ဆိုင္းသမားဘဝတုန္းက ဦးေဗလုဝရဲ့ ေက်းဇူးတစ္ခုကို ေျပာျပလာတဲ့ လူ ရႊင္ေတာ္ ဒိန္းေဒါင္

Zawgyi

ဆိုင္း သမားဘဝ တုန္းက ဦးေဗလုဝ ရဲ့ ေက်းဇူးတစ္ခုကို ေျပာျပလာတဲ့ လူ ရႊင္ေတာ္ ဒိန္းေဒါင္

႐ုပ္​ရွင္ ​ဗီဒီယို​ေလာကရဲ့ နာမည္​ႀကီး ဟာသသ႐ုပ္​​ေဆာင္​တစ္​ဦးအျဖစ္​ ရပ္​တည္​​ေနသူ ဒိန္း​ေဒါင္​က​ေတာ့ သူ သ႐ုပ္​​ေဆာင္​​ေလာထဲကို မဝင္​​ေရာက္​ခင္​ကတည္းက ကူညီ​ေပးခဲ့တဲ့ ​ေက်းဇူးရွိသူတစ္​ဦးအ​ေၾကာင္းကို ထုတ္​​ေဖာ္​​ေျပာၾကားခဲ့တယ္​။

အဲ့တာက​ေတာ့ စာ​ေရးဆရာတစ္​ဦးလည္းျဖစ္​ ဝါရင့္ဟာသသ႐ုပ္​​ေဆာင္​ႀကီးလည္းျဖစ္​တဲ့ ဦး​ေဗလုဝပဲျဖစ္​ပါတယ္​။“ ဦးေဗဆိုတာက ဒိန္းေဒါင္ရယ္လို႔ ပရိသတ္သိေအာင္ လုပ္ေပးခဲ့တဲ့ လူေတြထဲမွာ သူက ထိပ္ဆုံးကပါ။

အရင္တုန္းက ဆိုင္းဝိုင္းေတြ ေနာက္လိုက္ဘဝမွာ ကိုယ္က သြက္သြက္လက္လက္ ျပတ္လုံး ျပတ္တတ္ေတာ့ သူ႔ထက္အရင္ေက်ာ္မွာစိုးၿပီး မေခၚၾကတဲ့ လူေတြရွိခဲ့ေပမယ့္ ေဗႀကီးကေတာ့ ကၽြန္ေတာ့္ကို ေခၚသုံးေပးတယ္။

ဒိန္းေဒါင္ဆိုတာ ျဖစ္လာတဲ့ နာဂလွိုင္ဂူဘုရားပြဲမွာဆိုရင္ ဦးေဗက ကၽြန္ေတာ္တို႔ အဖြဲ႕ကို လာကူညီေပးတယ္။ ပရိသတ္ေတြကလည္း ေဗလုဝလာမယ္ဆိုေတာ့ စုျပဳံၿပီးေရာက္ေနၾကတာေပါ့။

ဦးေဗက ဧည့္သည္ဆိုေတာ့ သီခ်င္းဆို ျပတ္လုံးနည္းနည္းျပတ္ၿပီး ျပန္သြားေပမယ့္ ဆက္ၿပီးေတာ့ ကၽြန္ေတာ္တို႔က ျပတ္လုံးျပတ္ၾကတဲ့ အခ်ိန္မွာ မွတ္တမ္းဗီဒီယိုေလးရိုက္ထားရင္းနဲ႔ ပရိသတ္ၾကားထဲ ေရာက္သြားတာေပါ့” လို႔ ဒိန္း​ေဒါင္​က ဦး​ေဗကူညီခဲ့ပုံ​ေလး​ေတြကို ​ေျပာျပခဲ့ပါတယ္​။

ဒိန္း​ေဒါင္​က​ေတာ့ အႏုပညာ​ေလာကထဲ​ေရာက္​ရွိၿပီးခ်ိန္​မွာလည္း ရင္းႏွီးခဲ့တဲ့ လူရႊင္ေတာ္ ရွက္တယ္၊ ထင္ေပၚ တို႔ဟာ ႏွစ္ေယာက္ဟာ သူ႔အတြက္ ေက်းဇူးရွင္ေတြပါပဲလို႔ သူက ေျပာပါတယ္။

