ကိုဗစ္ကာလမွာ ဆြမ္းအခက္အခဲျဖစ္ေနခဲ့တဲ့ သံဃာေတာ္ (၂၀၈)ပါးအတြက္ ေန႔ဆြမ္းလႉဒါန္းခဲ့တဲ့ ခ်စ္သုေဝရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္း

Zawgyi

ကိုဗစ္ကာလမွာ ဆြမ္းအခက္အခဲျဖစ္ေနခဲ့တဲ့ သံဃာေတာ္ (၂၀၈)ပါးအတြက္ ေန႔ဆြမ္းလႉဒါန္းခဲ့တဲ့ ခ်စ္သုေဝရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္း

ျမန္မာႏိုင္ငံရဲ႕ လူမႈကူညီေရးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကေတာ့ လိုအပ္ေနတဲ့ေနရာတိုင္းကို ကူညီဖို႔အသင့္ရွိေနတဲ့ ေဖာင္ေဒးရွင္းတစ္ခုျဖစ္သလို လတ္တေလာကိုဗစ္ကာလ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြမွာလည္း

က်န္းမာေရးဆိုင္ရာအေထာက္အကူပစၥည္းမ်ားအျပင္ Quarantine Center အတြက္လိုအပ္တဲ့ပစၥည္းေတြကိုလည္း လႉဒါန္းေပးလာခဲ့တာ စျဖစ္ကတည္းကေန ယေန႔အခ်ိန္ထိလို႔ ဆိုရမွာပါ။

ယေန႔မွာေတာ့ ကိုဗစ္ကာလမွာ ဆြမ္းအခက္အခဲျဖစ္ေနတဲ့ သံဃာေတာ္ (၂၀၈)ပါးအတြက္ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။

”ကိုဗစ္ ကာလမွာ ဆြမ္းေလာင္းအသင္းမ်ားရပ္နားထားသလို ဆြမ္းခံထြက္ျခင္းမ်ားမျပဳလုပ္ၾကတဲ့ သံဃာေတာ္မ်ားအတြက္ ဆြမ္းအခက္အခဲျဖစ္ေပၚေနခဲ့ပါတယ္။

ဒီအခက္အခဲအတြက္ ေခတ္သစ္ေဖာင္ေဒးရွင္းမွ (၇) ရက္သားသမီးမ်ားႏွင့္စုေပါင္း၍ ဒဂုံၿမိဳ႕နယ္၊ အိမ္ေတာ္ရာတိုက္၊ ဘုန္းေတာ္ႀကီးေက်ာင္း (၂၄) ေက်ာင္းရွိ သံဃာေတာ္ (၂၀၈) ပါးအတြက္ ေန႔ဆြမ္းလႉျဖစ္ခဲ့တယ္။

ျပဳခဲ့ရေသာ ကုသိုလ္အစုစုကို (၇) ရက္သားသမီးမ်ားထပ္တူရရွိၾကပါေစ။ေရာဂါကပ္ဆိုးႀကီးကိုလည္း အျမန္ဆုံးေက်ာ္လႊားႏိုင္ပါေစ။” ဆိုၿပီးတင္ထားတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးလဲ ခ်စ္သုေဝတို႔ ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕ အလႉေလးကို သာဓုေခၚရေအာင္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးလဲ ကိုဗစ္ကာလမွာ က်န္းမာေရးကို ဂ႐ုစိုက္ၾကပါေနာ္။

Unicode

ကိုဗစ်ကာလမှာ ဆွမ်းအခက်အခဲဖြစ်နေခဲ့တဲ့ သံဃာတော် (၂၀၈)ပါးအတွက် နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

မြန်မာနိုင်ငံရဲ့ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ လိုအပ်နေတဲ့နေရာတိုင်းကို ကူညီဖို့အသင့်ရှိနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်သလို လတ်တလောကိုဗစ်ကာလ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာလည်း

ကျန်းမာရေးဆိုင်ရာအထောက်အကူပစ္စည်းများအပြင် Quarantine Center အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း လှူဒါန်းပေးလာခဲ့တာ စဖြစ်ကတည်းကနေ ယနေ့အချိန်ထိလို့ ဆိုရမှာပါ။

ယနေ့မှာတော့ ကိုဗစ်ကာလမှာ ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော် (၂၀၈)ပါးအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

”ကိုဗစ် ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို ဆွမ်းခံထွက်ခြင်းများမပြုလုပ်ကြတဲ့ သံဃာတော်များအတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) ရက်သားသမီးများနှင့်စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော် (၂၀၈) ပါးအတွက် နေ့ဆွမ်းလှူဖြစ်ခဲ့တယ်။

ပြုခဲ့ရသော ကုသိုလ်အစုစုကို (၇) ရက်သားသမီးများထပ်တူရရှိကြပါစေ။ရောဂါကပ်ဆိုးကြီးကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ပါစေ။” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလဲ ချစ်သုဝေတို့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ အလှူလေးကို သာဓုခေါ်ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။