Zawgyi
သူကလည်းပြောပါတယ် ဒီရောဂါကြီးကတသက်လုံးမပြီးဘူးဆိုရင် တသက်လုံးပြန်မလာနဲ့တဲ့ တခါတည်းသာ ကွာရှင်းစာချူပ်လက်မှတ်ထိုးပေးခဲ့လိုက်တော့လို့ပြောတာ
Unicode
ကိုဗစ်လူနာတွေအတွက် ပရဟိတတွေလိုက်လုပ်နေတာကြောင့် မိန်းမဖြစ်သူက ကွာရှင်းခြင်းကို ခံလိုက်ရတဲ့ လူရွှင်တော် ဦးဗေဒါ
လူရွှင်တော်ဗေဒါကတော့ ဗီဒီယိုနဲ့ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကားပေါင်းများစွာ ကို ပါဝင်သရုပ်ဆောင်ခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုကို တောက်လျှောက်ရရှိခဲ့သူတစ်ဦးပါ
လက်ရှိကိုဗစ်ကာလမှာတော့ ဗေဒါဟာ အနုပညာလုပ်ငန်းတွေကို ရပ်နားထားတာဖြစ်ပြီးပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိတာဖြစ်ပါတယ်ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဦးဗေဒါက ကိုဗစ်ကာလ ပရဟိတလုပ်ငန်းတွေကြောင့်
မိန်းမက အိမ်ကို တစ်သက်လုံး ပြန်မလာဖို့နဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးဖို့ ပြောနေပြီလို့ ဆိုလာခဲ့တာပါဦးဗေဒါက Quarentine ဝင်ဖို့ သံသယလူနာတွေကို ပို့ပေးတာတွေ လိုတဲ့ပစ္စည်းတွေ ဖြည့်ပေးတာတွေလုပ်ပေးနေရတော့
လူနာနဲ့တိုက်ရိုက်ထိတွေ့နေရသလိုပဲ တကယ်လို့ ဒီချိန်မှာ အိမ်ပြန်သွားရင် ဦးဗေဒါတို့က ကိုယ်ခံအားကောင်းလို့ ဘာမှမဖြစ်ပေမယ့် တကယ်ကိုယ်ခံအားမကောင်းတဲ့သူတွေကြတော့ ကူးစက်နိုင်တယ်လေ
အဲ့ဒါနဲ့ အိမ်လုံးဝမပြန်ဖို့ ဆုံးဖြတ်လိုက်တာပါမိန်းမကတော့ ပွစိပွစိ လုပ်တာပေါ့လေသူလည်ဒီလိုအချိန်မှာ လင်ယောကျာ်းတစ်ယောက်အနေနဲ့ အနားမှာရှိစေချင်တာပေါ့
ဒါပေမယ့်လည်း အများအတွက်ကို ဦးစားပေးရမယ့်အချိန်ဆိုတော့တောက်လျှောက်လုပ်ဖြစ်နေတာပါ မိန်းမကိုတော့ဒီရောဂါကြီးပြီးသွားရင် အိမ်ပြန်လာမယ်လို့ ပြောထားတယ်
သူကလည်းပြောပါတယ် ဒီရောဂါကြီးကတသက်လုံးမပြီးဘူးဆိုရင် တသက်လုံးပြန်မလာနဲ့တဲ့ တခါတည်းသာ ကွာရှင်းစာချူပ်လက်မှတ်ထိုးပေးခဲ့လိုက်တော့လို့ပြောတ
သူကကိုယ့်တောင်ပြက်လုံးပြန်ပြောနေသေးတယ် ဦးဗေဒါကတော့ ကိုဗစ်ကာလကြီးမှာ ပရိဟိတလအလုပ်တွေကို အိမ်မပြန်ပဲဆောင်ရွက်နေတာကြောင့် မိန်းမရဲ့ ငြိုငြင်မှုကိုပါခံနေရတဲ့အကြောင်း ဟာသလေးနဲ့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်crd