အဂၤါ ေတြရဲ႕ အားနည္းခ်က္ နွင့္ တနဂၤေႏြ ေတြရဲ႕ ဝဋ္ေႂကြး
Zawgyi
အဂၤါေန႔ဖြားေတြရဲ႕အဆိုးဆုံး အားနည္းခ်က္ ကေတာ့ လက္လြန္ေျခလြန္ ေပးကမ္းပစ္တတ္တာပါပဲ
ဘဝမွာ အေပးလြန္ၿပီးမွ ေနာင္တရ ၊ ျပန္လိုခ်င္မႈ ၊ ယူက်ဳံးမရ တသသ ျဖစ္ရမႈ ၊ ႏွေမ်ာတသ ..ျဖစ္ရမႈစသည္ျဖင့္ လက္လြန္ ကြၽံနစ္ ေဝဒနာ ျဖစ္ရတတ္ သည့္ ကံမ်ိဳးကို ရင္မဆိုင္ရဖူးေသာ အဂၤါေန႔ဖြား ဟူ၍ မရွိႏိုင္ လို႔ေတာင္ ေျပာရေလာက္သည့္ အေနအထား ပါပဲ။
အဂၤါေန႔ဖြားေတြဟာ အတိတ္ကို ျပန္လည္ ခံစား ႏိုင္စြမ္း ျမင့္မားၾက ပါတယ္။ ဒီအခ်င္းအရာကပဲ သူတို႔ဟာ ဘဝမွာ သူတို႔ ဆုံးရႈံး သြားခဲ့ ဖူးေသာ အတိတ္ကာလရဲ႕ အရိပ္မ်ား ၊
နစ္နာမႈမ်ားကိုဘယ္ေသာအခါမွ မေမ့ႏိုင္ေတာ့ဘဲတႏုံ႔ႏုံ႔ မ်ိဳသိပ္ ထိခိုက္ေနမိတတ္ၾကသူေတြ ျဖစ္လာၾက ပါတယ္။ဒါေၾကာင့္ သင္ဟာ အဂၤါေန႔ဖြား တစ္ေယာက္ေယာက္ ျဖစ္လာ ခဲ့မယ္ ဆိုရင္ ျဖစ္ႏိုင္ သမွ် လက္မလြယ္ မိပ ါေစနဲ ႔။
သင္အမွန္ တစ္ကယ္ စိတ္က ျပတ္သားႏိုင္ တာကိုပဲ၊ဒါမွမဟုတ္ သင္ဆုံးရႈံးခံ ႏိုင္တာ ကိုပဲ လက္လြယ္ပါ။ ႏို႔မဟုတ္ လို႔ကေတာ့ တစ္ဘဝလုံး ေမ့မရႏိုင္တဲ့ ခံစားမႈ အမာ႐ြတ္ေတြ စြဲထင္က်န္ရစ္ ခဲ့ပါ လိမ့္မယ္။
တနဂၤေႏြ သားသမီးေတြ အတြက္ အႀကီးဆုံး အတိတ္ဝဋ္ေႂကြး ကံတစ္ခုကို ျပပါ ဆိုရင္ ကိုယ္တစ္ေယာက္ တည္းကို အစုလိုက္ ျဖစ္ေသာ
လူတစ္စုက ဝိုင္းဝန္းရန္ရွာ ခံရတတ္ျခင္း တစ္မ်ိဳးပါပဲ။ ဒါေၾကာင့္ တနဂၤေႏြ သားသမီးေတြသည္ ဘဝမွာ အမ်ားနဲ ႔တစ္ေယာက္ ရင္ဆိုင္ ရတဲ့ ဘဝအခက္အခဲ မ်ိဳးေတြ အလြန္ ႀကဳံလြယ္တတ္ၾက သူေတြပါ။
ကိုယ္တစ္ေယာက္ တည္းကို…လူတစ္စုက ညီညီၫြတ္ၫြတ္နဲ ႔ဝိုင္းတိုက္ခိုက္ ၾကတာမ်ိဳး (ဝဋ္ေႂကြးကံ) ပါလာ ၾကေသာ ေမြးေန႔နံ အမ်ိဳးအစား တစ္ခုပါ ပဲ။ အထူးသျဖင့္ တနဂၤေႏြ ေန႔ဖြား ျဖစ္တဲ့ အျပင္ အထြန္းဖြား သို႔မဟုတ္ ပုတိဖြား ျဖစ္ေန ခဲ့ရင္ ဒီကံကို ပိုမို ရင္ဆိုင္ၾကရပါတယ္။
