ေဈးဝယ္ၿပီး အိမ္ျပန္ေရာက္ရင္ အက်ႌ၊ ဖိနပ္၊ ဆံပင္၊ သတင္းစာေတြမွာ ကိုဗစ္ပိုး ကပ္ပါလာႏိုင္သလား
Zawgyi
ေဈးဝယ္ၿပီး အိမ္ျပန္ေရာက္ရင္ အက်ႌ၊ ဖိနပ္၊ ဆံပင္၊ သတင္းစာေတြမွာ ကိုဗစ္ပိုး ကပ္ပါလာႏိုင္သလား
အိမ္ျပန္ေရာက္ရင္ေလ အက်ႌလဲၿပီး ေခါင္းကေနေလာင္းၿပီး ေရခ်ိဳးပစ္ရမွာလား? အျပင္ထြက္ရင္ ေဈးထဲမွာ Social Distancing လုပ္ၿပီး ခပ္ခြာခြာေဈးဝယ္ၾကပါသလား
City Mart မွာ ေဈးဝယ္တယ္၊ ခပ္ခြာခြာရပ္တယ္။ လူေတြနဲ႔ ထိေတြ႕မႈနည္းတယ္။ ဒါဆိုရင္ အက်ႌကို ခ်ိတ္နဲ႔ခ်ိတ္ၿပီး ျပန္လွမ္းထားလို႔ ရတယ္လို႔ ဆိုပါတယ္။
လူေတြက်ပ္ညပ္ေနတဲ့ ေဈးမ်ိဳးမွာဝယ္ရတာဆိုရင္…တခ်ိဳ႕ေဈးေတြမွာ ဆိုင္ေတြကို ခြာထားတယ္။ လူေတြကို ခပ္ေဝးေဝးက တန္းစီခိုင္းတယ္။ ပစၥည္းေပးရင္ေတာင္ ဝါးလုံးနဲ႔။
အဲ့လိုတကယ္လုပ္ႏိုင္ရင္ေကာင္းပါတယ္။ ရန္ကုန္က ၇ လမ္းထိပ္တို႔၊ ၁၈ လမ္းထိပ္တို႔မွာေတာ့ လူေတြဆိုတာ တေယာက္နဲ႔တေယာက္ ပူးကပ္ေနၿမဲပါပဲ။ တိုးႀကိတ္ေဈးဝယ္ေနၾကတာပါပဲ။
ဒါမ်ိဳးဆို အိမ္ေရာက္တာနဲ႔ အဝတ္ကိုတန္းၿပီးေလွ်ာ္မယ့္အထဲ ထည့္တာေကာင္းပါတယ္။Social distancing ရွိတာနဲ႔ အက်ႌေပၚနဲ႔ဆံပင္ေပၚကပ္ႏိုင္ေျခဘာလို႔နည္းတာလဲ?ေလ့လာခ်က္တစ္ခ်ိဳ႕အရ
ေခ်ာင္းဆိုး၊ ႏွာေခ်ၿပီးရင္ ဗိုင္းရပ္စ္ပါတဲ့အမႈန္ အမ်ားစုဟာေလထဲမွာမေနပဲ ေျမႀကီးေပၚက်သြားပါတယ္။ ေသးတဲ့အမႈန္ဟာ ေလထဲမွာနာရီဝက္အထိရွိေနႏိုင္တာကို ေတြ႕ရွိရပါတယ္။
ဒါေပမယ့္ Aerodynamics ႐ူပေဗဒ သေဘာတရားကို သင္ဖူးရင္ ဒီအမႈန္ေတြဟာ အက်ႌ၊ ဆံပင္ေပၚကပ္လို႔မလြယ္တာကို နားလည္ပါလိမ့္မယ္။ျပတင္းေပါက္ကေနထိုးေနခ်ိန္မွာ ေနေရာင္ထဲမွာ အမႈန္ေတြေတြ႕ရပါလိမ့္မယ္။
လက္နဲ႔လိုက္ဖမ္းၾကည့္ပါ။ လြင့္ေျပးသြားပါတယ္။ ေလထဲမွာဝဲေနတဲ့ မႈိ႕စကေလးကို လိုက္ဖမ္းၾကည့္ပါ။ ေျပးသြားတာေတြ႕ရပါလိမ့္မယ္။ ေရထဲမွာရွိတဲ့အနည္ကို လက္နဲ႔ထိဖို႔ႀကိဳးစားရင္ မလြယ္တာေတြ႕ရပါလိမ့္မယ္။
