ေဖာင္ႀကီးေဆး႐ုံမွာ ဖခင္ႀကီး ကြယ္လြန္သြားတဲ့အေၾကာင္း ေျပာလာတဲ့ လူငယ္ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦး
Zawgyi
ေဖာင္ႀကီးေဆး႐ုံမွာ ဖခင္ႀကီး ကြယ္လြန္သြားတဲ့အေၾကာင္း ေျပာလာတဲ့ လူငယ္ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦး
ကြၽန္ေတာ္ ပါပါး ကို အရမ္းခ်စ္ပါတယ္။ ဒါေပမယ့္ ပါးစပ္က တခါမွ ထုတ္မေျပာဖူးဘူး။ ဟိုေန႔က ေဆး႐ုံမွာ ေျပာေပမယ့္ ပါပါး ၾကားလိုက္သလား မေသခ်ာလို႔ ေနျပန္ေကာင္းရင္ ၾကားေအာင္ေျပာမယ္လို႔ ေတြးထားတာ။
မေန႔က ေဖာင္ႀကီးေရာက္ၿပီး ဒီေန႔ ဆုံးသြားေတာ့ ကြၽန္ေတာ္ ဘာျဖစ္မွန္းေတာင္မသိေတာ့ဘူး။
ဂ်ပန္ေဆး႐ုံ ICU မွာ ၅ ရက္ တိတိေနရတုန္းက အခ်ိန္ျပည့္ေဘးကေန ေစာင့္ေပးေနရေတာ့ ေဖာင္ႀကီးကိုေ႐ႊ႕မယ့္ အခ်ိန္ တေယာက္ထဲ လႊတ္ရတာကို ေတာ္ေတာ္ႀကီး စိတ္ကမေကာင္းဘူး။
သူျပန္ေကာင္းလာဖို႔ ဆိုတာႀကီးနဲ႔ လႊတ္ရတာ။ မေန႔က video call ေျပာေတာ့လဲ ေသခ်ာ ေခ်ာ့ေမာ့ေျပာေပမယ့္ မိသားစု အနားမွာ မရွိေနတာကို အားငယ္ေနတာေတြ႕ရေတာ့ အရမ္းဝမ္းနည္းတယ္။
လြန္ခဲ့တဲ့ ၉ ရက္ေလာက္က အစာမေၾကရင္ျပည့္ၿပီး ႏူန္းတယ္။ လြန္ခဲ့တဲ့ ၈ ရက္က ဖ်ားတယ္။ ေနာက္ရက္ ညေနပိုင္း O2 က်လို႔ ေနာက္ေန႔ ဂ်ပန္ေဆး႐ုံသြားျပတယ္။ICU ထဲေရာက္တယ္။
က်ေတာ္ေဘးကေန ေစာင့္ေပးတယ္။Swab Test လုပ္တယ္။ ေနာက္ေန႔ ကိုဗစ္ Positive ထြက္တယ္။ အိမ္မွာေစာင့္ေနတဲ့ အေမ ကို Q ေခၚသြားတယ္။
ကိုဗစ္ ကုသ ေဆး႐ုံေတြရဲ႕ ေနရာအခက္အခဲေၾကာင့္ ဂ်ပန္ေဆး႐ုံမွာ ၃ ရက္ထပ္ေနတယ္။ မေန႔က ေဖာင္ႀကီးကိုေခၚတယ္။ က်ေတာ္ Q ဝင္ကတယ္။ ဒီေန႔ အေဖ ဆုံးတယ္။
အရမ္းျမန္လြန္းတယ္။ ကိုဗစ္ကို အရမ္းေၾကာက္ပါတယ္။ ဒါေပမယ့္ ကိုယ္တိုင္ႀကဳံရမယ္လို႔ တခါမွ မေတြးထားဘူး။ ကိုယ့္မိဘဆိုေတာ့ ပိုမေျဖႏိုင္ပါဘူး။
ကိုယ္တိုင္က ဘယ္မွမသြားဘဲ အိမ္တြင္းေအာင္းေနေပမယ့္ အေဖ သူ႔ အလုပ္ သြားသြားေနတာကို မတားႏိုင္ခဲ့ဘူး။ က်ေတာ္ တခ်က္ေပါ့မိပါတယ္။ က်ေတာ္ ညံ့ပါတယ္။
အေမနဲ႔ က်ေတာ္လဲ မစစ္ရေသးေတာ့ ပိုး ရွိေနႏိုင္တယ္။ က်ေတာ္က ICU မွာ ၅ ရက္လုံး ရွိခဲ့ေတာ့ ပိုရွိႏိုင္ပါတယ္။ ျဖစ္မယ္ဆို က်ေတာ္ပဲ ပိုးေတြ႕ၿပီး အေမ အႏၲရာယ္ကင္းပါေစ။
၂၀၁၂ က ညီေလး ဆုံးၿပီးကတည္းက ဒီလို အျဖစ္ဆိုးမ်ိဳး လုံးဝ မႀကဳံရပါေစနဲ႔ေတာ့လို႔ ဘုရားမွာဆုေတာင္းေပမယ့္ မျပည့္ပါဘူး။ဒီတခါ က်န္တဲ့ မိသားစု အားလုံး တကြဲတျပားစီနဲ႔ အေဖကို သြားေတာင္ေတြ႕လို႔မရေတာ့တာ ေတာ္ေတာ္ ဆိုးပါတယ္။
