Zawgyi
Unicode
ရပ်ကွက်အတွင်း ကားတစ်စီးနဲ့ ပိုးသတ်ဆေးဖြန်းဖို့ လှူဒါန်းခဲ့တဲ့ လွင်မိုး
ပရိသတ်ကြီးရေ သရုပ်ဆောင်လွင်မိုး ကတော့ Covid-19 ကာကွယ်ရေးအတွက် ကြိုးစားဆောင်ရွက် လှူဒါန်းလျက် ရှိပါတယ် ။ မကြာသေး မီကလဲ မွေးနေ့အလှူ အဖြစ် .Covid-19 ကာကွယ်
ထိန်းချုပ်ရေး အတွက် လိုအပ် သည့်နေရာ များတွင် အသုံးပြုရန် အတွက် အလှူငွေ (၉) သိန်းကျပ်တိတိကို လှူဒါန်း ခဲ့ပြီး လက်ရှိ မှာလည်း ထပ်မံ လှူဒါန် းမှုတွေပြုလုပ်ခဲ့ပါတယ် ။
ဒါ့အပြင် စက်တင်ဘာလ (၂၃) ရက်နေ့ ကလည်း ရပ်ကွက် အတွင်းမှာ Mask အခု (၁၀၀၀) နဲ့ ပိုးသတ် Spary (၂၅) လီတာ တို့နဲ့အတူ အခြား လိုအပ်တာတွေကို ထပ်မံ လှူဒါန်းခဲ့ ပါသေးတယ် ။
ဒီနေ့ အောက်တိုဘာလ (၃) ရက်နေ့မှာတော့ ထပ်မံပြီးတော့ ရပ်ကွက်အတွင်း ကားတစ် စီးနဲ့ပိုးသတ်ဆေးဖြန်းတဲ့ ကိစ္စအဝဝကို တာဝန်ယူ လှူဒါန်း ခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပရိသတ်တွေ ကိုမျှေ ဝပေး လာ ခဲ့ ပါတယ် ။
ပရိသတ်ကြီးကိုလည်း အနာရောဂါ များကင်းဝေးကြစေဖို့ ဆုမွန်ကောင်းတွေ တောင်းပေး ထားပြီး လွင်မိုးရဲ့ ပရိသတ်တွေ ကလည်း သူ့ရဲ့ အလှူလေးအတွက်
သာဓုခေါ်မဆုံးဖြစ်နေကြတာပါ ။ လွင်မိုးကို ချစ်တဲ့ ပရိသတ်ကြီး လည်း အလှူလေးကို သာဓုခေါ်ဆို နိုင် ဖို့ ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော် ။Source : Lwin Moe