ေမတၱာစစ္ရင္ စူးပါတယ္

Zawgyi

ေမတၱာစစ္ရင္ စူးပါတယ္

ဘယ္ေတာ့မွနားမလည္ႏိုင္ပါဘူး တခ်ိဳ႕ေယာက္်ားေတြဟာ ကိုယ့္ကိုအရမ္းခ်စ္တဲ့ မိန္းမတစ္ေယာက္ကိုဘာေၾကာင့္မ်ား စိတ္ဆင္းရဲေအာင္ ျပဳမူဆက္ဆံသလဲတန္ဖိုးမထားသလဲဆိုတာကို

ကိုယ့္အတြက္ဆို ဘာမဆိုရင္ဆိုင္ဖို႔အသင့္ရွိတဲ့မိန္းမ ကိုယ္နဲ႔ဆိုဘယ္ဘဝေရာက္ေရာက္ လက္တြဲမျဖဳတ္ဘူးဆိုတာ ေသခ်ာေနၿပီးသားမိန္းမစားဖို႔ထမင္းတစ္ပန္းကန္တည္းရွိရင္ေတာင္ အဲ့ဒီတစ္ပန္းကန္ကို ကိုယ့္ကိုပဲေကြၽးမယ့္အထိ

ခ်စ္တတ္တဲ့မိန္းမ ကိုယ့္အတြက္ဘယ္ေလာက္ထိ ေပးဆပ္ရဲခ်စ္ျပရဲမွန္းသိေနတဲ့မိန္းမကို ဘာလို႔မ်ားတန္ဖိုးမထားပါလိမ့္ေပါ့ ဒီမိန္းမအျပင္ တျခားမိန္းမေတြကလည္း အဲ့ဒီလိုအခ်စ္မ်ိဳးနဲ႔ ကိုယ့္ကိုခ်စ္ဦးမွာပါဆိုတဲ့ အေတြးမ်ိဳးေၾကာင့္လား

ေပးဆပ္လြန္းတဲ့အခါ တန္ဖိုးထားစရာလို႔မျမင္ေတာ့ပဲ ပိုပိုၿပီးေအာက္က်ေစခ်င္တာလားငါမရွိရင္မျဖစ္ဘူးဆိုတဲ့ အသိစိတ္နဲ႔ ငါလုပ္ခ်င္တာ ငါလုပ္မယ္ဆိုၿပီး ကြၽန္သာသာေနရာမွာထားခ်င္တာလား

ေလာကမွာ ကိုယ့္အတြက္ေသမတူရွင္မကြာ ပါရမီျဖည့္ဖက္ထက္ တဏွာနဲ႔အျပင္ပန္း အလွအပေတြကိုပဲ မက္ေမာေနတာလား……အမွန္တကယ္ဆို မိန္းကေလးဘက္က အတင္းႀကီး လိုက္ကပ္လို႔ ခ်စ္သူရည္းစားျဖစ္သြားတယ္ဆိုတာ

ရွားပါတယ္ ေယာက္်ားေလးေတြကပဲ မရခင္က အသည္းအသန္ ခ်စ္ျပ ၾကင္နာျပနဲ႔ မိန္းမေတြတကယ္ခ်စ္ၿပီး ကိုယ့္ဘဝထဲ ပစ္ဝင္လာမယ့္ အခ်ိန္က်ေတာ့ ေရွာင္ဖယ္ေျပးရတာ ေပ်ာ္ၾကရဲ႕လား……

အဲ့လိုမ်ိဳး တစ္ဘဝလုံးစာအတြက္မရည္႐ြယ္ခဲ့ဘူးဆိုရင္ သူ႔မာန္နဲ႔သူ သူ႔အလွနဲ႔သူ သူ႔အသိုင္းအဝိုင္းနဲ႔သူတင့္တယ္ေနၿပီးသားမိန္းမတေယာက္ကို မလွည့္ျဖားသင့္ဘူး ထင္တာပဲ ကိုယ့္ကိုအရမ္းခ်စ္မွန္းသိေနရက္နဲ႔

တဖက္မိန္းကေလးကို မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေအာင္ အႏိုင္က်င့္ၿပီးစိတ္ဆင္းရဲေအာင္ထားတဲ့ေယာက္်ားေလးေတြကိုေတာ့ ဆုေတာင္းေပးခ်င္တယ္……အကယ္၍ သူမနဲ႔ လြဲခဲ့ေသာ္ သူမဆီကရခဲ့သလိုခ်စ္ျခင္းေမတၱာမ်ိဳး ေနာက္ထပ္ ဘယ္သူ႔ဘယ္သူဆီကမွ ထပ္မရပါေစနဲ႔ေပါ့……

