
Zawgyi







Unicode

ကိုဗစ်ရောဂါပိုး ဟာ ပိုက်ဆံမှ တစ်ဆင့်ကူးစက်နိုင်သလား မသိသေးတဲ့ သူတွေအတွက်( ပြန်လည် မျှဝေပေးကြဦးနော်)

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ငွေစက္ကူပေါ်တွင် နာရီပိုင်းသာ အသက် ရှင်နိုင်မှုကြောင့် ကိုင်တွယ်မိခဲ့လျှင် လက်သေချာ ဆေးခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း သိရှိရ

ရန်ကုန်၊ စက်တင်ဘာ(၂၂)ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ငွေစက္ကူပေါ်တွင် (၃)နာရီခန့်ကြာလျှင် ပိုးတစ်ဝက်ခန့်သေဆုံးနိုင်ပြီး (၂၄)နာရီကြာလျှင် ပိုးအားလုံး သေဆုံး နိုင်ကြောင်းနှင့်

ဈေးဝယ်ကတ်တွင် (၇၂)နာရီ ကြာအောင် အသက်ရှင် နေနိုင်ကြောင်း နောက်ဆုံးတွေ့ရှိချက်အရ သိရှိရပါသည်။လက်ရှိတွင် ငွေစက္ကူမှတစ်ဆင့် ရောဂါပိုးကူးစက် သည်ဟူသော အကြောင်းအရာ မရှိသော်လည်း

ကိုင်တွယ်ပြီးသောအခါတိုင်း မျက်စိ၊နား၊ နှာခေါင်းစသော မျက်နှာ၏T Zone နေရာများ ကို မထိတွေ့မိစေရန်နှင့် လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း

ဆေးတက္ကသိုလ် (၁)ရန်ကုန် ၊ ဆေးပညာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း မှ သတိပေးပြောကြားထားကြောင်း သိရပါသည်။