အင္းစိန္ၿမိဳ႕နယ္ အထက ၂ ေက်ာင္းမွ ေက်ာင္းသား ၄ ဦးႏွင့္ ဆရာမ၁ ဦးတြင္ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိ
Zawgyi
အင္းစိန္ၿမိဳ႕နယ္ အထက ၂ ေက်ာင္းမွ ေက်ာင္းသား ၄ ဦးႏွင့္ ဆရာမ ၁ ဦးတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိ
Tuesday, September 15, 2020
အင္းစိန္ၿမိဳ႕နယ္ အထက ၂ ေက်ာင္းမွ ေက်ာင္းသား ၄ ဦးႏွင့္ ဆရာမ ၁ ဦးတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာၾကားလိုက္ပါတယ္။
အင္းစိန္ၿမိဳ႕နယ္ အထက (၂) ေက်ာင္းမွ ၉ တန္းေက်ာင္းသားတစ္ဦးတြင္ COVID-19 ေတြ႕ခဲ့သည့္ အတြက္ တစ္ခန္း တည္း စာသင္ၾကားရသည့္ ေက်ာင္းသား ေက်ာင္းသူ ၃၅ ဦးႏွင့္ ဆရာ/ဆရာမမ်ား အားQuarantine ဝင္ခိုင္းခဲ့ကာ
ပထမဆုံးအႀကိမ္ ဓာတ္ခြဲနမူနာ စစ္ေဆးစဥ္ ပိုးမေတြ႕ (Negative) ခဲ့ေသာ္လည္း ဒုတိယ အႀကိမ္ စစ္ေဆးရာ ေက်ာင္းသား ၄ ဦးႏွင့္ ဆရာမတစ္ဦးသည္ ေရာဂါပိုးကူးစက္ခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဦးေဝၿဖိဳးဟန္၏ ေျပာၾကားခ်က္အရ ပိုးေတြ႕လူနာမ်ားမွာ အထက ၁ ေက်ာင္းသား၊ အင္းစိန္ၿမိဳ႕နယ္ ႐ြာမအေရွ႕ရပ္ကြက္၊ သရက္ေတာလမ္း၊(စဥ့္ငူက ထ၂ ကိုးတန္းေက်ာင္းသား contact)၊အထက ၂ ေက်ာင္းသား၊ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ)ရပ္ကြက္၊ က/၇လမ္း၊ (စဥ့္ငူက ထ၂ ကိုးတန္းေက်ာင္းသား contact)၊ အထက ၂ ေက်ာင္းသား၊အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္၊ ေညာင္တစ္ပင္လမ္း၊
(စဥ့္ငူက ထ၂ ကိုးတန္းေက်ာင္းသား contact)၊ အထက ၂ ေက်ာင္းသား၊ အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္၊ ဓနသိဒၶိလမ္း၊(စဥ့္ငူက ထ၂ ကိုးတန္းေက်ာင္းသား contact) ႏွင့္ အထက ၂ ေက်ာင္းဆရာမ၊ အင္းစိန္ၿမိဳ႕နယ္၊ ေဈးကုန္းအေရွ႕ရပ္ကြက္၊ မီးရထားအရာရွိရိပ္သာ၊ (စဥ့္ငူက ထ၂ ကိုးတန္းေက်ာင္းသား contact)တို႔ ျဖစ္တယ္လို႔ဆိုပါတယ္။
အလားတူ အင္းစိန္ၿမိဳ႕နယ္တြင္ ေဆးမႉးအမ်ိဳးသမီး၊ ဗဟိုစည္ေဆးခန္း၊ အင္းစိန္ၿမိဳ႕နယ္၊ စဥ့္ငူရပ္ကြက္၊ ၅ခန္းတြဲ၊ ၅လမ္း၊ (Case-1665 ၏ contact) တစ္ဦးမွာလည္း ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိတယ္လို႔ဆိုပါတယ္။
Crd : Myanmar Platform
Unicode
အင်းစိန်မြို့နယ် အထက ၂ ကျောင်းမှ ကျောင်းသား ၄ ဦးနှင့် ဆရာမ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Tuesday, September 15, 2020
အင်းစိန်မြို့နယ် အထက ၂ ကျောင်းမှ ကျောင်းသား ၄ ဦးနှင့် ဆရာမ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားလိုက်ပါတယ်။
အင်းစိန်မြို့နယ် အထက (၂) ကျောင်းမှ ၉ တန်းကျောင်းသားတစ်ဦးတွင် COVID-19 တွေ့ခဲ့သည့် အတွက် တစ်ခန်း တည်း စာသင်ကြားရသည့် ကျောင်းသား ကျောင်းသူ ၃၅ ဦးနှင့် ဆရာ/ဆရာမများ အားQuarantine ဝင်ခိုင်းခဲ့ကာ
ပထမဆုံးအကြိမ် ဓာတ်ခွဲနမူနာ စစ်ဆေးစဉ် ပိုးမတွေ့ (Negative) ခဲ့သော်လည်း ဒုတိယ အကြိမ် စစ်ဆေးရာ ကျောင်းသား ၄ ဦးနှင့် ဆရာမတစ်ဦးသည် ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဦးဝေဖြိုးဟန်၏ ပြောကြားချက်အရ ပိုးတွေ့လူနာများမှာ အထက ၁ ကျောင်းသား၊ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက်၊ သရက်တောလမ်း၊(စဉ့်ငူက ထ၂ ကိုးတန်းကျောင်းသား contact)၊အထက ၂ ကျောင်းသား၊ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ က/၇လမ်း၊ (စဉ့်ငူက ထ၂ ကိုးတန်းကျောင်းသား contact)၊ အထက ၂ ကျောင်းသား၊အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ညောင်တစ်ပင်လမ်း၊
(စဉ့်ငူက ထ၂ ကိုးတန်းကျောင်းသား contact)၊ အထက ၂ ကျောင်းသား၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဓနသိဒ္ဓိလမ်း၊(စဉ့်ငူက ထ၂ ကိုးတန်းကျောင်းသား contact) နှင့် အထက ၂ ကျောင်းဆရာမ၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ မီးရထားအရာရှိရိပ်သာ၊ (စဉ့်ငူက ထ၂ ကိုးတန်းကျောင်းသား contact)တို့ ဖြစ်တယ်လို့ဆိုပါတယ်။
အလားတူ အင်းစိန်မြို့နယ်တွင် ဆေးမှူးအမျိုးသမီး၊ ဗဟိုစည်ဆေးခန်း၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ ၅ခန်းတွဲ၊ ၅လမ်း၊ (Case-1665 ၏ contact) တစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ဆိုပါတယ်။
Crd : Myanmar Platform