သ႐ုပ္ေဆာင္ မင္းေသြးဆုံးတာ (၂)ႏွစ္ျပည့္သြားေပမဲ့ မေန႔တေန႔ကလိုဘဲ ထင္ေနတဲ့ ေနတိုး
Zawgyi
သ႐ုပ္ေဆာင္ မင္းေသြးဆုံးတာ (၂)ႏွစ္ျပည့္သြားေပမဲ့ မေန႔တေန႔ကလိုဘဲ ထင္ေနတဲ့ ေနတိုး
ဒီေန႔ဟာ သ႐ုပ္ေဆာင္ မင္းေသြး ကြယ္လြန္တာ (၂) ႏွစ္ျပည့္တဲ့ေန႔ေလးမွာ အစ္ကိုျဖစ္သူ ေနတိုးက အမွတ္တရအေနနဲ႔ မင္းေသြးကိုယ္တိုင္ သီဆိုထားတဲ့ သီခ်င္းေလးကို ပရိတ္သတ္နဲ႔ မိတ္ဆက္ေပးလာခဲ့ပါတယ္။
ဒီေန႔ ေအာက္တိုဘာလ (၃) ရက္ဟာ သ႐ုပ္ေဆာင္ မင္းေသြး ကြယ္လြန္သြားတာ (၂) ႏွစ္ျပည့္သြားခဲ့ပါၿပီ။ ပရိတ္သတ္အတြက္ အမွတ္တရအေနနဲ႔ အစ္ကိုျဖစ္သူ ေနတိုးက မင္းေသြးကိုယ္တိုင္ သီဆိုထားတဲ့ ဟင္းလင္းျပင္ဆိုတဲ့ Music Video ေလးကိုလည္း ေရးသားေဖာ္ျပလာခဲ့ပါတယ္။
ဒီေန႔က ကြၽန္ေတာ္တို႔အားလုံးကို မင္းေသြးႏႈတ္မဆက္ပဲထြက္သြားခဲ့တာ(၂)ႏွစ္ျပည့္ခဲ့ၿပီ။မတည္ၿမဲျခင္းဆိုတဲ့သခၤါရတရားကိုသူလုပ္ခဲ့တဲ့အႏုပညာနဲ႔ျပသထားတဲ့MVေလးကိုမင္းေသြးရဲ႕ပရိတ္သတ္မ်ားအားလုံးအတြက္မွ်ေဝေပးလိုက္ပါတယ ာ
ေအာက္တိုဘာလ(၃) ရက္ေန႔ ေန႔လယ္ (၁) နာရီေက်ာ္ကေနတိုးက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွတဆင့္ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဟင္းလင္းျပင္ သီခ်င္းေလးရဲ႕ ပုံစံကေတာ့ လူ႔ဘဝကိုခဏတာ ေရာက္ရွိလာတဲ့ အခ်ိန္မွာ
ရင္ဆိုင္ ႀကဳံေတြ႕ ျဖတ္သန္းရတဲ့ သခၤါရတရားေတြကို မင္းေသြးက သီခ်င္းေလးနဲ႔ ပုံေဖာ္႐ိုက္ကူးထားတာဘဲျဖစ္ပါတယ္။သီခ်င္းေလးကို နားေထာင္ရတဲ့ ပရိတ္သတ္တိုင္းကေတာ့ ဝမ္းနည္းေနမိၾကမယ္လို႔ ထင္ပါတယ္။
ဒီသီခ်င္းေလးထဲမွာ မင္းေသြးနဲ႔ခ်စ္သူေကာင္မေလးတို႔ရဲ႕ အမွတ္တရ ဗီဒီယိုေလးေတြကို ထည့္သြင္းၿပီး ပုံေဖာ္ထားတာကိုလည္း ျမင္ေတြ႕ရမွာပါ။ မင္းေသြးကို ခ်စ္ခင္ေလးစား ၾက
တဲ့ ပရိတ္သတ္ေတြကေတာ့ ဒီ သီခ်င္းေလးကိုအားေပးရင္း မင္းေသြးကို သတိရတဲ့ အေၾကာင္းေတြ Comment မွာလည္း ေရးသားထားတာကို ျမင္ေတြ႕ရပါတယ္။ေနတိုးကိုယ္တိုင္ကလည္း ညီျဖစ္သူ မင္းေသြးကို မေမ့ႏိုင္ေသးတဲ့ အေၾကာင္းေျပာျပခဲ့ပါေသးတယ္။
ပရိတ္သတ္မ်ားအားလုံးလည္းဘဝတိုတိုအတြင္းမွာတစ္ဦးအေပၚတစ္ဦးေမတၱာတရားေတြနဲ႔ေနထိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းပါတယ္။သတိရျခင္းမ်ားစြာျဖင့္ ဒီ MV ေလးအားသက္ဆိုင္သူမ်ားရဲ႕ခြင့္ျပဳခ်က္ကိုယူၿပီး ဖန္တီးေပးထားတာျဖစ္ပါတယ္။