ဒီစာဟာ က်ေတာ္ ေရးခ်င္လို႔ ေရးတာ ၊ သူမ်ားေတြ သင္ခန္းစာ ယူႏိုင္ေအာင္နဲ႔ က်ေတာ့္ ဘဝမွာ အၿမဲ ေနာင္ၾကဥ္ေအာင္ ေရးတာပါ။Lecture ႐ိုက္မယ့္ ၊ အျပစ္တင္မယ့္ ကြန္းမန႔္ေတြ မျမင္ခ်င္ပါ။ မီဒီယာမ်ားမွလဲ အင္တာဗ်ဴး မေတာင္းၾကပါနဲ႔။
က်ေတာ္ ႐ူးခ်င္ေနပါတယ္။ ဘဝမွာ ေကာင္းတာလုပ္တိုင္းလဲ ေကာင္းတာမျဖစ္ပါ။ အေဖဆို ဘဝတေလွ်ာက္ သူတပါးအေပၚ မိသားစု အေပၚ ၊ သူ႔ မိဘ ညီအကိုေမာင္ႏွမေတြ အေပၚ အလြန္ေကာင္းပါတယ္။
ဒါေပမယ့္ သူ႔ေနာက္ဆုံးအခ်ိန္က အလိုႀကီးလား ၊ခ်က္ခ်င္းကို သၿဂိဳလ္ရမယ့္ ကံပါတာလား။ မိသားစုနဲ႔ တကြဲတျပားလား။ သူတသက္ရွာထားတဲ့ စည္းစိ မ္ေတြ အခုဆို ဘာမွ လုပ္ေပးလို႔မရေတာ့ဘူး။
က်ေတာ္ ဘုရားတရားအရမ္းလုပ္ေပမယ့္ အခုႀကဳံရေတာ့ တရားနဲ႔လဲ မေျဖႏိုင္ပါဘူး။ က်ေတာ္ေလာကႀကီးကို တကယ္မုန္းတယ္။ပါပါး ပိုေကာင္းမြန္တဲ့ ဘုံဘဝေရာက္မွာပါ။
လုံလုံးနဲ႔ ေတြ႕ေနမွာပါ။ ပါပါးကို ခ်စ္ပါတယ္။ က်ေတာ့္ အတြက္ ပါပါး ဂုဏ္ယူခဲ့ရမွာပါေနာ္။က်ေတာ့္ကိုခ်စ္တဲ့သူေတြ ဘုရားရွိခိုးျဖစ္တဲ့အခါ ဦးေအာင္ျမင့္ အသက္ ၆၆ ႏွစ္ ကို ရည္းစူးၿပီး ေမတၱာပို႔ အမွ် ေဝေပးၾကပါ။ ကုသိုလ္အက်ိဳးကို သူ ခံစားေစခ်င္လို႔ပါ။
Unicode
ဖောင်ကြီးဆေးရုံမှာ ဖခင်ကြီး ကွယ်လွန်သွားတဲ့အကြောင်း ပြောလာတဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး
ကျွန်တော် ပါပါး ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ပါးစပ်က တခါမှ ထုတ်မပြောဖူးဘူး။ ဟိုနေ့က ဆေးရုံမှာ ပြောပေမယ့် ပါပါး ကြားလိုက်သလား မသေချာလို့ နေပြန်ကောင်းရင် ကြားအောင်ပြောမယ်လို့ တွေးထားတာ။
မနေ့က ဖောင်ကြီးရောက်ပြီး ဒီနေ့ ဆုံးသွားတော့ ကျွန်တော် ဘာဖြစ်မှန်းတောင်မသိတော့ဘူး။
ဂျပန်ဆေးရုံ ICU မှာ ၅ ရက် တိတိနေရတုန်းက အချိန်ပြည့်ဘေးကနေ စောင့်ပေးနေရတော့ ဖောင်ကြီးကိုရွှေ့မယ့် အချိန် တယောက်ထဲ လွှတ်ရတာကို တော်တော်ကြီး စိတ်ကမကောင်းဘူး။
သူပြန်ကောင်းလာဖို့ ဆိုတာကြီးနဲ့ လွှတ်ရတာ။ မနေ့က video call ပြောတော့လဲ သေချာ ချော့မော့ပြောပေမယ့် မိသားစု အနားမှာ မရှိနေတာကို အားငယ်နေတာတွေ့ရတော့ အရမ်းဝမ်းနည်းတယ်။
လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေရင်ပြည့်ပြီး နူန်းတယ်။ လွန်ခဲ့တဲ့ ၈ ရက်က ဖျားတယ်။ နောက်ရက် ညနေပိုင်း O2 ကျလို့ နောက်နေ့ ဂျပန်ဆေးရုံသွားပြတယ်။ICU ထဲရောက်တယ်။