ဒိန္း​ေဒါင္​က​ေတာ့ ႐ုပ္​ရွင္​ဗီဒီယို​ေလာကမွာ နာမည္​ႀကီးဟာသသ႐ုပ္​​ေဆာင္​ျဖစ္​႐ုံသာမက တီဗီ​ေၾကာ္​ျငာ​ေတြနဲ႔ အစီအစဥ္​တင္​ဆက္​သူအျဖစ္​ လုပ္​ကိုင္​​ေနရသူလည္းျဖစ္​ပါတယ္​။

သူက​ေတာ့ “ ကိုယ္ကေတာ့ ေက်းဇူးရွိခဲ့ဖူးသူေတြအားလုံးကို တတ္နိုင္သေလာက္ ကူညီပါတယ္။ လူရႊင္ေတာ္ ရွက္တယ္ဆိုရင္ ကၽြန္ေတာ္ ေတာ္ေတာ္အဆင္မေျပတုန္းက ေငြ(၂၄၀၀)ေပးဖူးတယ္။ သူေသဆုံးသြားတဲ့ အခ်ိန္မွာ ရလာတဲ့ ကူေငြေတြကို မိဘမဲ့ကေလး(၅) ေယာက္ကို ရွင္ျပဳေပးခဲ့တယ္။

ထင္ေပၚေသတုန္းကလည္း သူ႔အိမ္မသြားနိုင္ေပမယ့္ ေကာင္းမႈေလးေတြ လုပ္ေလ့ရွိပါတယ္။ ကၽြန္ေတာ္က ေက်းဇူးသိတတ္တဲ့လူတစ္ေယာက္ပါ” ဆိုၿပီးေတာ့ ​ေက်းဇူးရွင္​​ေတြနဲ႔ ​သူျပန္​လည္​​ေက်းဇူးသိတတ္​ပုံ​ေတြကို ​ေျပာျပ​ခဲ့ပါတယ္​။

ပရိသတ္​ႀကီး​ေရ ကိုယ့္အ​ေပၚ​ေက်းဇူးျပဳဖူးသူကို ​ေက်းဇူးသိတတ္​ျခင္းဟာလည္းမဂၤလာတစ္​ပါးပါပဲ​ေနာ္​။ ​ေက်းဇူးသိတတ္​သူျဖစ္​တဲ့ ဒိန္း​ေဒါင္​တစ္​​ေယာက္​လည္း ဒီထက္​ပို​ေအာင္​ျမင္​တဲ့ ႏုပညာရွင္​တစ္​ဦးအျဖစ္​ အႏုပညာခရီးလမ္းကို​ေလၽွာက္​လွမ္းနိုင္​ပါ​ေစလို႔ ဆု​ေတာင္း​ေပးလိုက္​ပါတယ္​။

Yin Khat Pan ( Writer – LLA )

Unicode

ဆိုင်း သမားဘဝ တုန်းက ဦးဗေလုဝ ရဲ့ ကျေးဇူးတစ်ခုကို ပြောပြလာတဲ့ လူ ရွှင်တော် ဒိန်းဒေါင်

ရုပ်ရှင် ဗီဒီယိုလောကရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေသူ ဒိန်းဒေါင်ကတော့ သူ သရုပ်ဆောင်လောထဲကို မဝင်ရောက်ခင်ကတည်းက ကူညီပေးခဲ့တဲ့ ကျေးဇူးရှိသူတစ်ဦးအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တယ်။

အဲ့တာကတော့ စာရေးဆရာတစ်ဦးလည်းဖြစ် ဝါရင့်ဟာသသရုပ်ဆောင်ကြီးလည်းဖြစ်တဲ့ ဦးဗေလုဝပဲဖြစ်ပါတယ်။“ ဦးဗေဆိုတာက ဒိန်းဒေါင်ရယ်လို့ ပရိသတ်သိအောင် လုပ်ပေးခဲ့တဲ့ လူတွေထဲမှာ သူက ထိပ်ဆုံးကပါ။

