ရန္ကုန္ဘူတာႀကီးကထြက္တဲ့ အျမန္ရထားအားလုံးကို ရပ္နားလိုက္ၿပီလို႔ ျမန္မာ့မီးရထား ေၾကညာ

Zawgyi

ရန္ကုန္ဘူတာႀကီးကထြက္တဲ့ အျမန္ရထားအားလုံးကို ရပ္နားလိုက္ၿပီလို႔ ျမန္မာ့မီးရထား ေၾကညာ

ရန္ကုန္ဘူတာႀကီးကေနထြက္တဲ့ အျမန္ရထားအားလုံးကို ယာယီရပ္နားလိုက္ၿပီလို႔ ျမန္မာ့မီးရထားကေန သတင္းရရွိပါတယ္။

ကိုဗစ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ အခုလိုေဆာင္႐ြက္လိုက္တာလို႔ ျမန္မာ့မီးရထားတိုင္းအမွတ္(၇) သြားလာပို႔ေဆာင္ေရး မန္ေနဂ်ာ ဦးေဇာ္လြင္က ေျပာပါတယ္။

ကိုဗစ္ ဒုတိယလႈိင္း စျဖစ္ထဲကရန္ကုန္ကထြက္တဲ့ ခရီးေဝးရထား ေျပးဆြဲမႈကို တျဖည္းျဖည္းေလ်ာ့ခ်ခဲ့တာျဖစ္ၿပီး အခုေတာ့ အားလုံးကို ရပ္နားလိုက္တာပါ။

ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ျပည္၊ ရန္ကုန္-ေမာ္လၿမိဳင္၊ ရန္ကုန္-ပဲခူး၊ ရန္ကုန္-ပုဂံ၊ ရန္ကုန္-ဥကၠံ၊ၾကည့္ျမင္တိုင္-သာရေဝါ၊ ၾကည့္ျမင္တိုင္-ျပည္ရထား စုစုေပါင္း၁၁စီးကို ရပ္လိုက္တာလို႔လည္း သိရပါတယ္။

ျပန္လည္ေျပးဆြဲမယ့္အခ်ိန္ကို ေၾကညာေပးမယ္လို႔လည္း ဦးေဇာ္လြင္က ဆိုပါတယ္။ခရီးေဝးရထား ရပ္နားတာအျပင္ ၿမိဳ႕ပတ္ရထားေျပးဆြဲမႈကိုလည္း ေလ်ာ့ထားၿပီး ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ေတြမွာသာ ေျပးဆြဲေပးေနတယ္လို႔လည္း သိရပါတယ္။

Unicode

ရန်ကုန်ဘူတာကြီးကထွက်တဲ့ အမြန်ရထားအားလုံးကို ရပ်နားလိုက်ပြီလို့ မြန်မာ့မီးရထား ကြေညာ

ရန်ကုန်ဘူတာကြီးကနေထွက်တဲ့ အမြန်ရထားအားလုံးကို ယာယီရပ်နားလိုက်ပြီလို့ မြန်မာ့မီးရထားကနေ သတင်းရရှိပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အခုလိုဆောင်ရွက်လိုက်တာလို့ မြန်မာ့မီးရထားတိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေး မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။

ကိုဗစ် ဒုတိယလှိုင်း စဖြစ်ထဲကရန်ကုန်ကထွက်တဲ့ ခရီးဝေးရထား ပြေးဆွဲမှုကို တဖြည်းဖြည်းလျော့ချခဲ့တာဖြစ်ပြီး အခုတော့ အားလုံးကို ရပ်နားလိုက်တာပါ။

ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပဲခူး၊ ရန်ကုန်-ပုဂံ၊ ရန်ကုန်-ဥက္ကံ၊ကြည့်မြင်တိုင်-သာရဝေါ၊ ကြည့်မြင်တိုင်-ပြည်ရထား စုစုပေါင်း၁၁စီးကို ရပ်လိုက်တာလို့လည်း သိရပါတယ်။

ပြန်လည်ပြေးဆွဲမယ့်အချိန်ကို ကြေညာပေးမယ်လို့လည်း ဦးဇော်လွင်က ဆိုပါတယ်။ခရီးဝေးရထား ရပ်နားတာအပြင် မြို့ပတ်ရထားပြေးဆွဲမှုကိုလည်း လျော့ထားပြီး ရုံးတက်၊ ရုံးဆင်းချိန်တွေမှာသာ ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။