Q စင်တာတွေအတွက်အောက်ဆီဂျင်အသက်ရှုစက် လှူဒါန်းခဲ့တဲနှင်းဆီရင်ခွင်ဖောင်ဒေးရှင်း
Zawgyi
Unicode
Q CENTERတွေအတွက်အောက်ဆီဂျင်အသက်ရှုစက်(၁၅)လုံးတိတိလှူဒါန်းခဲ့တဲနှင်းဆီရင်ခွင်ဖောင်ဒေးရှင်း
လက်ရှိဖြစ်ပွားလျက်ရှိသောcovide-19 ထိန်းချုပ်ရေးအတွက် အနုပညာရှင်းမြောက်မြားစွာက ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။အဖက်ဖက်က ဝိုင်းဝန်းကူညီတိုက်ထုတ်ပေးလျက်ရှိတဲ့အထဲမှာ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း လည်းအပါအဝင်ဖြစ်ပါတယ်။
နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေး နှင့် မင်းမော်ကွန်းတို့ အနုပညာညီကိုတစ်တွေ စတင် တည်ထောင်ခဲ့တဲ့နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း မှ လိုအပ်လျက်ရှိသော Q centerများသို့ အောက်ဆီဂျင်အသက်ရှုစက်များ လှူဒါန်းခဲ့ပါတယ်။
နှင်းဆီရင်ခွင်လူမှူကူညီရေး ဖောင်ဒေးရှင်းမှ…..အောက်ဆီဂျင် အသက်ရှူစက်များကိုအောင်မြင့်မိုရ်အိမ်ရာစခန်း Q Center သို့၅လုံး။
YCC yangon Convention Centerတွင်အသစ်ဖွင့်လှစ်ထားသော Q center သို့ ၅လုံး နှင့်Fortune Plaza တွင်ရှိသာQCenterသို့၅လုံး အသီးသီးဖြင့်စုစုပေါင်းအောက်စီဂျင်အသက်ရှူစက် ၁၅လုံးတိတိလှူဒါန်းခဲ့ပါတယ်။
နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းကတော့ လိုအပ်ရင် လိုအပ်တဲ့ နေရာတွေမှာ လိုက်လံဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိပါတယ်။
ပည်သူ့အချစ်တော် မင်းသားချောတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းကတော့လိုအပ်တဲ့နေရာတွေလှူဒါန်းဖို့ဆို သူတို့ကိုယ်တိုင် ရန်ပုံငွေအငြိမ့်ပွဲများ ပြုလုပ်ပြီး လှူဒါန်းပေးကြတာပရိတ်သတ်ကြီးတို့လည်း သိရှိကြမှာပါ။
နှင်းဆီရင်ခွင် ဖောင်ဒေးရှင်း အလှူအတွက် ကြည်ညိုသဒ္ဓါပွားနိုင်စေဖို့ လှူဒါန်းမှု ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။ခရက်ဒစ်