ခ်စ္သူကို အသည္းနင့္ေအာင္ ခ်စ္တတ္တဲ့ ေယာက်္ားေလးေတြရဲ႕ အျပဳအမူ (၅) မ်ိဳး

Zawgyi

ခ်စ္သူကို အသည္းနင့္ေအာင္ ခ်စ္တတ္တဲ့ ေယာက်္ားေလးေတြရဲ႕ အျပဳအမူ (၅) မ်ိဳး

မိန္းကေလးေတြထဲမွာ ခ်စ္သူရဲ႕ အသည္းနင့္ေအာင္ အခ်စ္ခံရတဲ့သူေတြဟာ ကံအေကာင္းဆုံးသူေတြျဖစ္ၾကပါတယ္။ ကိုယ့္ခ်စ္သူကို အသည္းနင့္ေအာင္ခ်စ္တဲ့ ေယာက်္ားေလး တစ္ေယာက္လားဆိုတာ ဒီအခ်က္ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။

တကယ္လို႔ သင့္ခ်စ္သူနဲ႔ ဒီအခ်က္ေတြနဲ႔ တိုက္ဆိုင္ေနတယ္ဆိုရင္တာ့ သင့္ကို သင့္ခ်စ္သူက အသည္းနင့္ေအာင္ ခ်စ္တယ္ဆိုတာ သိလိုက္ပါေတာ့….

(၁) အၿမဲအလိုလိုက္တယ္ ”

သင့္ခ်စ္သူဟာ သင္ေျပာတဲ့ အရာတိုင္းကို လက္ခံၿပီး သင္ေတာင္းဆိုသမွ်ကို အလိုလိုက္မွာပါ။ သင္ျဖစ္ေစခ်င္တာေတြအကုန္ လုပ္ေပးၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားမွာ သင့္ရဲ႕ သေဘာထားေတြကို ေရွ႕တန္းတင္မယ့္ သူမ်ိဳးျ္ဖစ္ပါတယ္။ သင့္မ်က္ႏွာညႇိဳးမွာထက္စာရင္ သူ႔ရဲ႕ဆႏၵေတြကို ခ်ိဳးႏွိမ္ထားတတ္တဲ့ သူမ်ိဳးျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ သင့္ကို အသည္းနင့္ေအာင္ခ်စ္လို႔ ပါ …။

(၂) အၿမဲတမ္း စေတာင္းပန္တယ္ ”

သမီးရည္းစားတိုင္း ရန္ျဖစ္စိတ္ေကာက္တတ္တဲ့ အခ်ိန္ေတြရွိပါတယ္။ ဒီလိုအခ်ိန္ေတြမွာ ေတာ္ေတာ္မ်ားမ်ားဟာ မာနေတြၿပိဳင္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အေလွ်ာ့မေပးခ်င္ၾကပါဘူး။ ဒါေပမယ့္ သင့္ခ်စ္သူဟာ သင္တို႔ ကေတာက္ကဆျဖစ္တိုင္း သူ မမွားလည္း သူ႔ဘက္ကစၿပီး ေတာင္းပန္တယ္၊ သူ႔မာနေတြကို ခ်ိဳးႏွိမ္ေပးတယ္၊ သင့္ကို အၿမဲစေခ်ာ့တယ္ဆိုရင္ေတာ့ သင့္ကို အသည္းနင့္ေအာင္ ခ်စ္လို႔ပါပဲ …။

(၃) ဘယ္ေတာ့မွ မေဖာက္ျပန္ဘူး ”

