မမေတြရဲ႕ အခ်စ္ေတြကို အရယူထားတဲ့ The Voice Myanmar ရဲ႕ Drummer Bon Bon
Zawgyi
မမေတြရဲ႕ အခ်စ္ေတြကို အရယူထားတဲ့ The Voice Myanmar ရဲ႕ Drummer Bon Bon
The Voice Myanmar လို႔ ေျပာရင္ Bon Bon ကိုလည္း ခ်န္ထားလို႔ မျဖစ္ပါဘူး။ သူကေတာ့ ျမန္မာႏိုင္ငံရဲ႕ အသက္အငယ္ဆံုး Drummer တစ္ေယာက္ အျဖစ္လည္း လူသိမ်ားတဲ့သူ ျဖစ္ပါတယ္။
သူ႔ရဲ႕ ေမြးေန႔က ၂၀၀၆ ခုႏွစ္ ဇြန္လ ၁၅ ရက္ေန႔မို႔ အခုဆို ၁၄ ႏွစ္ပဲ ရွိပါေသးတယ္။ သူ႔ရဲ႕ နာမည္အရင္းကေတာ့ မင္းဟိန္းခန္႔ ျဖစ္ပါတယ္။ သူ႔ရဲ႕ အေဖ ျဖစ္သူက Guitarist ကိုေအာင္သူ ျဖစ္ပါတယ္။
အေမကေတာ့ အဆိုေတာ္ ေမသူဟန္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေမနဲ႔ အေဖရဲ႕ ဂီတအေမြကို ဆက္ခံထားတဲ့ သားေလးလို႔ ေျပာလို႔ ရပါတယ္
အသက္ ၃ ႏွစ္ ၄ ႏွစ္မွာတည္းက Drum ေတြကို စတီးခဲ့တဲ့ သူက အသက္ ၇ ႏွစ္ ၈ ႏွစ္မွာ စၿပီး Drum တီးျခင္းကို စနစ္တက်ေလ့လာျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ သူက ဖခင္ျဖစ္သူလို ဂီတာေတာ့ မတီးတတ္ပါဘူး။ ဂီတာနဲ႔ ပတ္သတ္ရင္ သူက လက္နာတယ္လို႔လည္း ေျပာျပခဲ့ဖူးပါတယ္။
ဖခင္ျဖစ္သူနဲ႔အတူ Lucky Hand Band မွာ တီးခတ္ေနသူ တစ္ေယာက္ ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က စၿပီး Lucky Hand Band က The Voice Myanmar မွာ ပါဝင္ျဖစ္ခဲ့ရာကေန သူက Drummer အျဖစ္ လူသိမ်ားလာခဲ့ပါတယ္။
ဒီလိုနဲ႔ တျဖည္းျဖည္း သူ႔ရဲ႕အသက္ငယ္ငယ္နဲ႔ ရွိေနတဲ့ အရည္အခ်င္းရယ္၊ ခ်စ္ဖို႔ေကာင္းတဲ့ ရုပ္ရည္တို႔က သူ႔ကို ပိုၿပီး ပရိသတ္ေတြ ရလာေစခဲ့ပါတယ္။
The Voice Myanmar မွာ ၿပိဳင္ပြဲဝင္ေတြကို ကင္မရာ ရိုက္ၿပီဆိုရင္ ၿပိဳင္ပြဲဝင္တဲ့ ေနာက္တည့္တည့္မွာ Drum တီးေနတဲ့ သူ႔ကို ေတြ႔ရမွာပါ။
ဒါေၾကာင့္ သူ႔ရဲ႕ ပရိသတ္ေတြက အခုဆို သူ႔ကို အေမွာင္ထဲမွာ Drum တီးေနရပါတယ္။ မ်က္ႏွာကိုေတြ႔ခ်င္လို႔ Bon Bon ဘက္ကို မီးထိုးေပးပါဆုိၿပီး ေျပာဆိုမႈေတြ ရွိေနပါတယ္။
သားျဖစ္သူရဲ႕ ေအာင္ျမင္မႈကို ဖခင္ျဖစ္သူကလည္း သေဘာက် ေပ်ာ္ရႊင္ေနၿပီး မီးထိုးေပးဖို႔ ေတာင္းဆိုေနတဲ့ ပရိသတ္ေတြေၾကာင့္ အဆိုေတာ္ က်ားေပါက္ကလည္း သူ႔ကို လူမႈကြန္ယက္ေပၚမွာ စေနာက္ထားတာကို ေတြ႔ရမွာပါ။
သူ႔ရဲ႕ ပရိသတ္ေတြက သူနဲ႔ ရြယ္တူေတြ ရွိသလို သူ႔ထက္ အသက္အမ်ားႀကီး ႀကီးတဲ့ မမေတြလည္း ပါဝင္ေနပါတယ္။အနာဂတ္မွာ ဒီထက္ ပိုၿပီး ေအာင္ျမင္သြားမယ့္ ၾကယ္ပြင့္ေလး တစ္ပြင့္ကို ဆက္ၿပီး အားေပးလိုက္ၾကပါဦးေနာ္။
Unicode