ၾကားခံေရထုေၾကာင့္ လိုက္ေလေျပးေလျဖစ္တာပါ။ ေလထဲမွာရွိတဲ့ေလထုဟာ က်ေနာ္တို႔ကိုအမႈန္ေတြနဲ႔ လြယ္လြယ္ကူကူမထိမိေအာင္ ကာကြယ္ေပးပါတယ္။
က်ေနာ္တို႔က ၿငိမ္ေနရင္လည္း ဖုန္တက္ျမန္တယ္။ အရမ္းျမန္ရင္လည္း ဖုန္တက္ျမန္ပါတယ္။ဒါ့ေၾကာင့္ က်ေနာ္တို႔ဟာ Social Distancing လို႔ေခၚတဲ့ ခပ္ခြာခြာဆက္ဆံျခင္းမူကို လက္ကိုင္ထားရင္ ေလထဲမွာရွိေနတဲ့အမႈန္ကို ေၾကာက္စရာမလိုပါ။
ဒါေပမယ့္ လူေတြၾကားထဲက်ပ္ညပ္ေဈးဝယ္ရရင္ ဆံပင္နဲ႔အက်ႌေပၚ ပိုးပါတဲ့အမႈန္ေတြ ဒါ႐ိုက္က်ႏိုင္တာမို႔ အက်ႌကို ေလွ်ာ္သင့္တယ္လို႔ အႀကံျပဳတာပါ။
ဆံပင္ေပၚအေနာက္ကေန တေယာက္ေယာက္ေခ်ာင္းဆိုးလိုက္တယ္ဆိုပါစို႔။ အိမ္ျပန္ေရာက္တာနဲ႔ ေခါင္းအုံးနဲ႔ ဆိုဖာေပၚ ေပၚလွဲမခ်ပါနဲ႔။ အထူးသျဖင့္ေခါင္းအုံးပါ။
တေယာက္ေယာက္က ဆံပင္ေပၚ တိုက္႐ိုက္ေခ်ာင္းဆိုးခဲ့ရင္ေတာင္မွအမ်ားစုကေလထဲလႊင့္သြားပါမယ္။ တကယ္ကူးေစတာက လက္ဆီကပါ။
ပိုးပမာဏ X ကို ဆံပင္ေပၚ ေရာက္ေစခဲ့ရင္ သင့္လက္နဲ႔ျပန္ထိမိမွာက X ထက္အမ်ားႀကီးနည္းတဲ့ပမာဏပါ။ အဲ့ဒီကေန သင့္ႏွာေခါင္း၊ ပါးစပ္ဆီျပန္ေရာက္မွာက အလြန္႔အလြန္နည္းတဲ့ပမဏပါ။
ဒီရက္ထဲ သမီးရည္းစားခ်ိန္းေတြ႕ရင္ ဆံပင္နမ္းတာေတာ့ သည္းခံၾကေပါ့။ေနာက္တစ္ခ်က္က ပိုးဟာကိုယ္ခႏၶာအေပၚပိုင္းကို ေလနဲ႔ဆန္မတက္ပဲ ကိုယ္ခႏၶာ ေအာက္ပိုင္းဘက္ကို ပိုေရာက္ပါတယ္။
ဒါ့ေၾကာင့္ဆံပင္ကို သိပ္စိတ္ပူစရာမရွိပါ။ ကိုဗစ္ကာလမွာ ဆံပင္တိုတို ထားၾကေပါ့။ဒါ့ေၾကာင့္ေဈးကျပန္လာရင္ အဓိကကလက္ကို အေသအခ်ာေဆးဖို႔ ျဖစ္ပါတယ္။ အဝတ္ကိုခါပစ္တာဟာ ေလထဲကိုပိုးေတြလြင့္ၿပီး သင္ျပန္ရႈမိတတ္ပါတယ္။
Hair dryer နဲ႔မႈတ္တာလည္း အဲ့ဒီအပူေလာက္နဲ႔ ပိုးမေသပါ။ အမႈန္ေတြကို သင္ရႈမိတတ္ပါတယ္။ဒီေနရာမွာ သိထားစရာတစ္ခုက ဗိုင္းရပ္စ္ပိုးရဲ႕သက္တမ္းတစ္ဝက္ေသႏႈန္း Half Life က မ်က္ႏွာျပင္ေပၚမွာ ေလထဲမွာပိုျမန္ပါတယ္။
