ဗ်ာမ်ားေနခ်ိန္တြင္ အျခားအလုပ္မ်ား ျဖစ္ႏိုင္သေလာက္မေပးပါႏွင့္။
ပါရာစီတေမာသည္ ကိုယ္ပူ ေခတၱက် ေစတာျဖစ္ၿပီး ကိုဗစ္ကိုမေပ်ာက္ေစ မသက္သာေစႏိုင္ပါ။အျခားဘာေဆးလိုလဲဆို ဘာေဆးမွ မလိုပါ။ ၇၀ ရာခိုင္ႏႈန္းေက်ာ္မွာ လုံးဝမ ဖ်ားဘဲ လူေကာင္းအတိုင္းသာ ကိုဗစ္ေပ်ာက္သြားေသာေၾကာင့္ျဖစ္သည္။
အားရွိေစရန္အတြက္ ၾကက္ဥ၊ အသားငါး၊ ဟင္းသီးဟင္း႐ြက္ မွ်တစြာစားသုံးပါ။ ကိုယ္အေလးခ်ိန္တက္ေလာက္ေအာင္ မစားပါႏွင့္။ အသီး အ႐ြက္မ်ားမ်ားစားပါ၊ ကိုယ္ခံအားတက္ေစမည့္ ဗီတာမင္ႏွင့္ အျခားဓါတ္မ်ားသည္ အသီးအ႐ြက္မ်ားတြင္အဓိကပါသည္ အားေဆးမလိုပါ။
ေန႔စဥ္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ပါ။ ၂နာရီခန႔္ၾကာေအာင္ နားလိုက္ လုပ္လိုက္ျဖင့္ ေခြၽးၿပိဳက္ၿပိဳက္ထြက္သည္အထိလုပ္ပါ။ ေလ့က်င့္ခန္းသည္ ဗိုင္းရပ္စ္ကို တိုက္ထုတ္ႏိုင္ေသာ ကိုယ္ခံအားပိုေကာင္းလာေစသည္။
အသက္ရႉေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။ အဆုံးအထိ ရႉသြင္းၿပီး ေျဖးညႇင္းစြာ ရႉထုတ္သည္ကို ၁၅ မိနစ္ နာရီဝက္ခန႔္ ေန႔စဥ္လုပ္ေပးပါ။ ေဆးလိပ္အရက္ေသာက္သူမ်ား ျဖတ္ထားပါ။ေႏြးေႏြးေထြးေထြးေနပါ။
အေအးမခံပါႏွင့္၊ အဲကြန္းေရွ႕ ပန္ကာေရွ႕ တိုက္႐ိုက္ေလထိသည့္ ေနရာ မေနပါႏွင့္၊ မအိပ္ပါႏွင့္။ ေအးစက္ျခင္းသည္ ကိုယ္ခံအားကိုက်ေစသည္။ ေရခ်ိဳးလွ်င္ ေရေႏြးျဖင့္ခ်ိဳးလွ်င္ပိုေကာင္းသည္။ ညအိပ္ လွ်င္ ရင္ဘတ္ကို ေစာင္တင္ၿပီးအိပ္လွ်င္ ေႏြးေႏြးေထြးေထြးထားလွ်င္ပိုေကာင္းသည္။
ဖ်ားလွ်င္ တန္းၿပီး ေဆး႐ုံသြားရမလားဆို မလိုပါဘူးခင္ဗ်ာ။ဘယ္အခ်ိန္ ေဆး႐ုံသြားရမလဲဆို ကိုယ္ပူခ်ိန္ အရမ္းတက္သြားလွ်င္၊ အသက္ရႉ ၾကပ္လာရင္ေဆး႐ုံကို ဖုန္းဆက္ေခၚပါ။အသက္ရႉၾကပ္လွ်င္ ေဆး႐ုံကားမလာခင္ ဘာမွ ေလွ်ာက္မလုပ္ပါႏွင့္ ေမွာက္ရက္ ေနပါ။
ေမွာက္ ေနလွ်င္ သက္သာပါသည္ တကမာၻလုံး ထိုနည္းသာသုံးပါသည္။မိမိမွာ ဆီးခ်ိဳ ေသြးတိုး ႏွလုံး အသည္း ကင္ဆာ စသည့္ေရာဂါႀကီးမ်ား အခံရွိလွ်င္၊ ေဆးလိပ္အလြန္အကြၽန္ေသာက္သူျဖစ္လွ်င္၊ အသက္ ၇၀ အထက္ျဖစ္လွ်င္ အိမ္မွာ မေနသင့္ပါ၊ အနံ႔ေပ်ာက္သည္ႏွင့္ ေဆး႐ုံသို႔ တန္းသြားပါ။အိမ္မွာ အသက္ရ၀ အထက္ လူႀကီး၊ ေရာဂါအခံရွိသည့္လူႀကီးရွိလွ်င္ မကူးေစရန္ ပိုၿပီးသတိထားပါ။
Ref – ေဒါက္တာေက်ာ္ေက်ာ္စိုင္း (M.B.,B.S. IM1)
Unicode
ကိုဗစ်-၁၉ သံသယ လူနာများအတွက် အိမ်မှာ QUARANTINE ဝင်နည်း (အများ သိအောင် ရှယ်ထားပေးပါ)