ထို႔အတူ အမည္ရဲ႕ အဆုံးစာလုံးကို (ယ၊လ၊ဝ၊ရ) တို႔ျဖင့္ မွည့္ေခၚထားမိခဲ့ရင္လည္း ဥပမာ ေအးေအးဝင္း၊ျမတ္ေလးရည္၊ ေအးသီတာလင္း ၊ေက်ာ္ျမတ္ေ႐ႊ စသည္ျဖင့္ မွည့္ေခၚထားမိမယ္ ဆိုရင္ လည္း ဒီလိုကံ အေျခအေနဟာ ပိုမို ျမင့္တက္ လာပါမယ္။
ပိုၿပီး ထူးဆန္းတာ ကေတာ့ တနဂၤေႏြသားသမီးလည္းျဖစ္ အဲဒီလို အမည္လည္း မွည့္ေခၚမိထားခဲ့မယ္ ဆိုရင္ဘဝ ခရီးလမ္းမွာ အယူအဆ မတိုက္ဆိုင္မႈေတြ ၊ ရည္႐ြယ္ခ်က္ လုံး၀ ပ်က္ျပား သြားတာေတြ၊ အႀကီးအက်ယ္ တြက္ကိန္း လြဲသြား တာေတြကို မုခ်ကို ရင္ဆိုင္ရတတ္ျခင္းပါပဲ။
အမ်ားနဲ႔အတူတကြ လက္တြဲ ဖို႔လည္း အလြန္ ခက္ခဲေစမယ့္ အမည္မ်ိဳး ေန႔နံမ်ိဳးလို႔သာ ဆိုပါရေစ။ဖတ္မွတ္သုတရ႐ုံမွ် ေလးစားစြာျဖင့္ ကိုဖုန္း သုေတသီ ေဝသာလီေမာင္ဖုန္း
Unicode
အင်္ဂါနေ့ဖွားတွေရဲ့အဆိုးဆုံး အားနည်းချက် ကတော့ လက်လွန်ခြေလွန် ပေးကမ်းပစ်တတ်တာပါပဲ
ဘဝမှာ အပေးလွန်ပြီးမှ နောင်တရ ၊ ပြန်လိုချင်မှု ၊ ယူကျုံးမရ တသသ ဖြစ်ရမှု ၊ နှမျောတသ ..ဖြစ်ရမှုစသည်ဖြင့် လက်လွန် ကျွံနစ် ဝေဒနာ ဖြစ်ရတတ် သည့် ကံမျိုးကို ရင်မဆိုင်ရဖူးသော အင်္ဂါနေ့ဖွား ဟူ၍ မရှိနိုင် လို့တောင် ပြောရလောက်သည့် အနေအထား ပါပဲ။
အင်္ဂါနေ့ဖွားတွေဟာ အတိတ်ကို ပြန်လည် ခံစား နိုင်စွမ်း မြင့်မားကြ ပါတယ်။ ဒီအချင်းအရာကပဲ သူတို့ဟာ ဘဝမှာ သူတို့ ဆုံးရှုံး သွားခဲ့ ဖူးသော အတိတ်ကာလရဲ့ အရိပ်များ ၊
နစ်နာမှုများကိုဘယ်သောအခါမှ မမေ့နိုင်တော့ဘဲတနုံ့နုံ့ မျိုသိပ် ထိခိုက်နေမိတတ်ကြသူတွေ ဖြစ်လာကြ ပါတယ်။ဒါကြောင့် သင်ဟာ အင်္ဂါနေ့ဖွား တစ်ယောက်ယောက် ဖြစ်လာ ခဲ့မယ် ဆိုရင် ဖြစ်နိုင် သမျှ လက်မလွယ် မိပ ါစေနဲ့။
