Zawgyi
Unicode
ကိုယ့်ဝင်ငွေကိုယ် ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား
ကိုယ့်ဝင်ငွေကိုယ်ရှာပြီးကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့စိတ်နေစိတ်ထားမိန်းကလေးတွေဟာသဘာဝအားဖြင့် အားနွဲ့တယ်၊စိတ်ပျော့တယ်ဆိုပေမယ့်မှီခိုချင်တဲ့သူတွေတော့မဟုတ်ပါဘူး။
မိသားစုကချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေကိုယ့်ဝင်ငွေကိုယ်ရှာပြီးကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးတွေဆိုတာဒီလိုပါ ။
(၁)နှမြောတတ်တယ်ဒီလိုမိန်းကလေးတွေဟာအရမ်းနှမြောတတ်တဲ့သူတွေပါ။ဈေးဝယ်တဲ့အခါမှာလည်းအရမ်းဈေးကြီးတာမျိုးဆိုရင်ကိုယ့်မှာရှိနေရင်တောင်မဝယ်ပါဘူး။ဈေးကြီးတဲ့အဝတ်အစားတွေ၊ဈေးကြီးတဲ့အစားအစာတွေကိုချင့်ချိန်ပြီးမှဝယ်တတ်
စားတတ်တဲ့သူတွေပါအစားအသောက်ကျန်နေရင်အရမ်းနှမြောတတ်သလို၊ကိုယ့်ပစ္စည်းလေးတစ်ခုခုပျောက်သွားခဲ့ရင်တောင်အရမ်းနှမြောတတ်ပါတယ်။ကိုယ့်ဝင်ငွေကိုယ်ရှာပြီးကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးတွေရဲ့စိတ်နေစိတ်ထား
(၂) ချွေတာတတ်တယ်ဒီလိုမိန်းကလေးတွေဟာအရမ်းချွေတာတတ်တဲ့သူတွေပါ။ဘယ်တော့မှဈေးမဆစ်ပဲဈေးဝယ်လေ့မရှိပါဘူး။ငွေကုန်ကြေးကျသက်သာမယ့်နည်းလမ်းလေးတွေကို
အမြဲတမ်းစဉ်းစားတတ်သလို၊ပိုက်ဆံကိုချွေချွေတာတာသုံးတတ်တဲ့သူတွေပါ။ပိုက်ဆံရှာရတာဘယ်လောက်ခက်ခဲမှန်းကောင်းကောင်းနားလည်တဲ့သူတွေပါ။
(၃)ချုပ်ခြယ်တာတွေမကြိုက်ဘူးဒီလိုမိန်းကလေးတွေဟာချုပ်ခြယ်တာတွေ၊အမိန့်ပေးတာတွေ၊တမင်သက် သက်အနိုင်ကျင့်စော်ကားတာမျိုးတွေကိုလုံးဝမကြိုက်ပါဘူး။မဟုတ်ရင်မခံတဲ့သူတွေ ဖြစ်ပါတယ်။
ကိုယ်မှားနေရင်ဒူးထောက်တောင်းပန်ဖို့ဝန်မလေးသလို၊ကိုယ်မှန်နေရင်လည်းအဆုံးထိရင်ဆိုင်ရဲတဲ့သူတွေပါကိုယ့်ဝင်ငွေကိုယ်ရှာပြီးကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား
(၄)ကြိုးစားတယ်ဒီလိုမိန်းကလေးတွေဟာကြိုးစားချင်စိတ်အပြည့်ရှိတဲ့သူတွေပါသူများတွေရဲ့အမြင်မှာဘာမှမဟုတ်တာလည်း ဖြစ်ရင်ဖြစ်မယ်ဒါပေမယ့်လည်းကြီးမားတဲ့စိတ်ကူးအိပ်မက်တွေ၊ရည်မှန်းချက်တွေကိုပိုင်ဆိုင်ထားပြီးတကယ်လည်းကြိုးစားတဲ့သူတွေပါ။
(၅)မခံချင်စိတ်ရှိတယ်ဒီလိုမိန်းကလေးတွေဟာမနာလိုစိတ်တော့မရှိပေမယ့်မခံချင်စိတ်ရှိတဲ့သူတွေပါကိုယ့်ရဲ့ရွယ်တူ တန်းတူတွေနဲ့ယှဉ်လာရင်ဘယ်တော့မှအောက်ကျနောက်ကျမဖြစ်ချင်တဲ့သူတွေပါ။ဒါကြောင့်အမြဲလိုလိုကြိုးစားပြီးဝီရိယကြီးတဲ့ သူတွေပါ။