အနံ့ပျောက်ပြီး ကိုဗစ်-၁၉သံသယကြောင့် ၁၄ ရက်ပြည့်လို့ အိမ်မှာ Q နေစဉ် ဘာမှမဖြစ်ဘူး ဆိုလျှင် ထွက်လို့ရပါပြီ။ မိမိအခန်းကို နေ ရောင်ပြပါ။ လေဝင်လေထွက်ကောင်းအောင်ထားပါ။ သိပ်လုပ်ချင်ရင် အိပ်ယာခင်း ခေါင်းအုံးစသည်ကို လျှော်ပြီး အခန်းကို Dettol စသည့် ဆပ်ပြာဖြင့် သန့်ရှင်းရေးလုပ်ပါ။
ကိုယ်တိုင်လုပ်ပါ။ အခြားသူကို မခိုင်းပါနှင့်။ ကြိတ်ကုမယ့်သူများ အတွက်ရော ဆေးကုသရေး ဝန်ထမ်း များ မနိုင်ဝန်ထမ်း နေရခြင်းမှ ဝန်ထုတ်ဝန်ပိုးလျော့ကျစေရေး အတွက် အကြံပေးခြင်း ဖြစ်ပါတယ်။
လူတိုင်း အနံ့ပျောက်မယ်၊ ဖျားမယ်၊ Positive သမားနဲ့ Contact နီးနီးစပ်စပ် ရှိခဲ့မယ်ဆိုရက် ဒီလိုအနေအထားတွေမှာ ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ် အိမ်မှာ ၁၄ ရက် Q ဝင်သင့်ပါတယ်။ဘယ္လို Q မလဲ ….အိမ်မှာ အခန်းသီးသန့်ရှိရင် ခွဲနေပါ၊ အခြားဘယ်သူမှ အခန်းထဲ မဝင်ပါစေနဲ့။
အခန်းသီးသန့်မရှိရင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ကန့်ပြီးနေပါ။ ပြတင်း ပေါက် အမြဲဖွင့်ထားပါ။ အနီးကို ဘယ်သူမှ မလာပါစေနဲ့။ကိုယ်တိုင် Mask ကိုဖြစ်နိုင်ရင် အမြဲတပ်ထားပါ။ အနားကို ဘယ်သူမှ မလာရင်၊ အလုံပိတ်အခန်းဆိုရင် မတပ်လို့ ရပါတယ်။
နေ့စဉ်စားသောက်စရာကို အခန်းဝ ချထားခိုင်းပြီး လူကိုပြန်သွားခိုင်းပါ။ လူမရှိမှ ထွက်ယူပါ။ စားပြီးပန်းကန်ထည့်ရန် အခန်းဝတွင် ဆပ် ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ဇလုံတစ်ခုထားပေးပါ။ ဇလုံထဲသို့ စားပြီး ပန်းကန်ခွက်ယောက်များကို တန်းထည့်ပါ။
နာရီဝက်ကျော်မှာ အိမ်မှသူများ လာယူပါစေ။ဝတ်ထားသောအဝတ်များကိုထည့်ရန် နှစ်ရက်တစ်ခါခန့် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ပုံးတစ်ခုထားပေးပြီး အဆိုပါပုံးအတွင်းသို့ အဝတ်များ တန်းထည့်ပါ။
နာရီဝက်ကျော်မှ အိမ်မှသူများ လာယူပါစေ။အိမ်သာ ရေချိုးခန်းသွားမယ်ဆို အိမ်သားတွေကို အကုန်ရှောင်နေခိုင်းပါ။ ကိုယ်ဖြတ်သွားချိန် ဘယ်သူမှ အနားမလာပါစေနဲ့။ Mask တပ်သွားပါ။ လမ်းတွင် ဟိုကိုင်ဒီကိုင်မလုပ်ပါနှင့်။နေ့စဉ် စီဗစ် 500mg (MPF BPI ဆိုလျှင် ၅ လုံး) အထိ သောက်နိုင်ပါသည်။
အားဆေးများအား ကြောက်လန့်တကြား အလွန်အကျွံမသောက်ပါနှင့်။ အရမ်းသောက်ချင်လျှင် ကြိုက်ရာတစ် မျိုးကိုသာ တစ်နေ့တစ်လုံးသာ သောက်ပါ။ အမျိုးစုံ ၄-၅မျိုးကို တစ်လုံးစီမသောက်ပါနဲ့၊ တစ်မျိုးတည်းကိုလဲ တစ်နေ့ ၂လုံး ၃ လုံးမ သောက်ပါနဲ့။ အားဆေးသောက်ခြင်းကို အားမပေးပါ။ပါရာစီတမော ဖြစ်နိုင်လျှင် မသောက်ဖို့ တိုက်တွန်းပါသည်။
