အဘ ေအာင္မင္းေခါင္ နဲ႔ ပတ္သတ္ တဲ့ ထူးထူးျခားျခား ျဖစ္စဥ္တစ္ခု ကို ေျပာျပလာ တဲ့ ဒါ႐ိုက္တာ ညိဳမင္းလြင္

Zawgyi

အဘ ေအာင္မင္းေခါင္ နဲ႔ ပတ္သတ္ တဲ့ ထူးထူးျခားျခား ျဖစ္စဥ္တစ္ခု ကို ေျပာျပလာ တဲ့ ဒါ႐ိုက္တာ ညိဳမင္းလြင္

ျမန္မာႏိုင္ငံ ရဲ႕ နာမည္ႀကီးဒါ႐ိုက္တာတစ္ဦးျဖစ္သလို သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္တဲ့ ညိဳမင္းလြင္ကေတာ့ သူႀကဳံေတြ႕ေနက် အျဖစ္အပ်က္ေလးေတြကို လူမႈစာမ်က္ႏွာေပၚကေနတစ္ဆင့္ ပရိသတ္ကို မွ်ေဝေပးေလ့ရွိသူပဲျဖစ္ပါတယ္။

ညိဳမင္းလြင္ကေတာ့ ဘာသာတရားကို႐ိုေသကိုင္းရွိင္းသူပီပီ မၾကာေသးခင္ကပဲ ဘုရင္မႀကီးရွင္ေစာပုရဲ႕ ဘုရားဆင္းတုေတာ္မ်ားကို ေနအိမ္မွာ ပင့္ေဆာင္ပူေဇာ္ၿပီး ကုသိုလ္ယူခဲ့သလို အခုတစ္ခါမွာလည္း

အဘေအာင္မင္းေခါင္နဲ႔ပတ္သက္ၿပီး ထူးဆန္းတဲ့အေၾကာင္းေလးကို ေျပာျပလာခဲ့ပါတယ္။သူေျပာျပလာတဲ့အေၾကာင္းေလးကေတာ့ စီးကရက္သိပ္ႀကိဳက္ေပမယ့္ အဘဆီက ေဆးျပင္းလိပ္စြန႔္ၿပီးေနာက္ပိုင္း

စီးကရက္မေသာက္ျဖစ္ေလာက္ေတာ့ေအာင္ ႀကဳံေတြ႕လိုက္ရတဲ့ကိစၥရပ္ေတြအေၾကာင္းကို အံ့ၾသဖြယ္ရာ ေရးသားထားတာပါ။ညိဳမင္းလြင္ကေတာ့ “ကြၽန္ေတာ့္အတြက္ေတာ့ အဲဒီကိစၥက ေတာ္ေတာ္ေလး ထူးဆန္းခဲ့ပါတယ္။

ကြၽန္ေတာ္က စီးကရက္အရမ္းႀကိဳက္ခဲ့တဲ့သူတစ္ေယာက္ပါ၊ သူမ်ားတိုက္လို႔ေသာက္တတ္ခဲ့တာမဟုတ္ပဲ ကိုယ္တိုင္က ေသာက္ခ်င္လို႔ကိုေသာက္ခဲ့တာျဖစ္ၿပီး ဘယ္ေတာ့မွလည္းျဖတ္ဖို႔စိတ္ကူးမရွိခဲ့ပါဘူး၊

စႏၵာမႀကိဳက္မွန္းသိေပမယ့္လည္း အဲဒီတစ္ခုကိုေတာ့ အားနာနာနဲ႔ အိမ္မွာမေသာက္ပဲ အျပင္မွာေသာက္တာပါပဲ။ (၂၀၁၃) ခုႏွစ္တုန္းက အခုလိုအခ်ိန္မွာ စႏၵာနဲ႔ကြၽန္ေတာ့္ကို ဦးေဇာ္ကဖိတ္လို႔ ဦးေဇာ္ၿခံထဲက အဘထြက္ပြဲကိုသြားျဖစ္ခဲ့ တယ္။

ဦးေဇာ္နဲ႔ေတြ႕ရင္ စႏၵာက ကြၽန္ေတာ့္အေၾကာင္းေတြတိုင္ေနက်အတိုင္း ကြၽန္ေတာ္စီးကရက္ေတြ အရမ္းေသာက္တဲ့အေၾကာင္း တိုင္ပါတယ္။ဦးေဇာ္ကေတာ့ သူ႔ထုံးစံအတိုင္း ၿပဳံးၿပဳံးႀကီးပါပဲ၊ ဒါမ်ိဳးဆိုတာအတင္းျဖတ္ခိုင္းလို႔မရေၾကာင္း၊

သူ႔ဟာသူအခ်ိန္တန္ရင္ျပတ္သြားမွာျဖစ္ေၾကာင္းေျပာပါတယ္၊ ကြၽန္ေတာ္ကေတာ့ စိတ္ထဲကေန ဘယ္ေတာ့မွမျဖတ္ဘူးေပါ့ေလ၊ အျပန္က်ေတာ့ ဦးေဇာ္က အဘ႐ုပ္တုႀကီးမွာကပ္ထားတဲ့ ေဆးျပင္းလိပ္တစ္လိပ္စြန႔္ၿပီးကြၽန္ေတာ့္ကိုေပးပါတယ္၊

