ယုန္ေလးရဲ႕VIDEO နဲ႔ပတ္သက္ၿပီးျပတ္ျပတ္သားသားေျပာလိုက္တဲ့ ေမတိုးခိုင္
Zawgyi
ယုန္ေလးရဲ႕ VIDEO နဲ႔ပတ္သက္ၿပီး ျပတ္ျပတ္သားသားေျပာလိုက္တဲ့ ေမတိုးခိုင္
သ႐ုပ္ေဆာင္နဲ႔ ေမာ္ဒယ္လ္ေမတိုးခိုင္ကေတာ့ ေအးေဆးစြာေနတတ္သူတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြနဲ႔ စိတ္ခံစားခ်က္ေတာ္ေတာ္မ်ားမ်ားကို လူမႈကြန္ယက္မွာ ခ်ျပေလ့မရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ ဒီကေန႔မွာေတာ့ ေမတိုးခိုင္က လူမႈကြန္ယက္မွာ နာမည္ႀကီးေနတဲ့ ေၾကာ္ျငာဗီဒီယိုနဲ႔ ပက္သတ္ၿပီး သူမရဲ႕ အျမင္ကို ေျပာလာၿပီး ဟာသလို႔ေခါင္းစဥ္တပ္ၿပီးအမ်ိဳးသမီးေတြကို ေစာက္ကားဖို႔ အားေပးတဲ့ ဗီဒီယိုေတြကို ရႈံ႕ခ်ပါတယ္လို႔ ျပတ္သားစြာေျပာလာတာကို အခုလိုပဲ ေတြ႕ရပါတယ္။
“ဒီႏိုင္ငံက လိင္ခြဲျခားမႈ၊ လူမ်ိဳးေရးခြဲျခားမႈ အစရွိတာေတြကို အေျခခံထားတဲ့ ဟာသေတြကို ျမင္ရတာ စိတ္ကုန္လာၿပီ။ လူတစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ေလးစားမႈက သူတို႔ဝတ္တဲ့ အဝတ္အစားမ်ိဳးကေန ဘယ္ေတာ့မွ မလာသင့္ဘူ။
လူသိထင္ရွားတဲ့လူေတြအေနနဲ႔ ေကာင္းတဲ့အမူအက်င့္ေတြကိုသာ လႊမ္းမိုးၿပီး လူေတြကို ပညာေပးသင့္တယ္။ ပရိသတ္ေတြရဲဦးေႏွာက္ထဲကို မွားယြင္းတဲ့အသိဉာဏ္ေတြ မထည့္သင့္ဘူး ။
ဒီ video ထဲမွာ ရီစရာဆိုတာ တစ္ပိုင္းမွ မရွိဘူး။ ကြၽန္မတို႔ မွားယြင္းတဲ့အရာေတြကိုဆန႔္က်င္ဖို႔အခ်ိန္က်ၿပီ။ တစ္ခ်ိန္တည္းမွာပဲ လူေတာ္ေတာ္မ်ားမ်ားက အဲ့ဒီဗီဒီယိုကို ေဝဖန္ဆန႔္က်င္ေနၾကတာကို ျမင္ရတာ ဝမ္းသာတယ္။
ဗီဒီယိုကို အားေပးၿပီး ရယ္ေမာေနၾကတာကို ျမင္ရတာ ႐ြံတယ္။ဒါက အႏုပညာမဟုတ္ဘူး။ ဒါက လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈပဲ။အမ်ိဳးသမီးေတြအတြက္ လုံၿခဳံၿပီး လုံၿခဳံတဲ့ လူမႈအသိုင္းအဝိုင္းတစ္ခု ဖန္တီးႏိုင္ဖို႔ ကြၽန္မတို႔အတြက္ အလုပ္ေတြ အမ်ားႀကီးရွိပါတယ္။
”“ဟာသဟာသ ဆိုၿပီး ခဏခဏေတြ႕ေနရတဲ့ ဒီဗီဒီယိုေတြက ရယ္စရာတစ္စက္မွ မပါတဲ့ အျပင္ အမ်ိဳးသမီးေတြကိုေစာ္ကားဖို႔ အားေပးတဲ့ Video ေတြကိုရႈံ႕ခ်ပါတယ္။
ကြၽန္မတို႔လူ႔အဖြဲ႕အစည္းတစ္ခုမွာ အမ်ိဳးသမီးတစ္ေယာက္ကို -ိင္ပိုင္းဆိုင္ရာအေႏွာင့္အယွက္ေပးတာက လုပ္ပိုင္ခြင့္ရွိတဲ့အရာဆိုၿပီးျပလိုက္သလိုပါပဲ။
အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ျပည္သူကို ေပးရမဲ့ message ကေတာ့ ေတာ္ေတာ္ကိုလြဲေနပါတယ္။ တစ္စက္မွကိုရယ္စရာေကာင္းမေနပါဘူး။ဝမ္းနည္းစရာေကာင္းပါတယ္။ ႐ြံစရာေကာင္းပါတယ္။
စိတ္တိုဖို႔ေကာင္းလို႔ ကြၽန္မကေတာ့ မ share ပဲ report လုပ္လိုက္ပါတယ္။ ကြၽန္မတို႔ မိန္းကေလးေတြအတြက္စိတ္ခ်ရတဲ့ အသိုင္းအဝိုင္းတစ္ခုျဖစ္ဖို႔အတြက္ အမ်ားႀကီးလိုပါေသးတယ္။
အဲ့အခ်ိန္တစ္ခုကို ေရာက္ဖို႔လည္းကိုယ့္ဟာကိုယ္ တိုက္ၾကရမွာပါ။ ရင္ထဲေတာ့တကယ္မေကာင္းဘူး…” ဆိုၿပီး သူမရဲ႕ အျမင္ကို ေျပာလာပါတယ္။ေမတိုးခိုင္ရဲ႕ အဆိုကို ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ယြန္းဝတီလြင္မိုးကလည္း အားေပးေထာက္ခံထားတာပဲ ျဖစ္ပါတယ္။
ပရိသတ္ႀကီးေရာ ေမတိုးခိုင္ေျပာတာကို ဘယ္လိုထင္ျမင္ယူဆလဲေျပာျပေပးခဲ့ၾကပါဦး။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Unicode