အဖျားရှိလျှင်တောင် အဖျားမကြီးလျှင်မသောက်ပါနှင့်။ ပါရာစီတမောဝင်လျှင် အသည်းက ပိုအလုပ်လုပ်ရပါသည်၊ အစာအိမ်ထိပါသည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ် ဗျာများနေချိန်တွင် အခြားအလုပ်များ ဖြစ်နိုင်သလောက်မပေးပါနှင့်။
ပါရာစီတမောသည် ကိုယ်ပူ ခေတ္တကျ စေတာဖြစ်ပြီး ကိုဗစ်ကိုမပျောက်စေ မသက်သာစေနိုင်ပါ။အခြားဘာဆေးလိုလဲဆို ဘာဆေးမှ မလိုပါ။ ၇၀ ရာခိုင်နှုန်းကျော်မှာ လုံးဝမ ဖျားဘဲ လူကောင်းအတိုင်းသာ ကိုဗစ်ပျောက်သွားသောကြောင့်ဖြစ်သည်။
အားရှိစေရန်အတွက် ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက် မျှတစွာစားသုံးပါ။ ကိုယ်အလေးချိန်တက်လောက်အောင် မစားပါနှင့်။ အသီး အရွက်များများစားပါ၊ ကိုယ်ခံအားတက်စေမည့် ဗီတာမင်နှင့် အခြားဓါတ်များသည် အသီးအရွက်များတွင်အဓိကပါသည် အားဆေးမလိုပါ။
နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။ ၂နာရီခန့်ကြာအောင် နားလိုက် လုပ်လိုက်ဖြင့် ချွေးပြိုက်ပြိုက်ထွက်သည်အထိလုပ်ပါ။ လေ့ကျင့်ခန်းသည် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်သော ကိုယ်ခံအားပိုကောင်းလာစေသည်။
အသက်ရှူလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အဆုံးအထိ ရှူသွင်းပြီး ဖြေးညှင်းစွာ ရှူထုတ်သည်ကို ၁၅ မိနစ် နာရီဝက်ခန့် နေ့စဉ်လုပ်ပေးပါ။ ဆေးလိပ်အရက်သောက်သူများ ဖြတ်ထားပါ။နွေးနွေးထွေးထွေးနေပါ။
အအေးမခံပါနှင့်၊ အဲကွန်းရှေ့ ပန်ကာရှေ့ တိုက်ရိုက်လေထိသည့် နေရာ မနေပါနှင့်၊ မအိပ်ပါနှင့်။ အေးစက်ခြင်းသည် ကိုယ်ခံအားကိုကျစေသည်။ ရေချိုးလျှင် ရေနွေးဖြင့်ချိုးလျှင်ပိုကောင်းသည်။ ညအိပ် လျှင် ရင်ဘတ်ကို စောင်တင်ပြီးအိပ်လျှင် နွေးနွေးထွေးထွေးထားလျှင်ပိုကောင်းသည်။
ဖျားလျှင် တန်းပြီး ဆေးရုံသွားရမလားဆို မလိုပါဘူးခင်ဗျာ။ဘယ်အချိန် ဆေးရုံသွားရမလဲဆို ကိုယ်ပူချိန် အရမ်းတက်သွားလျှင်၊ အသက်ရှူ ကြပ်လာရင်ဆေးရုံကို ဖုန်းဆက်ခေါ်ပါ။အသက်ရှူကြပ်လျှင် ဆေးရုံကားမလာခင် ဘာမှ လျှောက်မလုပ်ပါနှင့် မှောက်ရက် နေပါ။
မှောက် နေလျှင် သက်သာပါသည် တကမ္ဘာလုံး ထိုနည်းသာသုံးပါသည်။မိမိမှာ ဆီးချို သွေးတိုး နှလုံး အသည်း ကင်ဆာ စသည့်ရောဂါကြီးများ အခံရှိလျှင်၊ ဆေးလိပ်အလွန်အကျွန်သောက်သူဖြစ်လျှင်၊ အသက် ၇၀ အထက်ဖြစ်လျှင် အိမ်မှာ မနေသင့်ပါ၊ အနံ့ပျောက်သည်နှင့် ဆေးရုံသို့ တန်းသွားပါ။အိမ်မှာ အသက်ရ၀ အထက် လူကြီး၊ ရောဂါအခံရှိသည့်လူကြီးရှိလျှင် မကူးစေရန် ပိုပြီးသတိထားပါ။
Ref – ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)