ေနာက္တစ္ခုက အဝတ္ရဲ႕အသား Fabric က ေရဓာတ္ကိုစုပ္ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔အေပၚကိုက်ထားတဲ့ ပိုးကိုေသတာျမန္ေစပါတယ္။
လူဆီကပိုးကေျမႀကီးေပၚက်တယ္။ အဲ့ဒီပိုးကို ဖိနပ္က သယ္ေဆာင္လာပါတယ္။ တ႐ုတ္မွာ ICU ထဲစီးခဲ့တဲ့ ဖိနပ္တစ္ဝက္မွာ ပိုးသယ္လာတာေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ေဈးကျပန္လာရင္ဖိနပ္ကို လက္နဲ႔မကိုင္ပါနဲ႔။ အိမ္ထဲမစီးမိပါေစနဲ႔။ ကေလးေတြနဲ႔ ေဝးရာမွာထားပါ။
ဖိနပ္ကို Wet Tissue နဲ႔ မသုတ္ပါနဲ႔၊ Wet Tissue လည္းႏွေမ်ာစရာေကာင္းတဲ့အျပင္ လက္ေပၚလည္း ကူးေစႏိုင္ပါတယ္။အခုထိသတင္းစာ၊ စာ႐ြက္ဖတ္လို႔ ပိုးကူးတဲ့ Case မၾကားမိေသးပါဘူး။
New England Journal ရဲ႕ေလ့လာခ်က္အရ စာေစာင္ေတြကို မဖတ္ခင္ 24 နာရီထားၿပီးမွ ဖတ္ပါတဲ့။ စကၠဴေပၚမွာ 24 နာရီပဲအသက္ရွင္တယ္ဆိုပါတယ္။ စကၠဴကလည္းေရဓာတ္ကို စုပ္ယူတာမို႔ ပိုးကိုေသေစပါတယ္။crd
Unicode
ဈေးဝယ်ပြီး အိမ်ပြန်ရောက်ရင် အင်္ကျီ၊ ဖိနပ်၊ ဆံပင်၊ သတင်းစာတွေမှာ ကိုဗစ်ပိုး ကပ်ပါလာနိုင်သလား
အိမ်ပြန်ရောက်ရင်လေ အင်္ကျီလဲပြီး ခေါင်းကနေလောင်းပြီး ရေချိုးပစ်ရမှာလား? အပြင်ထွက်ရင် ဈေးထဲမှာ Social Distancing လုပ်ပြီး ခပ်ခွာခွာဈေးဝယ်ကြပါသလား
City Mart မှာ ဈေးဝယ်တယ်၊ ခပ်ခွာခွာရပ်တယ်။ လူတွေနဲ့ ထိတွေ့မှုနည်းတယ်။ ဒါဆိုရင် အင်္ကျီကို ချိတ်နဲ့ချိတ်ပြီး ပြန်လှမ်းထားလို့ ရတယ်လို့ ဆိုပါတယ်။
လူတွေကျပ်ညပ်နေတဲ့ ဈေးမျိုးမှာဝယ်ရတာဆိုရင်…တချို့ဈေးတွေမှာ ဆိုင်တွေကို ခွာထားတယ်။ လူတွေကို ခပ်ဝေးဝေးက တန်းစီခိုင်းတယ်။ ပစ္စည်းပေးရင်တောင် ဝါးလုံးနဲ့။
အဲ့လိုတကယ်လုပ်နိုင်ရင်ကောင်းပါတယ်။ ရန်ကုန်က ၇ လမ်းထိပ်တို့၊ ၁၈ လမ်းထိပ်တို့မှာတော့ လူတွေဆိုတာ တယောက်နဲ့တယောက် ပူးကပ်နေမြဲပါပဲ။ တိုးကြိတ်ဈေးဝယ်နေကြတာပါပဲ။
