စိတ်နှလုံးလှတဲ့ ဆ၇ာဝန်မလေး ပိုးမမှီသာ
Zawgyi
Unicode
ကိုဗစ်ကာလ ဆေးရုံမှာတစ်ညလုံးအလုပ်လုပ်နေရပြီး မနက် (၅)နာရီလောက်မှနားရတဲ့ ဆရာဝန်မလေး ပိုးမမှီသာ
အနုပညာလောကမှာ စတင်အောင်မြင်နေပြီဖြစ်တဲ့ ဆရာဝန်မလေး ပိုးမမှီသာကိုတော့ ပရိသတ်တွေအားလုံးကလည်း သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။
ပိုးမမှီသာက ချိုမြိန်တဲ့အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် Social Media ထက်မှာ လူသိများအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ် ။
နောက်ပိုင်းမှာတော့ ပိုးမမှီသာက ကြော်ငြာတွေလက်ခံရိုက်ကူးရင်း ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားကြီးမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် အရည်အချင်းအပြည့်ရှိတဲ့ ပိုးမမှီသာကို အားလုံးကလည်းချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။
ပိုးမမှီသာက ဆရာဝန်မလေးအဖြစ် ဘဝကို ဆက်လက်လျှောက်လှမ်းနေသလို အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အခုလို ကိုဗစ် 19 ကာလမှာလည်း ပိုးမမှီသာက ဆေးရုံမှာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။အခုလည်း ပိုးမမှီသာက ဆေးရုံမှာ Duty ကျရင်း ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို သူမရဲ့My Story မှာတင်ထားတာ ဖြစ်ပါတယ် ။
အလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ ပိုးမမှီသာကတော့ စိတ်သဘောထားပြည့်ဝပြီး အရမ်းချစ်ဖို့ကောင်းသူလေးလည်း ဖြစ်ပါတယ် ။crd