Zawgyi
Unicode
covid 19 ထိန်းချုပ်ကုသရေးစင်တာမှာ ဖခင်ဖြစ်သူ ဦးဇော်ဇော်နဲ့အတူ လုပ်အားပေးနေတဲ့ အိမ့်မှူးဇော်
အသက် ၂ဝ ပြည့်ခဲ့ပြီးဖြစ်တဲ့ ဧရာဝတီဖောင်ဒေးရှင်ပဲ့ကိုင်ရှင် ဦးဇော်ဇော်ရဲ့သမီးလေး အိမ့်မှူးဇော်
ဧရာဝတီဘဏ် နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဧရာဝတီဖောင်ဒေးရှင်ရဲ့ပဲကိုင်ရှင် ဦးဇော်ဇော်ရဲ့သမီးလေးဖြစ်တဲ့ အိမ့်မှူးဇော်က ဒီနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ အသက် ၂ဝ ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ် ။
တော်ရုံတန်ရုံ လူလုံးထွက်ပြလေ့မရှိပဲ သိုသိုသိပ်သိပ်နေတတ်တဲ့ အိမ့်မှူးဇော်ဟာ သူမရဲ့ အသက်နှစ်ဆယ်ပြည့်မွေးနေ့ရက်မှာတော့ ဧရာဝတီစင်တာမှာ Volunteer အဖြစ် လုပ်ကိုင်ဆောင်ရွက် နေတဲ့ သတင်းဓာတ်ပုံတွေတက်လာတာတွေ့ရပါတယ် ။
သုဝဏ္ဏကွင်းမှာ ဧရာဝတီဖောင်ဒေးရှင်းမှတာဝန်ယူဖွင့်လှစ်ထားရှိသော covid 19 ထိန်းချုပ်ကုသရေးစင်တာတွင် ဖခင်ဖြစ်သူနှင့်အတူ ကိုယ်တိုင်ပါဝင် ကူညီမှုပြုပြီး ငွေကြေးအလှူဒါန ကာယလုပ်အားဒါန ကိုယ်တိုင်ပါဝင်ပြုလုပ်ထမ်း ဆောင်နေတာ ဖြစ်ပါတယ် ။
အသက် နှစ်ဆယ်ပြည့်မွေးနေ့ကို ဒါနကုသိုလ်အမျိုးမျိုးဖြင့် ဖြတ်သန်းနေသော ဧရာဝတီဖောင်ဒေးရှင်း AYAbank ဥက္ကဋ္ဌ MaxMyanmar ဦးဇော်ဇော်ရဲ့ သမီးလေး အိမ့်မှူးဇော် ကို အသက်ရှည်အနာကင်း ကျမ်းမာချမ်းသာပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ် ။
လောကီကောင်းကျိုး အစဉ်ထာဝရ သယ်ပိုးထမ်းရွက် နိုင်ပါစေ စာဖတ်သူပရိတ်သတ်ကြီးလဲ သာဓုခေါ်ပေးကြပါအုံးနော် ။