ကိုဗစ္ကာကြယ္ကုသေရးလုပ္ငန္းစဥ္ေတြအတြက္တစ္တပ္တစ္အားပါဝင္လႉဒါန္းလိုက္တဲ့ သုသု

Zawgyi

ကိုဗစ္ ကာကြယ္ကုသေရးလုပ္ငန္းစဥ္ေတြအတြက္ တစ္တပ္တစ္အားပါဝင္လႉဒါန္းလိုက္တဲ့ သုသု

ျမန္မာႏိုင္ငံရဲ႕ကိုဗစ္ကာကြယ္တိုက္ဖ်က္ေရးလုပ္ငန္းစဥ္ေတြမွာ အစိုးရကသာမက ပရဟိတသမားေတြကပါ အင္တိုက္အားတိုက္ကူညီေနၾကသလို ေငြေၾကးတတ္ႏိုင္သူေတြကလည္း ေငြအားနဲ႔ ဝိုင္းဝန္းကူညီၿပီး ကိုဗစ္ကပ္ေရာဂါကို

တိုက္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနၾကတာကေတာ့ တကယ္ကို အားရစရာပါ။ ဒါ့အျပင္ တေန႔တေန႔ လႉဒါန္းၾကတဲ့အထဲမွာ ျပည္သူခ်စ္အႏုပညာရွင္ေတြ အမ်ားဆုံးပါဝင္လာကေတာ့ အားေပးေနတဲ့ပရိသတ္ႀကီးကိုပါ ဝမ္းသာပီတိျဖစ္ေစမွာ အမွန္ပါ။

ဒီေန႔မွာေတာ့ ထိပ္တန္းမိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္သလို ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္တဲ့ သုသုကေတာ့ Fortune Plaza We Love Yangon Happy Covid-19 Center မွာထားရွိမယ့္

ကုတင္(၆၀၀) ထဲကမွ (၁၀) လုံးစာ (၆) သိန္းက်ပ္တိတိကို ပါဝင္လႉဒါန္းခဲ့ပါတယ္။ သုသုကေတာ့ ဒီအလႉေလးနဲ႔ပတ္သက္ၿပီး သုမိသားစု လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕အလႉပါ.. သု မိတ္ကပ္ပညာ သုအႏုပညာက ရတဲ့ ေငြေၾကးနဲ႔လႉတာမို႔

သုပရိသတ္ေတြရဲ႕ အလႉပါပဲရွင္.. ျမင္သမွ် ၾကားသမွ် သာဓုေခၚဆိုႏိုင္ၾကပါေစ ။သုသုကေတာ့ ကိုဗစ္ကာလမွာ ပရိသတ္ေတြ ဘဝအေမာေျပေစဖို႔ ဟာသဗြီဒီယိုေလးေတြ တင္ဆက္ေပးေနသလို

ဒီေန႔မွာလည္း သူ႔ရဲ႕ေခြၽးႏွဲစာထဲကေန ကိုဗစ္ကာကြယ္ေရးလုပ္ငန္းစဥ္ေတြမွာ တတ္ႏိုင္သမွ် ပါဝင္အားျဖည့္ခဲ့တာပဲ ျဖစ္ပါတယ္။ သုသုရဲ႕အလႉကလည္း သုသုကို အားေပးေနတဲ့ပရိသတ္ႀကီးရဲ႕အလႉပဲမို႔ ထပ္တူသာဓုေခၚဆိုႏိုင္ဖို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Unicode

ကိုဗစ် ကာကွယ်ကုသရေးလုပ်ငန်းစဉ်တွေအတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းလိုက်တဲ့ သုသု

မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ အစိုးရကသာမက ပရဟိတသမားတွေကပါ အင်တိုက်အားတိုက်ကူညီနေကြသလို ငွေကြေးတတ်နိုင်သူတွေကလည်း ငွေအားနဲ့ ဝိုင်းဝန်းကူညီပြီး ကိုဗစ်ကပ်ရောဂါကို

တိုက်ထုတ်နိုင်ဖို့ ကြိုးစားနေကြတာကတော့ တကယ်ကို အားရစရာပါ။ ဒါ့အပြင် တနေ့တနေ့ လှူဒါန်းကြတဲ့အထဲမှာ ပြည်သူချစ်အနုပညာရှင်တွေ အများဆုံးပါဝင်လာကတော့ အားပေးနေတဲ့ပရိသတ်ကြီးကိုပါ ဝမ်းသာပီတိဖြစ်စေမှာ အမှန်ပါ။

ဒီနေ့မှာတော့ ထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို ပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့ သုသုကတော့ Fortune Plaza We Love Yangon Happy Covid-19 Center မှာထားရှိမယ့်

ကုတင်(၆၀၀) ထဲကမှ (၁၀) လုံးစာ (၆) သိန်းကျပ်တိတိကို ပါဝင်လှူဒါန်းခဲ့ပါတယ်။ သုသုကတော့ ဒီအလှူလေးနဲ့ပတ်သက်ပြီး သုမိသားစု လုပ်ဖော်ကိုင်ဖက်တွေရဲ့အလှူပါ.. သု မိတ်ကပ်ပညာ သုအနုပညာက ရတဲ့ ငွေကြေးနဲ့လှူတာမို့

သုပရိသတ်တွေရဲ့ အလှူပါပဲရှင်.. မြင်သမျှ ကြားသမျှ သာဓုခေါ်ဆိုနိုင်ကြပါစေ ။သုသုကတော့ ကိုဗစ်ကာလမှာ ပရိသတ်တွေ ဘဝအမောပြေစေဖို့ ဟာသဗွီဒီယိုလေးတွေ တင်ဆက်ပေးနေသလို

ဒီနေ့မှာလည်း သူ့ရဲ့ချွေးနှဲစာထဲကနေ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ တတ်နိုင်သမျှ ပါဝင်အားဖြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ သုသုရဲ့အလှူကလည်း သုသုကို အားပေးနေတဲ့ပရိသတ်ကြီးရဲ့အလှူပဲမို့ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။