အမေရိကန်ကTikTok နဲ့ WeChat appတို့ကို ဒီနေ့ကစပိတ်ပင်လိုက်ပြီ
Zawgyi
Unicode
အမေရိကန်က TikTok နဲ့ WeChat တို့ကို ဒီနေ့ကစ ပိတ်ပင်လိုက်ပြီ
TikTokကိုတော့ သိပ်မထိခိုက်ပါဘူး။TikTok ဖုန်းမှာထည့်ထားသူတွေဆက်သုံးလို့ရမှာဖြစ်ပေမယ့်Update မရတော့ပါဘူး။အမေရိကန်ကGoogle Play Store နဲ့ Apple App Store တွေမှာသူ့ကိုဖယ်ရှားလိုက်ပါပြီ။အခုမှစသုံးမယ့်သူတွေဟာလည်း အဲဒီApp Store တွေကနေအင်စတောလုပ်လို့မရတော့ပါဘူး။
WeChat ကတော့ ဆိုးဆိုးရွားရွားထိခိုက်မှာပါ။အမေရိကန်မှာ WeChat ကနေ အင်တာနက်လိုင်းသုံးလိုမရတော့သလို ငွေလွှဲတာ အပါအဝင်App ရဲ့ဝန်ဆောင်မှုတွေကိုလည်းပိတ်လိုက်ပါပြီ။ သဘောကတော့ အမေရိကန်မှာWeChat ကိုလုံးဝသုံးလို့မရတော့တာပါ။
အခု ဥပဒေဟာTikTok အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့အထိအကျုံးဝင်မှာပါ။ အဲဒီကာလအတွင်းမှာ ပိုင်ရှင် ByteDance ဟာ လုပ်ငန်းကိုအမေရိကန် ကုမ္ပဏီ ၁ ခုကို ရောင်းဖို့ သဘောတူလိုက်မယ်ဆိုရင် ပိတ်ပင်မှုတွေပယ်ဖျက်ပေးမှာပါ။
သဘောမတူဘူးဆိုရင် နိုဝင်ဘာလ ၁၂ ရက်နေ့ နောက်ပိုင်းမှာ TikTok ကို လုံးဝ သုံးလို့ မရအောင် ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။အခု ပိတ်ပင်မှုတွေဟာ အမေရိကန်မှာပဲ အကျုံးဝင်တာ ဖြစ်ပြီး တခြား ကမ္ဘာ့ နိုင်ငံတွေမှာ TikTok နဲ့ WeChat ကို ဆက်သုံးလို့ ရပါတယ်။ခရက်ဒစ်