Zawgyi
Unicode
ချောင်းခြောက် တွေဆိုးပြီး အနံ ပျောက်လာလျှင်
ရန်ကုန်က သမီးတစ်ဦးမေးလို့ပါ။လည်ချောင်းက ငါးရက်လောက်ရှိပီနာတာ ကြားထဲမှာ တရက်ဖျားတယ် ချောင်းခြောက် နည်းနည်းဆိုးတယ်
အခု မနေ့ကထဲက အနံ့က ရတာရ မရတာတွေလဲမရဖြစ်နေလို့ပါ။ကြက်သွန်နီတွေ လဲဝါးစား ပရုတ်ဆီ နဲ့ရေနွေးငွေ့လဲရှုတယ်မထူးလို့ပါ
အနံ့ပြန်ရနိုင်မယ့် ဆေးနည်းလေးရှိရင်ပေးပါနော် လောဆယ်တော့ အွန်လိုင်းကနည်းတွေလဲစုံနေပါပီ
လုပ်ကြည့်တာ ရုံးကနေ ဘဏ်တွေသွားသွားနေရတော့ နေပူနဲ့ အဲကွန်းကြောင့် ပထမ အပူရှပ်လို့ဘဲထင်ခဲ့တာ ခွင့်ယူထားတာလဲ ပီးခဲ့တဲ့ အပတ်ထဲကပါ။
ဆားတစ်ဇွန်းကို နီအောင်လှော်သံပရာသီးတစ်လုံးအရည်ညှစ်ချ။လျက်ပေးပါ။ သောက်ရင်လည်းရတယ်။ဆားရည်လည်းမကြာမကြာငုံထွေးပါ။
နလင်ကျော်တုံး သွေးလည်ပင်းလိမ်းပါ။လျှာအရသာမသိရင် ကြက်ဟင်းခါးရွက်ချေပွတ်ပါ။အနံ့မရရင် ငြုတ်ကောင်းစေ့ကိုအပ်ဖျားမှာထိုး မီးရှို့ရှူပေးပါ။ပြန်အနံ့ရလာလိမ့်မယ်