ပရိတ္သတ္အားလုံးကိုေက်းဇူးအထူးတင္ပါတယ္ခင္ဗ်ာ လို႔လည္း ခုလိုေရးသားလာခဲ့ပါတယ္။မင္းေသြး (၂၀၁၈)ခုႏွစ္ ေအာက္တိုဘာ (၃)ရက္ေန႔တြင္ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တာအားလုံးလည္း သိၾကမွာပါ။
ကြယ္လြန္ၿပီးတဲ့ေနာက္မွာလည္း ပရိတ္သတ္ေတြကေရာအႏုပညာရွင္ေတြကပါ ဝမ္းနည္းေၾကကြဲခဲ့ရပါတယ္။မင္းေသြးကြယ္လြန္ၿပီးတဲ့ေနာက္မွ ႐ုံတင္ခဲ့တဲ့ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကား သတ္ကြင္း ႐ုပ္ရွင္ဇာတ္ကား မဟူရာ ႐ုပ္ရွင္႐ုံ ဆိုတဲ့
႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ကေနတဆင့္လည္း မင္းေသြးကို ပရိတ္သတ္ေတြက သတိရေစခဲ့ျပန္ပါတယ္။ေနတိုးက မင္းေသြးရဲ႕ ဆႏၵအရ ရခိုင္ျပည္နယ္ မာန္ေအာင္ကြၽန္းမွာ တည္ထား ကိုးကြယ္ခဲ့တဲ့
မာန္ေအာင္ၿမိဳ႕နယ္ သံေက်ာက္ေတာင္ မဟာေဇယ်သိဒၶိမဟာမုနိရွင္ ေတာ္ျမတ္ဘုရာႀကီး ဘုရားအေနကဇာတင္လႉဒါန္းခဲ့ပါေသးတယ္။မင္းေသြးရဲ႕ တစ္ကိုယ္ေတာ္အေခြကိုလည္း အစ္ကိုျဖစ္သူ ေနတိုးက အၿပီးသတ္ေဆာင္႐ြက္ေပးခဲ့တာကို လည္းေျပာျပလာခဲ့ပါတယ္။crd
Unicode
သရုပ်ဆောင် မင်းသွေးဆုံးတာ (၂)နှစ်ပြည့်သွားပေမဲ့ မနေ့တနေ့ကလိုဘဲ ထင်နေတဲ့ နေတိုး
ဒီနေ့ဟာ သရုပ်ဆောင် မင်းသွေး ကွယ်လွန်တာ (၂) နှစ်ပြည့်တဲ့နေ့လေးမှာ အစ်ကိုဖြစ်သူ နေတိုးက အမှတ်တရအနေနဲ့ မင်းသွေးကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးလာခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာလ (၃) ရက်ဟာ သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတာ (၂) နှစ်ပြည့်သွားခဲ့ပါပြီ။ ပရိတ်သတ်အတွက် အမှတ်တရအနေနဲ့ အစ်ကိုဖြစ်သူ နေတိုးက မင်းသွေးကိုယ်တိုင် သီဆိုထားတဲ့ ဟင်းလင်းပြင်ဆိုတဲ့ Music Video လေးကိုလည်း ရေးသားဖော်ပြလာခဲ့ပါတယ်။
ဒီနေ့က ကျွန်တော်တို့အားလုံးကို မင်းသွေးနှုတ်မဆက်ပဲထွက်သွားခဲ့တာ(၂)နှစ်ပြည့်ခဲ့ပြီ။မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကိုသူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့MVလေးကိုမင်းသွေးရဲ့ပရိတ်သတ်များအားလုံးအတွက်မျှဝေပေးလိုက်ပါတယ ာ
