Zawgyi
Unicode
လယ်တည်ဆရာတော် စီမံခဲ့သည့် ကပ်ရောဂါဘေးမှ ကျော်လွှားနိုင်စေတဲ့ လောကီအစီအရင်
ကျေးဇူးတော်ရှင် လယ်တည်ဆရာတော်ဘုရားကြီး စီမံခဲ့သည့် လောကီရေးရာ အစီအရင်တစ်ခုဖြစ်ပါတယ်။ကပ်ရောဂါကင်းဝေး လွတ်မြောက်စေရန် လယ်တည်ဆရာတော် ဘုရားကြီးစီမံခဲ့သော လောကီအစီအရင်ဖြစ်ပါ၍ လိုသောသူများယူပါ။
ကပ်ရောဂါများကင်းဝေးစေရန် အတွက် ရှေးယခင်အခါ လယ်တည်ဆရာတော်ဘုရားကြီး ရှိစဉ်က စီမံခဲ့သောလောကီအစီအရင်နှင့် မြတ်စွာဘုရားပုံတော်ဖြစ်ပါသည်။ သံဂုံ ပမယ အဝင်အထွက် စမပုံများသည် နဂိုမူရင်း ပုံတော်များဖြစ်ပါသည်။
မူရင်း ဖြူမဲ ဓါတ်ပုံတော်အား ဓမ္မဓါနပြုသူ ဇော်မြတ်မင်း (မြစကြာကျောင်းသား) သာသနာနုဂ္ဂဟ အသင်းသားမှအချိုးကျပြန်၍ ပြုလုပ်ခြင်း၊ပျက်နေသောနေရာများအားအနည်းငယ်ပြင်ဆင်ခြင်းနှင့် နောက်ခံကာလာ/ကနုတ်ဘောင်များထည့်ထားခြင်းတို့ကလွဲပြီးအခြားပြင်ဆင်ထားမှုများမရှိပဲ မူရင်းပုံမပျက် ပြုပြင်ပူဇော်ထားခြင်းဖြစ်ပါတယ်။
လိုအပ်သူများ A4 ဆိုဒ် ဓါတ်ပုံ(သို့)ကာလာပရင့်ထုတ်၍ ပလ္လင်ခုံအောက်ခြေ အဖြူကွက်အတွင်း၌ ကို/မ(ဘယ်သူ)၊ဘာနေ့သား (ဥပမာအင်္ဂါ) နေ့သား၊ မွေးသက္ကရာဇ် (ခုနှစ် လ ရက်ရေး) ကာ
ယခုမှ စ၍ မြတ်စွာဘုရားရှင်၏ မေတ္တာဓါတ်ကြောင့် ကျန်းမာချမ်းသာကာ ဘေးရောဂါများ ကင်းဝေးပါစေဟု ရေးသားပြီး နေအိမ်တွင်ပူဇော်ထားပါ။
လိုအပ်သူများ A4 ဆိုဒ် ဓါတ်ပုံ(သို့)ကာလာပရင့်ထုတ်၍ ပလ္လင်ခုံအောက်ခြေ အဖြူကွက်အတွင်း၌ကို/မ(ဘယ်သူ)၊ ဘာနေ့သား (ဥပမာအင်္ဂါ) နေ့သား၊ မွေးသက္ကရာဇ် (ခုနှစ် လ ရက်ရေး) ကာ
ယခုမှ စ၍ မြတ်စွာဘုရားရှင်၏ မေတ္တာဓါတ်ကြောင့် ကျန်းမာချမ်းသာကာဘေးရောဂါများ ကင်းဝေးပါစေဟု ရေးသားပြီး နေအိမ်တွင်ပူဇော်ထားပါ။
(ဆုတောင်းစာအားနှစ်သက်သလိုရေးနိုင်ပါသည်) လိုင်းပေါ်တွင် ပထမဆုံးဖြူမဲဓါတ်ပုံအားတင်ပေးထားသည့်သူအား ဂါရဝပြုကာ ကျေးဇူးအထူးတင်ပါတယ်ဆိုပြီး ဓမ္မဒါနပြုသူမှ ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။ လိုအပ်သူများယူပါ။
ဓမ္မဓါနပြုသူ ဇော်မြတ်မင်း (မြစကြာကျောင်းသား) သာသနာနုဂ္ဂဟ အသင်းသား