သင့္ခ်စ္သူဟာ သင့္ကို အရမ္းဂ႐ုစိုက္ခ်င္မွစိုက္မယ္၊ အရမ္း သဲသဲလႈပ္ခ်င္မွလႈပ္မယ္၊ ဒါေပမယ့္ သင့္ေရွ႕မွာေရာ ေနာက္ကြယ္မွာေရာ ဘယ္ေတာ့မွ မေဖာက္ျပန္တဲ့သူမ်ိဳးပါ။ သင့္တစ္ေယာက္တည္းကိုပဲ စိတ္ထဲမွာထားၿပီး သင့္တစ္ေယာက္တည္းကိုပဲ ခ်စ္ေနတဲ့သူမ်ိဳးပါ။ တကယ္လို႔ သင့္ခ်စ္သူဟာ ဒီလိုလူမ်ိဳးဆိုရင္ေတာ့ သင့္ကို အသည္းနင့္ေအာင္ခ်စ္ေနလို႔ျဖစ္ပါတယ္ …။

(၄) သင့္အတြက္ အၿမဲတမ္း အဆင္သင့္ပဲ ”

သင့္ခ်စ္သူဟာ ျပည့္စုံခ်င္မွျပည့္စုံမယ္၊ ဒါေပမယ့္ သင့္အတြက္ဆို အၿမဲတမ္း အဆင္သင့္ရွိေနတတ္တဲ့သူမ်ိဳးပါ။ သင္တကယ္ အခက္အခဲေတြႀကဳံလာတဲ့အခါေတြ၊ ဒုကၡေရာက္ေနတဲ့အခ်ိန္ေတြမွာ သင့္အတြက္ မားမားမတ္မတ္ ရပ္တည္ေပးတဲ့သူမ်ိဳးပါ။ အမွားတစ္စုံတစ္ရာလုပ္မိရင္ေတာင္ အဆုံးထိတာဝန္ယူသြားမယ့္သူမ်ိဳးပါ။ ဒီလိုလုပ္ရတာဟာလည္း သင့္ကို အသည္းထဲနစ္ေနေအာင္ ခ်စ္လို႔ျဖစ္ပါတယ္ …။

(၅) သင့္ကို အၿမဲတမ္း ညႇာတာတယ္ ”

သင့္ကို တကယ္ခ်စ္တဲ့ေယာက်္ားဟာ သင့္အေပၚမွာ ဘယ္ေတာ့မွ ရက္စက္မွာမဟုတ္ပါဘူး။ သင့္ကို နာက်င္ေစမယ့္၊ ထိခိုက္ေစမယ့္ အရာေတြကို သူလုပ္မွာမဟုတ္ပါဘူး။

ရန္ျဖစ္တဲ့အခ်ိန္ေတြ၊ ေဒါသထြက္တဲ့အခ်ိန္ေတြမွာေတာင္ သင့္နစ္နာေစမယ့္ အေျပာအဆို အျပဳအမူေတြကို ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သင့္ကို အသည္းထဲနစ္ေအာင္ ခ်စ္လို႔ပါေနာ္ …။ ။

Unicode

ချစ်သူကို အသည်းနင့်အောင် ချစ်တတ်တဲ့ ယောကျ်ားလေးတွေရဲ့ အပြုအမူ (၅) မျိုး

မိန်းကလေးတွေထဲမှာ ချစ်သူရဲ့ အသည်းနင့်အောင် အချစ်ခံရတဲ့သူတွေဟာ ကံအကောင်းဆုံးသူတွေဖြစ်ကြပါတယ်။ ကိုယ့်ချစ်သူကို အသည်းနင့်အောင်ချစ်တဲ့ ယောကျ်ားလေး တစ်ယောက်လားဆိုတာ ဒီအချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

တကယ်လို့ သင့်ချစ်သူနဲ့ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တာ့ သင့်ကို သင့်ချစ်သူက အသည်းနင့်အောင် ချစ်တယ်ဆိုတာ သိလိုက်ပါတော့….