အရင်တုန်းက ဆိုင်းဝိုင်းတွေ နောက်လိုက်ဘဝမှာ ကိုယ်က သွက်သွက်လက်လက် ပြတ်လုံး ပြတ်တတ်တော့ သူ့ထက်အရင်ကျော်မှာစိုးပြီး မခေါ်ကြတဲ့ လူတွေရှိခဲ့ပေမယ့် ဗေကြီးကတော့ ကျွန်တော့်ကို ခေါ်သုံးပေးတယ်။

ဒိန်းဒေါင်ဆိုတာ ဖြစ်လာတဲ့ နာဂလှိုင်ဂူဘုရားပွဲမှာဆိုရင် ဦးဗေက ကျွန်တော်တို့ အဖွဲ့ကို လာကူညီပေးတယ်။ ပရိသတ်တွေကလည်း ဗေလုဝလာမယ်ဆိုတော့ စုပြုံပြီးရောက်နေကြတာပေါ့။

ဦးဗေက ဧည့်သည်ဆိုတော့ သီချင်းဆို ပြတ်လုံးနည်းနည်းပြတ်ပြီး ပြန်သွားပေမယ့် ဆက်ပြီးတော့ ကျွန်တော်တို့က ပြတ်လုံးပြတ်ကြတဲ့ အချိန်မှာ မှတ်တမ်းဗီဒီယိုလေးရိုက်ထားရင်းနဲ့ ပရိသတ်ကြားထဲ ရောက်သွားတာပေါ့” လို့ ဒိန်းဒေါင်က ဦးဗေကူညီခဲ့ပုံလေးတွေကို ပြောပြခဲ့ပါတယ်။

ဒိန်းဒေါင်ကတော့ အနုပညာလောကထဲရောက်ရှိပြီးချိန်မှာလည်း ရင်းနှီးခဲ့တဲ့ လူရွှင်တော် ရှက်တယ်၊ ထင်ပေါ် တို့ဟာ နှစ်ယောက်ဟာ သူ့အတွက် ကျေးဇူးရှင်တွေပါပဲလို့ သူက ပြောပါတယ်။

ဒိန်းဒေါင်ကတော့ ရုပ်ရှင်ဗီဒီယိုလောကမှာ နာမည်ကြီးဟာသသရုပ်ဆောင်ဖြစ်ရုံသာမက တီဗီကြော်ငြာတွေနဲ့ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေရသူလည်းဖြစ်ပါတယ်။

သူကတော့ “ ကိုယ်ကတော့ ကျေးဇူးရှိခဲ့ဖူးသူတွေအားလုံးကို တတ်နိုင်သလောက် ကူညီပါတယ်။ လူရွှင်တော် ရှက်တယ်ဆိုရင် ကျွန်တော် တော်တော်အဆင်မပြေတုန်းက ငွေ(၂၄၀၀)ပေးဖူးတယ်။ သူသေဆုံးသွားတဲ့ အချိန်မှာ ရလာတဲ့ ကူငွေတွေကို မိဘမဲ့ကလေး(၅) ယောက်ကို ရှင်ပြုပေးခဲ့တယ်။

ထင်ပေါ်သေတုန်းကလည်း သူ့အိမ်မသွားနိုင်ပေမယ့် ကောင်းမှုလေးတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်က ကျေးဇူးသိတတ်တဲ့လူတစ်ယောက်ပါ” ဆိုပြီးတော့ ကျေးဇူးရှင်တွေနဲ့ သူပြန်လည်ကျေးဇူးသိတတ်ပုံတွေကို ပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးရေ ကိုယ့်အပေါ်ကျေးဇူးပြုဖူးသူကို ကျေးဇူးသိတတ်ခြင်းဟာလည်းမင်္ဂလာတစ်ပါးပါပဲနော်။ ကျေးဇူးသိတတ်သူဖြစ်တဲ့ ဒိန်းဒေါင်တစ်ယောက်လည်း ဒီထက်ပိုအောင်မြင်တဲ့ နုပညာရှင်တစ်ဦးအဖြစ် အနုပညာခရီးလမ်းကိုလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Yin Khat Pan ( Writer – LLA )