နယ္ေတြမွာေတာ့ ပိုးေတြ႕လူနာ အေရအတြက္အရ အဆင္ေျပႏိုင္ေလာက္ေပမဲ့ ရန္ကုန္မွာ ေဆး႐ုံတင္ထားဖို႔ရာ အေတာ္ေလး ခက္ခဲေနပါၿပီ
Zawgyi
နယ္ေတြမွာေတာ့ ပိုးေတြ႕လူနာ အေရအတြက္အရ အဆင္ေျပႏိုင္ေလာက္ေပမဲ့ ရန္ကုန္မွာ ေဆး႐ုံတင္ထားဖို႔ရာ အေတာ္ေလး ခက္ခဲေနပါၿပီ
ေအာက္ေျခမွာ မႏိုင္ေတာ့ဘူးဆိုတာ တကယ္ပါေနာ္။ ကန္႔လန္႔တိုက္ေနၾကတာ မဟုတ္ပါဘူး။ ဘာမွ ႀကီးႀကီးမားမား ျဖစ္မေနရင္ အိမ္မွာပဲ ေနပါ ဆိုၿပီး တကယ္ကို ၫႊန္ၾကားေနၾကရတာပါ။
နယ္ေတြမွာေတာ့ ပိုးေတြ႕လူနာ အေရအတြက္အရ အဆင္ေျပႏိုင္ေလာက္ေပမဲ့ ရန္ကုန္မွာ ေဆး႐ုံတင္ထားဖို႔ရာ အေတာ္ေလး ခက္ခဲေနပါၿပီ။
ဒီမနက္တင္ က်ေနာ္ အလႉေငြ ေကာက္တုန္းက တင္ထားတဲ့ ဖုန္းနံပါတ္ကို ဆက္လာတာ ၃ ေယာက္ ရွိပါတယ္။
ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်ေနာ္လည္း တိတိက်က် မေျပာျပတတ္ပါဘူး။ သူတို႔ဟာသူတို႔ ဆုံးျဖတ္ႏိုင္ေအာင္ပဲ အေကာင္းအဆိုး ေျပာျပလိုက္ရပါတယ္။
ေျမျပင္မွာ အဲ့လို Home Q ေတြ လုပ္ေနရၿပီ ဆိုေပမဲ့ တိတိက်က် စည္းမ်ဥ္း မထုတ္ျပန္ေပးေတာ့
၁။ ျပည္သူေတြက ဘာလုပ္ရမွန္းမသိ ျဖစ္ကုန္တယ္။
၂။ အိမ္မွာ ဘယ္လိုေနရ ထိုင္ရမယ္ မသိေတာ့ အိမ္မွာ အတူေနတဲ့သူေတြလည္း စိတ္ပူေနရတယ္။
၃။ ေဆး႐ုံလာခိုင္းလို႔ လာတယ္၊ အခု ဆရာဝန္ေတြက အိမ္ျပန္ခိုင္းတယ္ ဆိုၿပီး Our heroes ေတြ အဆဲခံ အထင္လြဲခံရတယ္။
၄။ ပတ္ဝန္းက်င္က လူေတြရဲ႕ စိုးရိမ္မႈ ျမင့္တက္လာမယ္။ ခြဲျခားဆက္ဆံတာေတြ ပိုမ်ားလာႏိုင္တယ္။
၅။ ေဆး႐ုံမွာ ပုံေနေတာ့ ကိုဗစ္ျပင္းထန္လူနာေတြ၊ ကိုဗစ္မဟုတ္တဲ့ တျခားလူနာေတြ ေစာင့္ေရွာက္မႈ ေကာင္းေကာင္းမရဘဲ ျဖစ္သြားႏိုင္ပါတယ္။
HQ ဆိုတာ ထင္သေလာက္ မလြယ္မွန္း သိပါတယ္။ သို႔ေသာ္ က်ေနာ္ တစ္ခါေျပာသလို ဒါက ေ႐ြးလို႔ရတဲ့ အေျခအေနမ်ိဳး မဟုတ္ဘဲ ခုကို လုပ္ေနၾကရၿပီ။ ခက္လို႔ဆိုၿပီး မလုပ္ဘဲ ေနလို႔မွ မရတာ။
အရွိအရွိအတိုင္း လက္ခံၿပီး ျပည္သူကို ရွင္းရွင္းလင္းလင္း ေျပာျပေပးေစခ်င္ပါတယ္။ ႏိုင္ငံတိုင္းဟာလည္း အေျခအေနေပၚ မူတည္ၿပီး အေျပာင္းအလဲေတြ လုပ္ရတာပဲ မဟုတ္လား။
ခုလည္း FQ ရက္ေတြဆို တျဖည္းျဖည္း ေလွ်ာ့ခ်လာတာပဲေလ။ တာဝန္ရွိတဲ့ ဦးေဆာင္သူေတြအေနနဲ႔လည္း ဒါကို ျမင္မယ္၊ ၾကားမယ္၊ အေျပာင္းအလဲ လုပ္ဖို႔ ႀကိဳးစားေနမယ္ဆိုတာ သိေပမဲ့
တစ္ရက္ဆိုတစ္ရက္ သိသာတာမို႔ တတ္ႏိုင္သမွ် ျမန္ျမန္အေကာင္အထည္ေဖာ္ေစခ်င္ပါတယ္။ ျပည္သူေတြ၊ ေရွ႕တန္းက ဆရာဝန္၊ ဆရာမေတြအတြက္ ေတာင္းဆိုလိုက္ရတာပါ။crd