(၁) အမြဲအလိုလိုက်တယ် ”

သင့်ချစ်သူဟာ သင်ပြောတဲ့ အရာတိုင်းကို လက်ခံပြီး သင်တောင်းဆိုသမျှကို အလိုလိုက်မှာပါ။ သင်ဖြစ်စေချင်တာတွေအကုန် လုပ်ပေးပြီး ကိစ္စတော်တော်များများမှာ သင့်ရဲ့ သဘောထားတွေကို ရှေ့တန်းတင်မယ့် သူမျိုးြ်ဖစ်ပါတယ်။ သင့်မျက်နှာညှိုးမှာထက်စာရင် သူ့ရဲ့ဆန္ဒတွေကို ချိုးနှိမ်ထားတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ကို အသည်းနင့်အောင်ချစ်လို့ ပါ …။

(၂) အမြဲတမ်း စတောင်းပန်တယ် ”

သမီးရည်းစားတိုင်း ရန်ဖြစ်စိတ်ကောက်တတ်တဲ့ အချိန်တွေရှိပါတယ်။ ဒီလိုအချိန်တွေမှာ တော်တော်များများဟာ မာနတွေပြိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးချင်ကြပါဘူး။ ဒါပေမယ့် သင့်ချစ်သူဟာ သင်တို့ ကတောက်ကဆဖြစ်တိုင်း သူ မမှားလည်း သူ့ဘက်ကစပြီး တောင်းပန်တယ်၊ သူ့မာနတွေကို ချိုးနှိမ်ပေးတယ်၊ သင့်ကို အမြဲစချော့တယ်ဆိုရင်တော့ သင့်ကို အသည်းနင့်အောင် ချစ်လို့ပါပဲ …။

(၃) ဘယ်တော့မှ မဖောက်ပြန်ဘူး ”

သင့်ချစ်သူဟာ သင့်ကို အရမ်းဂရုစိုက်ချင်မှစိုက်မယ်၊ အရမ်း သဲသဲလှုပ်ချင်မှလှုပ်မယ်၊ ဒါပေမယ့် သင့်ရှေ့မှာရော နောက်ကွယ်မှာရော ဘယ်တော့မှ မဖောက်ပြန်တဲ့သူမျိုးပါ။ သင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာထားပြီး သင့်တစ်ယောက်တည်းကိုပဲ ချစ်နေတဲ့သူမျိုးပါ။ တကယ်လို့ သင့်ချစ်သူဟာ ဒီလိုလူမျိုးဆိုရင်တော့ သင့်ကို အသည်းနင့်အောင်ချစ်နေလို့ဖြစ်ပါတယ် …။

(၄) သင့်အတွက် အမြဲတမ်း အဆင်သင့်ပဲ ”

သင့်ချစ်သူဟာ ပြည့်စုံချင်မှပြည့်စုံမယ်၊ ဒါပေမယ့် သင့်အတွက်ဆို အမြဲတမ်း အဆင်သင့်ရှိနေတတ်တဲ့သူမျိုးပါ။ သင်တကယ် အခက်အခဲတွေကြုံလာတဲ့အခါတွေ၊ ဒုက္ခရောက်နေတဲ့အချိန်တွေမှာ သင့်အတွက် မားမားမတ်မတ် ရပ်တည်ပေးတဲ့သူမျိုးပါ။ အမှားတစ်စုံတစ်ရာလုပ်မိရင်တောင် အဆုံးထိတာဝန်ယူသွားမယ့်သူမျိုးပါ။ ဒီလိုလုပ်ရတာဟာလည်း သင့်ကို အသည်းထဲနစ်နေအောင် ချစ်လို့ဖြစ်ပါတယ် …။

(၅) သင့်ကို အမြဲတမ်း ညှာတာတယ် ”

သင့်ကို တကယ်ချစ်တဲ့ယောကျ်ားဟာ သင့်အပေါ်မှာ ဘယ်တော့မှ ရက်စက်မှာမဟုတ်ပါဘူး။ သင့်ကို နာကျင်စေမယ့်၊ ထိခိုက်စေမယ့် အရာတွေကို သူလုပ်မှာမဟုတ်ပါဘူး။

ရန်ဖြစ်တဲ့အချိန်တွေ၊ ဒေါသထွက်တဲ့အချိန်တွေမှာတောင် သင့်နစ်နာစေမယ့် အပြောအဆို အပြုအမူတွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ သင့်ကို အသည်းထဲနစ်အောင် ချစ်လို့ပါနော် …။ ။