Unicode

မေတ္တာစစ်ရင် စူးပါတယ်

ဘယ်တော့မှနားမလည်နိုင်ပါဘူး တချို့ယောက်ျားတွေဟာ ကိုယ့်ကိုအရမ်းချစ်တဲ့ မိန်းမတစ်ယောက်ကိုဘာကြောင့်များ စိတ်ဆင်းရဲအောင် ပြုမူဆက်ဆံသလဲတန်ဖိုးမထားသလဲဆိုတာကို

ကိုယ့်အတွက်ဆို ဘာမဆိုရင်ဆိုင်ဖို့အသင့်ရှိတဲ့မိန်းမ ကိုယ်နဲ့ဆိုဘယ်ဘဝရောက်ရောက် လက်တွဲမဖြုတ်ဘူးဆိုတာ သေချာနေပြီးသားမိန်းမစားဖို့ထမင်းတစ်ပန်းကန်တည်းရှိရင်တောင် အဲ့ဒီတစ်ပန်းကန်ကို ကိုယ့်ကိုပဲကျွေးမယ့်အထိ

ချစ်တတ်တဲ့မိန်းမ ကိုယ့်အတွက်ဘယ်လောက်ထိ ပေးဆပ်ရဲချစ်ပြရဲမှန်းသိနေတဲ့မိန်းမကို ဘာလို့များတန်ဖိုးမထားပါလိမ့်ပေါ့ ဒီမိန်းမအပြင် တခြားမိန်းမတွေကလည်း အဲ့ဒီလိုအချစ်မျိုးနဲ့ ကိုယ့်ကိုချစ်ဦးမှာပါဆိုတဲ့ အတွေးမျိုးကြောင့်လား

ပေးဆပ်လွန်းတဲ့အခါ တန်ဖိုးထားစရာလို့မမြင်တော့ပဲ ပိုပိုပြီးအောက်ကျစေချင်တာလားငါမရှိရင်မဖြစ်ဘူးဆိုတဲ့ အသိစိတ်နဲ့ ငါလုပ်ချင်တာ ငါလုပ်မယ်ဆိုပြီး ကျွန်သာသာနေရာမှာထားချင်တာလား

လောကမှာ ကိုယ့်အတွက်သေမတူရှင်မကွာ ပါရမီဖြည့်ဖက်ထက် တဏှာနဲ့အပြင်ပန်း အလှအပတွေကိုပဲ မက်မောနေတာလား……အမှန်တကယ်ဆို မိန်းကလေးဘက်က အတင်းကြီး လိုက်ကပ်လို့ ချစ်သူရည်းစားဖြစ်သွားတယ်ဆိုတာ

ရှားပါတယ် ယောက်ျားလေးတွေကပဲ မရခင်က အသည်းအသန် ချစ်ပြ ကြင်နာပြနဲ့ မိန်းမတွေတကယ်ချစ်ပြီး ကိုယ့်ဘဝထဲ ပစ်ဝင်လာမယ့် အချိန်ကျတော့ ရှောင်ဖယ်ပြေးရတာ ပျော်ကြရဲ့လား……

အဲ့လိုမျိုး တစ်ဘဝလုံးစာအတွက်မရည်ရွယ်ခဲ့ဘူးဆိုရင် သူ့မာန်နဲ့သူ သူ့အလှနဲ့သူ သူ့အသိုင်းအဝိုင်းနဲ့သူတင့်တယ်နေပြီးသားမိန်းမတယောက်ကို မလှည့်ဖြားသင့်ဘူး ထင်တာပဲ ကိုယ့်ကိုအရမ်းချစ်မှန်းသိနေရက်နဲ့

တဖက်မိန်းကလေးကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင် အနိုင်ကျင့်ပြီးစိတ်ဆင်းရဲအောင်ထားတဲ့ယောက်ျားလေးတွေကိုတော့ ဆုတောင်းပေးချင်တယ်……အကယ်၍ သူမနဲ့ လွဲခဲ့သော် သူမဆီကရခဲ့သလိုချစ်ခြင်းမေတ္တာမျိုး နောက်ထပ် ဘယ်သူ့ဘယ်သူဆီကမှ ထပ်မရပါစေနဲ့ပေါ့……