Zawgyi
Unicode
လော့ခ်ဒေါင်းကာလတွင် ဝရန်တာထွက်ရာမှ တစ်ဦးနှင့်တစ်ဦး စတွေ့ကာ ဖူးစာပါသွားသည့် အီတလီ စုံတွဲ လက်ထပ်တော့မည်
အီတလီတွင် အစိုးရက ပြည်သူအားလုံး အိမ်ထဲတွင်သာ နေရမည်ဟုဆိုကာ လော့ခ်ဒေါင်း ချလိုက်သဖြင့် ဝရန်တာ ထွက်မိသွားပြီး ဖူးစာပါသွားသည့် စုံတွဲသည် လက်ထပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် မိုက်ကယ်ဒီအယ်ပိုစ်နှင့် အသက် ၄၀ အရွယ် ပိုလာအက်ဂ်နီလီတိုသည် ဝရန်တာ ဂီတဖျော်ဖြေပွဲကြောင့် အနေဝေးနေသည့် ချစ်သူများ ဖြစ်သွားတော့သည်။
ပိုလာအက်ဂ်နီလီတို၏ညီမက တယောဆရာမ ဖြစ်သဖြင့် ညနေ ၆ နာရီ ဝရန်တာ ဂီတဖျော်ဖြေပွဲတွင် တယောတီး ဖျော်ဖြေရာ ညီမကို ပိုလာအက်ဂ်နီလီတိုက ကူညီပေးခဲ့သည်။
ဝရန်တာမှ ပွဲထွက်ကြည့်သူ မိုက်ကယ်ဒီအယ်ပိုစ်က ထိုအခါကျမှ ပိုလာအက်ဂ်နီလီတိုကို မြင်ဖူးသွားပြီး စိတ်ဝင်စားသွားကာ အွန်လိုင်း တွင် ပိုလာအက်ဂ်နီလီတို၏အကောင့်တ်ကို လိုက်ရှာ တော့သည်။
မကြာမီ ၎င်းတို့က ဖုန်းဖြင့် စကားစမြည်ပြောကြသည်။ နှစ်ဦးသား အွန်လိုင်းချစ်သူများ ဖြစ်သွားသော် လည်း မေလ ကျမှသာ ပန်းခြံတစ်ခုတွင် နှစ်ဦးသား ပထမဦးဆုံးအကြိမ် ချိန်းတွေ့ခွင့်ရသွားတော့သည်။
၎င်းတို့သည် မျက်နှာချင်းဆိုင်အခန်းတွင် တစ်သက်လုံး နေထိုင် လာကြသူများဖြစ်သော်လည်း တစ်ဦးနှင့် တစ်ဦး လော့ခ်ဒေါင်းကာလကျမှသာ တွေ့ဖူးသွား ကြသည်။ Crd