Zawgyi
Unicode
ကိုဗစ်လူနာတွေကို ကုသပေးဖို့ သွေးရည်ကြည် လှူဒါန်းခဲ့တဲ့ အဆိုတော် မျိုးကြီး တို့ ဇနီးမောင်နှံ
Covid 19 ပထမ တစ်ကြိမ် မှာ ကူးစက်ခံခဲ့ရသူ တေးသံရှင် မျိုးကြီး နဲ့ ဇနီးဖြစ်သူ လုံးလုံး တို့ နှစ်ဦး သူတို့ရဲ့ သွေးရည်ကြည် ကို သုံးပြီး သွေးရည်ကြည် ကုထုံးနဲ့ လက်ရှိ Covid ဒုတိယ လှိုင်းမှာ ရောဂါခံစားနေရသူများကို ကုသပေးဖို့ သွေး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တေးသံရှင်မျိုးကြီး နှင့် ဇနီးဖြစ်သူတို့ဟာ တရားဟောဆရာ ဒေးဗစ်လားရဲ့ ဆုတောင်းပွဲကနေ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး ရောဂါပျောက်ကင်းခဲ့သူများဖြစ်ပါတယ်
ကိုဗစ်ပျောက်ကင်းသွားသူများ၏ ခန္ဓာကိုယ်ထဲတွင် ရောဂါကို ခုခံနိုင်သည့် ပဋိပစ္စည်းများ ကျန်ရှိခဲ့ပြီး ထိုပဋိပစ္စည်းများပါဝင်သော သွေးရည်ကြည်ကို ထုတ်ယူ၍ ရောဂါဖြစ်ပွားနေသူကို ကုသရသည့် ကုထုံးသည် ယခုအချိန်တွင် အောင်မြင်လျက်ရှိသည်။
ကိုဗစ်ပြင်းထန်လူနာများအတွက် အမျိုးသားသွေးလှူဘဏ်တွင် သွေးဘဏ်ခွဲတစ်ခု တည်ထောင်၍ သွေးရည်ကြည်သိမ်းဆည်းကာ ကုသမှုပေးခဲ့သည်။
ယခုကိုဗစ်ကာလအတွင်း ရောဂါပျောက်ကင်းသွားသူများထဲမှ ၃၀ ဦး၏ သွေးရည်ကြည်ဖြင့် ကိုဗစ်ပြင်းထန်လူနာ ၈ ဦးကို ကုသမှုပေးခဲ့သည်။crd