သင်အမှန် တစ်ကယ် စိတ်က ပြတ်သားနိုင် တာကိုပဲ၊ဒါမှမဟုတ် သင်ဆုံးရှုံးခံ နိုင်တာ ကိုပဲ လက်လွယ်ပါ။ နို့မဟုတ် လို့ကတော့ တစ်ဘဝလုံး မေ့မရနိုင်တဲ့ ခံစားမှု အမာရွတ်တွေ စွဲထင်ကျန်ရစ် ခဲ့ပါ လိမ့်မယ်။
တနင်္ဂနွေ သားသမီးတွေ အတွက် အကြီးဆုံး အတိတ်ဝဋ်ကြွေး ကံတစ်ခုကို ပြပါ ဆိုရင် ကိုယ်တစ်ယောက် တည်းကို အစုလိုက် ဖြစ်သော
လူတစ်စုက ဝိုင်းဝန်းရန်ရှာ ခံရတတ်ခြင်း တစ်မျိုးပါပဲ။ ဒါကြောင့် တနင်္ဂနွေ သားသမီးတွေသည် ဘဝမှာ အများနဲ့တစ်ယောက် ရင်ဆိုင် ရတဲ့ ဘဝအခက်အခဲ မျိုးတွေ အလွန် ကြုံလွယ်တတ်ကြ သူတွေပါ။
ကိုယ်တစ်ယောက် တည်းကို…လူတစ်စုက ညီညီညွတ်ညွတ်နဲ့ဝိုင်းတိုက်ခိုက် ကြတာမျိုး (ဝဋ်ကြွေးကံ) ပါလာ ကြသော မွေးနေ့နံ အမျိုးအစား တစ်ခုပါ ပဲ။ အထူးသဖြင့် တနင်္ဂနွေ နေ့ဖွား ဖြစ်တဲ့ အပြင် အထွန်းဖွား သို့မဟုတ် ပုတိဖွား ဖြစ်နေ ခဲ့ရင် ဒီကံကို ပိုမို ရင်ဆိုင်ကြရပါတယ်။
ထို့အတူ အမည်ရဲ့ အဆုံးစာလုံးကို (ယ၊လ၊ဝ၊ရ) တို့ဖြင့် မှည့်ခေါ်ထားမိခဲ့ရင်လည်း ဥပမာ အေးအေးဝင်း၊မြတ်လေးရည်၊ အေးသီတာလင်း ၊ကျော်မြတ်ရွှေ စသည်ဖြင့် မှည့်ခေါ်ထားမိမယ် ဆိုရင် လည်း ဒီလိုကံ အခြေအနေဟာ ပိုမို မြင့်တက် လာပါမယ်။
ပိုပြီး ထူးဆန်းတာ ကတော့ တနင်္ဂနွေသားသမီးလည်းဖြစ် အဲဒီလို အမည်လည်း မှည့်ခေါ်မိထားခဲ့မယ် ဆိုရင်ဘဝ ခရီးလမ်းမှာ အယူအဆ မတိုက်ဆိုင်မှုတွေ ၊ ရည်ရွယ်ချက် လုံး၀ ပျက်ပြား သွားတာတွေ၊ အကြီးအကျယ် တွက်ကိန်း လွဲသွား တာတွေကို မုချကို ရင်ဆိုင်ရတတ်ခြင်းပါပဲ။
အများနဲ့အတူတကွ လက်တွဲ ဖို့လည်း အလွန် ခက်ခဲစေမယ့် အမည်မျိုး နေ့နံမျိုးလို့သာ ဆိုပါရစေ။ဖတ်မှတ်သုတရရုံမျှ လေးစားစွာဖြင့် ကိုဖုန်း သုတေသီ ဝေသာလီမောင်ဖုန်း