မမတွေရဲ့ အချစ်တွေကို အရယူထားတဲ့ The Voice Myanmar ရဲ့ Drummer Bon Bon
The Voice Myanmar လို့ ပြောရင် Bon Bon ကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သူကတော့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Drummer တစ်ယောက် အဖြစ်လည်း လူသိများတဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ မွေးနေ့က ၂၀၀၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မို့ အခုဆို ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ မင်းဟိန်းခန့် ဖြစ်ပါတယ်။ သူ့ရဲ့ အဖေ ဖြစ်သူက Guitarist ကိုအောင်သူ ဖြစ်ပါတယ်။
အမေကတော့ အဆိုတော် မေသူဟန် ဖြစ်ပါတယ်။ ဒါကြောင့် အမေနဲ့ အဖေရဲ့ ဂီတအမွေကို ဆက်ခံထားတဲ့ သားလေးလို့ ပြောလို့ ရပါတယ်
အသက် ၃ နှစ် ၄ နှစ်မှာတည်းက Drum တွေကို စတီးခဲ့တဲ့ သူက အသက် ၇ နှစ် ၈ နှစ်မှာ စပြီး Drum တီးခြင်းကို စနစ်တကျလေ့လာဖြစ်ခဲ့ပါတယ်။ဒါပေမယ့် သူက ဖခင်ဖြစ်သူလို ဂီတာတော့ မတီးတတ်ပါဘူး။ ဂီတာနဲ့ ပတ်သတ်ရင် သူက လက်နာတယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။
ဖခင်ဖြစ်သူနဲ့အတူ Lucky Hand Band မှာ တီးခတ်နေသူ တစ်ယောက် ဖြစ်ပြီး ၂၀၁၈ ခုနှစ်က စပြီး Lucky Hand Band က The Voice Myanmar မှာ ပါဝင်ဖြစ်ခဲ့ရာကနေ သူက Drummer အဖြစ် လူသိများလာခဲ့ပါတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း သူ့ရဲ့အသက်ငယ်ငယ်နဲ့ ရှိနေတဲ့ အရည်အချင်းရယ်၊ ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်တို့က သူ့ကို ပိုပြီး ပရိသတ်တွေ ရလာစေခဲ့ပါတယ်။
The Voice Myanmar မှာ ပြိုင်ပွဲဝင်တွေကို ကင်မရာ ရိုက်ပြီဆိုရင် ပြိုင်ပွဲဝင်တဲ့ နောက်တည့်တည့်မှာ Drum တီးနေတဲ့ သူ့ကို တွေ့ရမှာပါ။
ဒါကြောင့် သူ့ရဲ့ ပရိသတ်တွေက အခုဆို သူ့ကို အမှောင်ထဲမှာ Drum တီးနေရပါတယ်။ မျက်နှာကိုတွေ့ချင်လို့ Bon Bon ဘက်ကို မီးထိုးပေးပါဆိုပြီး ပြောဆိုမှုတွေ ရှိနေပါတယ်။
သားဖြစ်သူရဲ့ အောင်မြင်မှုကို ဖခင်ဖြစ်သူကလည်း သဘောကျ ပျော်ရွှင်နေပြီး မီးထိုးပေးဖို့ တောင်းဆိုနေတဲ့ ပရိသတ်တွေကြောင့် အဆိုတော် ကျားပေါက်ကလည်း သူ့ကို လူမှုကွန်ယက်ပေါ်မှာ စနောက်ထားတာကို တွေ့ရမှာပါ။
သူ့ရဲ့ ပရိသတ်တွေက သူနဲ့ ရွယ်တူတွေ ရှိသလို သူ့ထက် အသက်အများကြီး ကြီးတဲ့ မမတွေလည်း ပါဝင်နေပါတယ်။အနာဂတ်မှာ ဒီထက် ပိုပြီး အောင်မြင်သွားမယ့် ကြယ်ပွင့်လေး တစ်ပွင့်ကို ဆက်ပြီး အားပေးလိုက်ကြပါဦးနော်။