ဒါမျိုးဆို အိမ်ရောက်တာနဲ့ အဝတ်ကိုတန်းပြီးလျှော်မယ့်အထဲ ထည့်တာကောင်းပါတယ်။Social distancing ရှိတာနဲ့ အင်္ကျီပေါ်နဲ့ဆံပင်ပေါ်ကပ်နိုင်ခြေဘာလို့နည်းတာလဲ?လေ့လာချက်တစ်ချို့အရ
ချောင်းဆိုး၊ နှာချေပြီးရင် ဗိုင်းရပ်စ်ပါတဲ့အမှုန် အများစုဟာလေထဲမှာမနေပဲ မြေကြီးပေါ်ကျသွားပါတယ်။ သေးတဲ့အမှုန်ဟာ လေထဲမှာနာရီဝက်အထိရှိနေနိုင်တာကို တွေ့ရှိရပါတယ်။
ဒါပေမယ့် Aerodynamics ရူပဗေဒ သဘောတရားကို သင်ဖူးရင် ဒီအမှုန်တွေဟာ အင်္ကျီ၊ ဆံပင်ပေါ်ကပ်လို့မလွယ်တာကို နားလည်ပါလိမ့်မယ်။ပြတင်းပေါက်ကနေထိုးနေချိန်မှာ နေရောင်ထဲမှာ အမှုန်တွေတွေ့ရပါလိမ့်မယ်။
လက်နဲ့လိုက်ဖမ်းကြည့်ပါ။ လွင့်ပြေးသွားပါတယ်။ လေထဲမှာဝဲနေတဲ့ မှို့စကလေးကို လိုက်ဖမ်းကြည့်ပါ။ ပြေးသွားတာတွေ့ရပါလိမ့်မယ်။ ရေထဲမှာရှိတဲ့အနည်ကို လက်နဲ့ထိဖို့ကြိုးစားရင် မလွယ်တာတွေ့ရပါလိမ့်မယ်။
ကြားခံရေထုကြောင့် လိုက်လေပြေးလေဖြစ်တာပါ။ လေထဲမှာရှိတဲ့လေထုဟာ ကျနော်တို့ကိုအမှုန်တွေနဲ့ လွယ်လွယ်ကူကူမထိမိအောင် ကာကွယ်ပေးပါတယ်။
ကျနော်တို့က ငြိမ်နေရင်လည်း ဖုန်တက်မြန်တယ်။ အရမ်းမြန်ရင်လည်း ဖုန်တက်မြန်ပါတယ်။ဒါ့ကြောင့် ကျနော်တို့ဟာ Social Distancing လို့ခေါ်တဲ့ ခပ်ခွာခွာဆက်ဆံခြင်းမူကို လက်ကိုင်ထားရင် လေထဲမှာရှိနေတဲ့အမှုန်ကို ကြောက်စရာမလိုပါ။
ဒါပေမယ့် လူတွေကြားထဲကျပ်ညပ်ဈေးဝယ်ရရင် ဆံပင်နဲ့အင်္ကျီပေါ် ပိုးပါတဲ့အမှုန်တွေ ဒါရိုက်ကျနိုင်တာမို့ အင်္ကျီကို လျှော်သင့်တယ်လို့ အကြံပြုတာပါ။
ဆံပင်ပေါ်အနောက်ကနေ တယောက်ယောက်ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ အိမ်ပြန်ရောက်တာနဲ့ ခေါင်းအုံးနဲ့ ဆိုဖာပေါ် ပေါ်လှဲမချပါနဲ့။ အထူးသဖြင့်ခေါင်းအုံးပါ။
တယောက်ယောက်က ဆံပင်ပေါ် တိုက်ရိုက်ချောင်းဆိုးခဲ့ရင်တောင်မှအများစုကလေထဲလွှင့်သွားပါမယ်။ တကယ်ကူးစေတာက လက်ဆီကပါ။