ယုန်လေးရဲ့ VIDEO နဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောလိုက်တဲ့ မေတိုးခိုင်
သရုပ်ဆောင်နဲ့ မော်ဒယ်လ်မေတိုးခိုင်ကတော့ အေးဆေးစွာနေတတ်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ စိတ်ခံစားချက်တော်တော်များများကို လူမှုကွန်ယက်မှာ ချပြလေ့မရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကနေ့မှာတော့ မေတိုးခိုင်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကြော်ငြာဗီဒီယိုနဲ့ ပက်သတ်ပြီး သူမရဲ့ အမြင်ကို ပြောလာပြီး ဟာသလို့ခေါင်းစဉ်တပ်ပြီးအမျိုးသမီးတွေကို စောက်ကားဖို့ အားပေးတဲ့ ဗီဒီယိုတွေကို ရှုံ့ချပါတယ်လို့ ပြတ်သားစွာပြောလာတာကို အခုလိုပဲ တွေ့ရပါတယ်။
“ဒီနိုင်ငံက လိင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု အစရှိတာတွေကို အခြေခံထားတဲ့ ဟာသတွေကို မြင်ရတာ စိတ်ကုန်လာပြီ။ လူတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုက သူတို့ဝတ်တဲ့ အဝတ်အစားမျိုးကနေ ဘယ်တော့မှ မလာသင့်ဘူ။
လူသိထင်ရှားတဲ့လူတွေအနေနဲ့ ကောင်းတဲ့အမူအကျင့်တွေကိုသာ လွှမ်းမိုးပြီး လူတွေကို ပညာပေးသင့်တယ်။ ပရိသတ်တွေရဲဦးနှောက်ထဲကို မှားယွင်းတဲ့အသိဉာဏ်တွေ မထည့်သင့်ဘူး ။
ဒီ video ထဲမှာ ရီစရာဆိုတာ တစ်ပိုင်းမှ မရှိဘူး။ ကျွန်မတို့ မှားယွင်းတဲ့အရာတွေကိုဆန့်ကျင်ဖို့အချိန်ကျပြီ။ တစ်ချိန်တည်းမှာပဲ လူတော်တော်များများက အဲ့ဒီဗီဒီယိုကို ဝေဖန်ဆန့်ကျင်နေကြတာကို မြင်ရတာ ဝမ်းသာတယ်။
ဗီဒီယိုကို အားပေးပြီး ရယ်မောနေကြတာကို မြင်ရတာ ရွံတယ်။ဒါက အနုပညာမဟုတ်ဘူး။ ဒါက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုပဲ။အမျိုးသမီးတွေအတွက် လုံခြုံပြီး လုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖန်တီးနိုင်ဖို့ ကျွန်မတို့အတွက် အလုပ်တွေ အများကြီးရှိပါတယ်။
”“ဟာသဟာသ ဆိုပြီး ခဏခဏတွေ့နေရတဲ့ ဒီဗီဒီယိုတွေက ရယ်စရာတစ်စက်မှ မပါတဲ့ အပြင် အမျိုးသမီးတွေကိုစော်ကားဖို့ အားပေးတဲ့ Video တွေကိုရှုံ့ချပါတယ်။
ကျွန်မတို့လူ့အဖွဲ့အစည်းတစ်ခုမှာ အမျိုးသမီးတစ်ယောက်ကို -ိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးတာက လုပ်ပိုင်ခွင့်ရှိတဲ့အရာဆိုပြီးပြလိုက်သလိုပါပဲ။
အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူကို ပေးရမဲ့ message ကတော့ တော်တော်ကိုလွဲနေပါတယ်။ တစ်စက်မှကိုရယ်စရာကောင်းမနေပါဘူး။ဝမ်းနည်းစရာကောင်းပါတယ်။ ရွံစရာကောင်းပါတယ်။
စိတ်တိုဖို့ကောင်းလို့ ကျွန်မကတော့ မ share ပဲ report လုပ်လိုက်ပါတယ်။ ကျွန်မတို့ မိန်းကလေးတွေအတွက်စိတ်ချရတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်ဖို့အတွက် အများကြီးလိုပါသေးတယ်။
အဲ့အချိန်တစ်ခုကို ရောက်ဖို့လည်းကိုယ့်ဟာကိုယ် တိုက်ကြရမှာပါ။ ရင်ထဲတော့တကယ်မကောင်းဘူး…” ဆိုပြီး သူမရဲ့ အမြင်ကို ပြောလာပါတယ်။မေတိုးခိုင်ရဲ့ အဆိုကို နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးကလည်း အားပေးထောက်ခံထားတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရော မေတိုးခိုင်ပြောတာကို ဘယ်လိုထင်မြင်ယူဆလဲပြောပြပေးခဲ့ကြပါဦး။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။