Unicode
နယ်တွေမှာတော့ ပိုးတွေ့လူနာ အရေအတွက်အရ အဆင်ပြေနိုင်လောက်ပေမဲ့ ရန်ကုန်မှာ ဆေးရုံတင်ထားဖို့ရာ အတော်လေး ခက်ခဲနေပါပြီ
အောက်ခြေမှာ မနိုင်တော့ဘူးဆိုတာ တကယ်ပါနော်။ ကန့်လန့်တိုက်နေကြတာ မဟုတ်ပါဘူး။ ဘာမှ ကြီးကြီးမားမား ဖြစ်မနေရင် အိမ်မှာပဲ နေပါ ဆိုပြီး တကယ်ကို ညွှန်ကြားနေကြရတာပါ။
နယ်တွေမှာတော့ ပိုးတွေ့လူနာ အရေအတွက်အရ အဆင်ပြေနိုင်လောက်ပေမဲ့ ရန်ကုန်မှာ ဆေးရုံတင်ထားဖို့ရာ အတော်လေး ခက်ခဲနေပါပြီ။
ဒီမနက်တင် ကျနော် အလှူငွေ ကောက်တုန်းက တင်ထားတဲ့ ဖုန်းနံပါတ်ကို ဆက်လာတာ ၃ ယောက် ရှိပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်လည်း တိတိကျကျ မပြောပြတတ်ပါဘူး။ သူတို့ဟာသူတို့ ဆုံးဖြတ်နိုင်အောင်ပဲ အကောင်းအဆိုး ပြောပြလိုက်ရပါတယ်။
မြေပြင်မှာ အဲ့လို Home Q တွေ လုပ်နေရပြီ ဆိုပေမဲ့ တိတိကျကျ စည်းမျဥ်း မထုတ်ပြန်ပေးတော့
၁။ ပြည်သူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တယ်။
၂။ အိမ်မှာ ဘယ်လိုနေရ ထိုင်ရမယ် မသိတော့ အိမ်မှာ အတူနေတဲ့သူတွေလည်း စိတ်ပူနေရတယ်။
၃။ ဆေးရုံလာခိုင်းလို့ လာတယ်၊ အခု ဆရာဝန်တွေက အိမ်ပြန်ခိုင်းတယ် ဆိုပြီး Our heroes တွေ အဆဲခံ အထင်လွဲခံရတယ်။
၄။ ပတ်ဝန်းကျင်က လူတွေရဲ့ စိုးရိမ်မှု မြင့်တက်လာမယ်။ ခွဲခြားဆက်ဆံတာတွေ ပိုများလာနိုင်တယ်။
၅။ ဆေးရုံမှာ ပုံနေတော့ ကိုဗစ်ပြင်းထန်လူနာတွေ၊ ကိုဗစ်မဟုတ်တဲ့ တခြားလူနာတွေ စောင့်ရှောက်မှု ကောင်းကောင်းမရဘဲ ဖြစ်သွားနိုင်ပါတယ်။
HQ ဆိုတာ ထင်သလောက် မလွယ်မှန်း သိပါတယ်။ သို့သော် ကျနော် တစ်ခါပြောသလို ဒါက ရွေးလို့ရတဲ့ အခြေအနေမျိုး မဟုတ်ဘဲ ခုကို လုပ်နေကြရပြီ။ ခက်လို့ဆိုပြီး မလုပ်ဘဲ နေလို့မှ မရတာ။
အရှိအရှိအတိုင်း လက်ခံပြီး ပြည်သူကို ရှင်းရှင်းလင်းလင်း ပြောပြပေးစေချင်ပါတယ်။ နိုင်ငံတိုင်းဟာလည်း အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲတွေ လုပ်ရတာပဲ မဟုတ်လား။
ခုလည်း FQ ရက်တွေဆို တဖြည်းဖြည်း လျှော့ချလာတာပဲလေ။ တာဝန်ရှိတဲ့ ဦးဆောင်သူတွေအနေနဲ့လည်း ဒါကို မြင်မယ်၊ ကြားမယ်၊ အပြောင်းအလဲ လုပ်ဖို့ ကြိုးစားနေမယ်ဆိုတာ သိပေမဲ့
တစ်ရက်ဆိုတစ်ရက် သိသာတာမို့ တတ်နိုင်သမျှ မြန်မြန်အကောင်အထည်ဖော်စေချင်ပါတယ်။ ပြည်သူတွေ၊ ရှေ့တန်းက ဆရာဝန်၊ ဆရာမတွေအတွက် တောင်းဆိုလိုက်ရတာပါ။crd