ကိုဗစ္ကူးစက္ခံထားရေပမယ့္ ဆရာဝန္ျဖစ္တဲ့အတြက္ စင္တာထဲက လူနာအခ်င္းခ်င္းကို ကူညီၾကည့္ရႈေပးေနတဲ့ ေမာင္

Zawgyi

ကိုဗစ္ကူးစက္ခံထားရေပမယ့္ ဆရာဝန္ျဖစ္တဲ့အတြက္ စင္တာထဲက လူနာအခ်င္းခ်င္းကို ကူညီၾကည့္ရႈေပးေနတဲ့ ေမာင္

သ႐ုပ္ေဆာင္ ေမာင္ကေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္ေပမယ့္ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္စဥ္က သူ႔ရဲ႕ ဆရာဝန္အလုပ္ကို ရပ္နားခဲ့တာပဲ ျဖစ္ပါတယ္။

အခု အႏုပညာအလုပ္ေတြကို ရပ္နားလိုက္ခ်ိန္မွာေတာ့ ေမာင္က ျမန္မာႏိုင္ငံဆရာဝန္အသင္းကထုတ္ေပးတဲ့ ေဆးကုသခြင့္လိုင္စင္ကို ရရွိသြားၿပီဆိုေပမယ့္စီးပြားေရးအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနလ်က္ရွိပါတယ္။

လတ္တေလာမွာေတာ့ ေမာင္က သူကိုယ္တိုင္ Covid -19 ေရာဂါပိုး ကူးစက္ခံထားရတာေၾကာင့္ဧရာဝတီစင္တာမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။

ေမာင္ကေတာ့ Covid လူနာျဖစ္ေနေပမယ့္ ဆရာဝန္ျဖစ္တဲ့အတြက္စင္တာထဲက လူနာအခ်င္းခ်င္းကို ကူညီေပးေနလ်က္ရွိပါတယ္။

ဒီကေန႔မွာလည္း ေမာင္က “ကြၽန္ေတာ္ကအထဲေရာက္ၿပီးသားလူနာျဖစ္ေနတဲ့အခါက် PPEဝတ္စရာမလိုဘဲ လူနာအခ်င္းခ်င္း ၾကည့္ေပးလို႔ရတာေပါ့ဗ်ာ ..

ဘာပဲျဖစ္ျဖစ္ကူညီခြင့္ရတာကို ပဲဝမ္းသာမိပါတယ္..( ပုံပို႔ေပးတဲ့ညီေလးလည္း ေက်းဇူးပါ..အမွတ္တရျဖစ္သြားတာေပါ့)ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာအမွတ္တရေျပာလာပါတယ္။

ေမာင္ကေတာ့ သူကိုယ္တိုင္ ေဆးကုသခံေနရတဲ့အခ်ိန္ေတြမွာ အခ်ိန္ေတြကိုအလကားမကုန္ဆုံးပစ္ပဲ လူနာအခ်င္းခ်င္း ႐ိုင္းပင္းကူညီေပးေနလ်က္ရွိပါတယ္။

ပရိသတ္ႀကီးလည္း ေမာင္တစ္ေယာက္ အျမန္ဆုံး ေနေကာင္းသက္သာလာမို႔ဆုေတာင္းေပးၾကပါဦးေနာ္။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

ကိုဗစ်ကူးစက်ခံထားရပေမယ့် ဆရာဝန်ဖြစ်တဲ့အတွက် စင်တာထဲက လူနာအချင်းချင်းကို ကူညီကြည့်ရှုပေးနေတဲ့ မောင်

သရုပ်ဆောင် မောင်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေကိုလုပ်ကိုင်စဉ်က သူ့ရဲ့ ဆရာဝန်အလုပ်ကို ရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။

အခု အနုပညာအလုပ်တွေကို ရပ်နားလိုက်ချိန်မှာတော့ မောင်က မြန်မာနိုင်ငံဆရာဝန်အသင်းကထုတ်ပေးတဲ့ ဆေးကုသခွင့်လိုင်စင်ကို ရရှိသွားပြီဆိုပေမယ့်စီးပွားရေးအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။

လတ်တလောမှာတော့ မောင်က သူကိုယ်တိုင် Covid -19 ရောဂါပိုး ကူးစက်ခံထားရတာကြောင့်ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။

မောင်ကတော့ Covid လူနာဖြစ်နေပေမယ့် ဆရာဝန်ဖြစ်တဲ့အတွက်စင်တာထဲက လူနာအချင်းချင်းကို ကူညီပေးနေလျက်ရှိပါတယ်။

ဒီကနေ့မှာလည်း မောင်က “ကျွန်တော်ကအထဲရောက်ပြီးသားလူနာဖြစ်နေတဲ့အခါကျ PPEဝတ်စရာမလိုဘဲ လူနာအချင်းချင်း ကြည့်ပေးလို့ရတာပေါ့ဗျာ ..

ဘာပဲဖြစ်ဖြစ်ကူညီခွင့်ရတာကို ပဲဝမ်းသာမိပါတယ်..( ပုံပို့ပေးတဲ့ညီလေးလည်း ကျေးဇူးပါ..အမှတ်တရဖြစ်သွားတာပေါ့)ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာအမှတ်တရပြောလာပါတယ်။

မောင်ကတော့ သူကိုယ်တိုင် ဆေးကုသခံနေရတဲ့အချိန်တွေမှာ အချိန်တွေကိုအလကားမကုန်ဆုံးပစ်ပဲ လူနာအချင်းချင်း ရိုင်းပင်းကူညီပေးနေလျက်ရှိပါတယ်။

ပရိသတ်ကြီးလည်း မောင်တစ်ယောက် အမြန်ဆုံး နေကောင်းသက်သာလာမို့ဆုတောင်းပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။