Zawgyi
Unicode
အရင်ဘဝက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာ သာ ဘုန်ကြီးတစ်ပါး ဖြစ်ဖူးခဲ့တဲ့ အ ကြောင်းပြောပြလာတဲ့ မစ်ကီ
ဂျာမနီနိုင်ငံသား အဆိုတော် မစ်ကီကိုတော့ တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဥ ရောပသားဖြစ်ပေမယ့်လည်း မြန်မာစကားကိုလည်လည်ဝယ်ဝယ်ပြောတတ်ပြီး
ချစ်စရာကောင်း တဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်လည်းအခိုင်အမာ ရရှိလာတာ ဖြစ်ပါတယ်။ မစ်ကီက တော့ မြန်မာနိုင်ငံကို ချစ်ရုံသာမက မြန်မာမလေးနဲ့လည်း ချစ်ကြိုးသွယ်နေပြီ ဖြစ်ပါတယ်။
မစ်ကီဟာ သူ့ရဲ့ချစ်သူ မြန်မာမလေး စုစုနဲ့အတူ ဘုရားရှိခိုးလေ့ရှိတယ်လို့ သိရပြီး ဗုဒ္ဓဘာသာကို လည်း စိတ်ပါဝင်စားတယ်လို့ သိရပါတယ်ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ သူဟာအ ရင် ဘဝက ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်ခဲ့ဖူးတယ်လို့ ဆိုလာခဲ့တာပါ
မစ်ကီက ” စုစုက တနေ့ကိုတနာရီခွဲ လောက်ဘုရားရှိခိုးတယ် ကျွန်တော်လည်း အဲ့ဒီအချိန် တွေ မှာ ဝင်ရှိခိုးဖြစ်တယ် ဗုဒ္ဓဘာသာကိုလည်း အရမ်းစိတ်ဝင်စားတယ် ကျွန်တော် ရေစက်ဆိုတာကို ၁၀၀ ရာခိုင်နှုန်းယုံကြည်တယ်
ကျွန်တော် ရေစက်ကြောင့် မြန်မာနိုင်ငံကို ရောက်လာတာ တခါ ဂျာ မနီမှာ အရမ်းတိုင်ပတ်နေတယ် ဘာလုပ်ရင်ကောင်းနလဲပေါ့ မြန်မာနိုင်ငံကိုမလာခင် ကျွန် တော်အဲ့ဒီမှာချောကလက်မုန့်တစ်ခုတွေ့တယ် အဲ့ဒီထဲမှာ surprise တစ်ခုပါတယ်ပေါ့
ကျွန်တော့ အဲ့ဒီမှာ သူငယ်ချင်းကိုပြောတယ် ဒီချောကလက်မုန့်ထဲမှာ ငါ့ရေစက်ပါမယ်လို့ ကျွန် တော်ဖွင့် တဲ့ အ ချိန်မှာ လုံးဝလေယာဉ်ပုံစံ မြန်မာအလံအရောင်နဲ့ အဲ့ဒါနဲ့ ဒါဆို မြန်မာ သွားမယ် နဂိုတည်းက
မြန်မာကိုစိတ်ဝင်စားပြီးသား လေယာဉ်တွေ့တဲ့အခါမှာတော့ မြန်မာကို သွားမယ်လို့ ဆုံးဖြတ် လိုက် တာဒီရောက်တော့ ဗေဒင်ဆရာတစ်ယောက်ကပြောတယ် မစ်ကီအရင်ဘဝက ဘုန်းကြီးတစ်ပါးဖြစ် ခဲ့ဖူးတယ်
အဲ့လိုပုံစံပြောထားတယ် အဲ့တော့ ဗေဒင်ကို ၁၀၀ ရာခိုင်နှုန်းယုံတာမဟုတ်ဘူး ဒါပေမ ယ့် ဖြစ်နိုင်တယ်ကျွန်တော်အနည်းဆုံး နိုင်ငံ ၄ နိုင်ငံမှာနေခဲ့ဖူးတယ် ဒါပေမယ့် အဲ့ဒီနိုင်ငံတွေကို မြန်မာလောက်ချစ်တာမဟုတ်ဘူးလေ
ကျွန်တော်မြန်မာနိုင်ငံကိုရွေးထားတယ် ဘာကြောင့်ရွေး တာလဲတော့မသိဘူး Maybe ရေစက်ကြောင့်ဖြစ်မယ်ပေါ့ “. လို့ ဆိုလာခဲ့တာပါမစ်ကီကတော့ သူဟာအရင်ဘဝက ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်ခဲ့ဖူးတယ်လို့
ဗေဒင်ဆရာ ရဲ့ဟောကြားမှုအပေါ် ဖြစ်နိုင်ကြောင်း ပြောကြခဲ့တာပါ ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ မစ်ကီ ကတကယ် အရင်ဘဝက ဘုန်းကြီးဖြစ်နိုင်မလားဆိုတာ ကိုယ့်ရဲ့ ထင်မြင်ချက်ကလေးကို မျှဝေ ခဲ့ကြပါအုန်းနော်