ကျတော်ဘေးကနေ စောင့်ပေးတယ်။Swab Test လုပ်တယ်။ နောက်နေ့ ကိုဗစ် Positive ထွက်တယ်။ အိမ်မှာစောင့်နေတဲ့ အမေ ကို Q ခေါ်သွားတယ်။
ကိုဗစ် ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက်ထပ်နေတယ်။ မနေ့က ဖောင်ကြီးကိုခေါ်တယ်။ ကျတော် Q ဝင်ကတယ်။ ဒီနေ့ အဖေ ဆုံးတယ်။
အရမ်းမြန်လွန်းတယ်။ ကိုဗစ်ကို အရမ်းကြောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့ တခါမှ မတွေးထားဘူး။ ကိုယ့်မိဘဆိုတော့ ပိုမဖြေနိုင်ပါဘူး။
ကိုယ်တိုင်က ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေပေမယ့် အဖေ သူ့ အလုပ် သွားသွားနေတာကို မတားနိုင်ခဲ့ဘူး။ ကျတော် တချက်ပေါ့မိပါတယ်။ ကျတော် ညံ့ပါတယ်။
အမေနဲ့ ကျတော်လဲ မစစ်ရသေးတော့ ပိုး ရှိနေနိုင်တယ်။ ကျတော်က ICU မှာ ၅ ရက်လုံး ရှိခဲ့တော့ ပိုရှိနိုင်ပါတယ်။ ဖြစ်မယ်ဆို ကျတော်ပဲ ပိုးတွေ့ပြီး အမေ အန္တရာယ်ကင်းပါစေ။
၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ဒီတခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့တာ တော်တော် ဆိုးပါတယ်။
ဒီစာဟာ ကျတော် ရေးချင်လို့ ရေးတာ ၊ သူများတွေ သင်ခန်းစာ ယူနိုင်အောင်နဲ့ ကျတော့် ဘဝမှာ အမြဲ နောင်ကြဉ်အောင် ရေးတာပါ။Lecture ရိုက်မယ့် ၊ အပြစ်တင်မယ့် ကွန်းမန့်တွေ မမြင်ချင်ပါ။ မီဒီယာများမှလဲ အင်တာဗျူး မတောင်းကြပါနဲ့။
ကျတော် ရူးချင်နေပါတယ်။ ဘဝမှာ ကောင်းတာလုပ်တိုင်းလဲ ကောင်းတာမဖြစ်ပါ။ အဖေဆို ဘဝတလျှောက် သူတပါးအပေါ် မိသားစု အပေါ် ၊ သူ့ မိဘ ညီအကိုမောင်နှမတွေ အပေါ် အလွန်ကောင်းပါတယ်။
ဒါပေမယ့် သူ့နောက်ဆုံးအချိန်က အလိုကြီးလား ၊ချက်ချင်းကို သဂြိုလ်ရမယ့် ကံပါတာလား။ မိသားစုနဲ့ တကွဲတပြားလား။ သူတသက်ရှာထားတဲ့ စည်းစိ မ်တွေ အခုဆို ဘာမှ လုပ်ပေးလို့မရတော့ဘူး။
ကျတော် ဘုရားတရားအရမ်းလုပ်ပေမယ့် အခုကြုံရတော့ တရားနဲ့လဲ မဖြေနိုင်ပါဘူး။ ကျတော်လောကကြီးကို တကယ်မုန်းတယ်။ပါပါး ပိုကောင်းမွန်တဲ့ ဘုံဘဝရောက်မှာပါ။
လုံလုံးနဲ့ တွေ့နေမှာပါ။ ပါပါးကို ချစ်ပါတယ်။ ကျတော့် အတွက် ပါပါး ဂုဏ်ယူခဲ့ရမှာပါနော်။ကျတော့်ကိုချစ်တဲ့သူတွေ ဘုရားရှိခိုးဖြစ်တဲ့အခါ ဦးအောင်မြင့် အသက် ၆၆ နှစ် ကို ရည်းစူးပြီး မေတ္တာပို့ အမျှ ဝေပေးကြပါ။ ကုသိုလ်အကျိုးကို သူ ခံစားစေချင်လို့ပါ။