ပိုးပမာဏ X ကို ဆံပင်ပေါ် ရောက်စေခဲ့ရင် သင့်လက်နဲ့ပြန်ထိမိမှာက X ထက်အများကြီးနည်းတဲ့ပမာဏပါ။ အဲ့ဒီကနေ သင့်နှာခေါင်း၊ ပါးစပ်ဆီပြန်ရောက်မှာက အလွန့်အလွန်နည်းတဲ့ပမဏပါ။
ဒီရက်ထဲ သမီးရည်းစားချိန်းတွေ့ရင် ဆံပင်နမ်းတာတော့ သည်းခံကြပေါ့။နောက်တစ်ချက်က ပိုးဟာကိုယ်ခန္ဓာအပေါ်ပိုင်းကို လေနဲ့ဆန်မတက်ပဲ ကိုယ်ခန္ဓာ အောက်ပိုင်းဘက်ကို ပိုရောက်ပါတယ်။
ဒါ့ကြောင့်ဆံပင်ကို သိပ်စိတ်ပူစရာမရှိပါ။ ကိုဗစ်ကာလမှာ ဆံပင်တိုတို ထားကြပေါ့။ဒါ့ကြောင့်ဈေးကပြန်လာရင် အဓိကကလက်ကို အသေအချာဆေးဖို့ ဖြစ်ပါတယ်။ အဝတ်ကိုခါပစ်တာဟာ လေထဲကိုပိုးတွေလွင့်ပြီး သင်ပြန်ရှုမိတတ်ပါတယ်။
Hair dryer နဲ့မှုတ်တာလည်း အဲ့ဒီအပူလောက်နဲ့ ပိုးမသေပါ။ အမှုန်တွေကို သင်ရှုမိတတ်ပါတယ်။ဒီနေရာမှာ သိထားစရာတစ်ခုက ဗိုင်းရပ်စ်ပိုးရဲ့သက်တမ်းတစ်ဝက်သေနှုန်း Half Life က မျက်နှာပြင်ပေါ်မှာ လေထဲမှာပိုမြန်ပါတယ်။
နောက်တစ်ခုက အဝတ်ရဲ့အသား Fabric က ရေဓာတ်ကိုစုပ်ပါတယ်။ အဲ့ဒါကြောင့် သူ့အပေါ်ကိုကျထားတဲ့ ပိုးကိုသေတာမြန်စေပါတယ်။
လူဆီကပိုးကမြေကြီးပေါ်ကျတယ်။ အဲ့ဒီပိုးကို ဖိနပ်က သယ်ဆောင်လာပါတယ်။ တရုတ်မှာ ICU ထဲစီးခဲ့တဲ့ ဖိနပ်တစ်ဝက်မှာ ပိုးသယ်လာတာတွေ့ရပါတယ်။ ဒါ့ကြောင့်ဈေးကပြန်လာရင်ဖိနပ်ကို လက်နဲ့မကိုင်ပါနဲ့။ အိမ်ထဲမစီးမိပါစေနဲ့။ ကလေးတွေနဲ့ ဝေးရာမှာထားပါ။
ဖိနပ်ကို Wet Tissue နဲ့ မသုတ်ပါနဲ့၊ Wet Tissue လည်းနှမျောစရာကောင်းတဲ့အပြင် လက်ပေါ်လည်း ကူးစေနိုင်ပါတယ်။အခုထိသတင်းစာ၊ စာရွက်ဖတ်လို့ ပိုးကူးတဲ့ Case မကြားမိသေးပါဘူး။
New England Journal ရဲ့လေ့လာချက်အရ စာစောင်တွေကို မဖတ်ခင် 24 နာရီထားပြီးမှ ဖတ်ပါတဲ့။ စက္ကူပေါ်မှာ 24 နာရီပဲအသက်ရှင်တယ်ဆိုပါတယ်။ စက္ကူကလည်းရေဓာတ်ကို စုပ်ယူတာမို့ ပိုးကိုသေစေပါတယ်။crd