အောက်တိုဘာလ(၃) ရက်နေ့ နေ့လယ် (၁) နာရီကျော်ကနေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။ ဟင်းလင်းပြင် သီချင်းလေးရဲ့ ပုံစံကတော့ လူ့ဘဝကိုခဏတာ ရောက်ရှိလာတဲ့ အချိန်မှာ
ရင်ဆိုင် ကြုံတွေ့ ဖြတ်သန်းရတဲ့ သင်္ခါရတရားတွေကို မင်းသွေးက သီချင်းလေးနဲ့ ပုံဖော်ရိုက်ကူးထားတာဘဲဖြစ်ပါတယ်။သီချင်းလေးကို နားထောင်ရတဲ့ ပရိတ်သတ်တိုင်းကတော့ ဝမ်းနည်းနေမိကြမယ်လို့ ထင်ပါတယ်။
ဒီသီချင်းလေးထဲမှာ မင်းသွေးနဲ့ချစ်သူကောင်မလေးတို့ရဲ့ အမှတ်တရ ဗီဒီယိုလေးတွေကို ထည့်သွင်းပြီး ပုံဖော်ထားတာကိုလည်း မြင်တွေ့ရမှာပါ။ မင်းသွေးကို ချစ်ခင်လေးစား ကြ
တဲ့ ပရိတ်သတ်တွေကတော့ ဒီ သီချင်းလေးကိုအားပေးရင်း မင်းသွေးကို သတိရတဲ့ အကြောင်းတွေ Comment မှာလည်း ရေးသားထားတာကို မြင်တွေ့ရပါတယ်။နေတိုးကိုယ်တိုင်ကလည်း ညီဖြစ်သူ မင်းသွေးကို မမေ့နိုင်သေးတဲ့ အကြောင်းပြောပြခဲ့ပါသေးတယ်။
ပရိတ်သတ်များအားလုံးလည်းဘဝတိုတိုအတွင်းမှာတစ်ဦးအပေါ်တစ်ဦးမေတ္တာတရားတွေနဲ့နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။သတိရခြင်းများစွာဖြင့် ဒီ MV လေးအားသက်ဆိုင်သူများရဲ့ခွင့်ပြုချက်ကိုယူပြီး ဖန်တီးပေးထားတာဖြစ်ပါတယ်။
ပရိတ်သတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ လို့လည်း ခုလိုရေးသားလာခဲ့ပါတယ်။မင်းသွေး (၂၀၁၈)ခုနှစ် အောက်တိုဘာ (၃)ရက်နေ့တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့တာအားလုံးလည်း သိကြမှာပါ။
ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိတ်သတ်တွေကရောအနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။မင်းသွေးကွယ်လွန်ပြီးတဲ့နောက်မှ ရုံတင်ခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား သတ်ကွင်း ရုပ်ရှင်ဇာတ်ကား မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့
ရုပ်ရှင်ဇာတ်ကားကြီးတွေ ကနေတဆင့်လည်း မင်းသွေးကို ပရိတ်သတ်တွေက သတိရစေခဲ့ပြန်ပါတယ်။နေတိုးက မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့
မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပါသေးတယ်။မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးခဲ့တာကို လည်းပြောပြလာခဲ့ပါတယ်။crd