ကြၽန္ေတာ္ကေတာ့ စႏၵာ့ေရွ႕မွာ ေအာင္ႏိုင္သူေပါ့၊“ ေတြ႕လား၊ ဦးေဇာ္က မျဖတ္ခိုင္းတဲ့အျပင္ ေဆးလိပ္ေတာင္ တိုက္လိုက္ေသးတယ္ “ ေပါ့၊ အျပန္လမ္းမွာ ကားကိုမွန္ဖြင့္ၿပီး တစ္လမ္းလုံးေသာက္လာလိုက္ေသးတာ၊

ဇာတ္လမ္းက ေနာက္ေန႔မွာ စတာပါပဲ၊ ကြၽန္ေတာ္အဲဒီေဆးျပင္းလိပ္ေသာက္ၿပီးေနာက္တစ္ရက္မွာ အာသီးေရာင္ၿပီး ဖ်ားတယ္၊ အဲဒီေတာ့ စီးကရက္ကို ခဏျဖတ္ရပါတယ္၊ ဒါေပမယ့္လည္း စိတ္ကမျပတ္ဘူး၊ ေနေကာင္းရင္ျပန္ေသာက္မယ္ လို႔ေတးထားတာပဲ၊

ေနေကာင္းေတာ့ ျပန္ေသာက္တယ္၊ ျပန္ဖ်ားတယ္၊ ႏွစ္ခါေလာက္ဖ်ားအၿပီးမွာ Singapore ထြက္သြားရတယ္၊ Singapore မွာက No Smoking Area ေတြမ်ားေတာ့ မေသာက္ျဖစ္ခဲ့ဘူး၊ဒါေပမယ့္ ကြၽန္ေတာ္က ေခါင္းမာတယ္၊

ရန္ကုန္ျပန္ေရာက္ရင္ေသာက္မယ္ လို႔ပဲ စိတ္ထဲမွာက်ဳံးဝါးထားတယ္၊ ရန္ကုန္ျပန္ေရာက္ေတာ့ Shooting မွာ စီးကရက္တဗူးဝယ္ခဲ့စမ္း ေပါ့၊ စီးကရက္ငတ္ခဲ့သမွ် အားရပါးရေသာက္မယ္ေပါ့။

အရမ္းအံ့ဩစရာေကာင္းတာပဲ၊ ကြၽန္ေတာ္တစ္လိပ္ကုန္ေအာင္ေသာက္လို႔မရေတာ့ဘူး၊ အရင္တုန္းကလည္း တခ်ိဳ႕အခ်ိန္ေတြမွာ တစ္ပါတ္၊ ဆယ္ရက္ေလာက္မေသာက္ျဖစ္ၿပီးမွ ျပန္ေသာက္ဖူးတာပဲ၊

အဲဒီလိုအခ်ိန္မ်ိဳးဆို ပိုေတာင္ေသာက္လို႔ေကာင္းေနေသး အရင္တုန္းကဆိုရင္ မ်က္စိမွိတ္ထားၿပီး ပါးစပ္မွာလာတပ္ေပးရင္ေတာင္ ဘာတံဆိပ္လဲလို႔သိတဲ့အထိ စီးကရက္အရသာကို ခြဲျခားတတ္ခဲ့တာေလ၊

ကြၽန္ေတာ္အရမ္းႀကိဳက္ခဲ့တဲ့စီးကရက္က ကြၽန္ေတာ့္ပါးစပ္ထဲမွာ ဘာအရသာမွလည္းမရွိေတာ့ဘူး၊ ဘာႀကီးျဖစ္ေနမွန္းကိုမသိတာ၊ အဲဒါ ကြၽန္ေတာ္ေသာက္ခဲ့တဲ့ေနာက္ဆုံးစီးကရက္ပါပဲ။

အခုဆိုရင္ ခုနစ္ႏွစ္ရွိသြားပါၿပီ၊ အနားမွာ သူမ်ားလာေသာက္ရင္လည္း ေသာက္ခ်င္တာမ်ိဳးမရွိေတာ့ပါဘူး၊ တခါတေလ ငါ ဘယ္လိုေသာက္ခဲ့ပါလိမ့္ ဆိုတာ ျပန္ေတာင္စဥ္းစားယူရပါတယ္။

ဒီေန႔ အဘေအာင္မင္းေခါင္ေန႔လို႔ေျပာေနၾကတာေတြ႕မိလို႔ အမွတ္တရျပန္ေရးလိုက္တာပါ၊ ေလးစားပါတယ္ အဘ p.s. ဓါတ္ပုံက ဦးေဇာ္ဆီကပါ” လို႔ေရးသားမွ်ေဝထားတာပါ။

ညိဳမင္းလြင္ကေတာ့ သူႀကဳံေတြ႕ခဲ့ရတဲ့ မွတ္မွတ္ရရျဖစ္ရပ္ေလးကို အဘေအာင္မင္းေခါင္ေန႔နဲ႔တိုက္ဆိုင္တာနဲ႔ ေျပာျပထားတာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးမွာလည္း ဒီလို ထူးဆန္းတဲ့ျဖစ္ရပ္ေလးေတြ ႀကဳံေတြ႕ခဲ့ရတာရွိရင္ အမ်ားသူငါဖတ္ရႈႏိုင္ဖို႔ ကြန္မန႔္မွာ မွ်ေဝေပးခဲ့ပါဦးေနာ္။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။Crd-Yin Khat Pan ( Writer – LLA )

Unicode

အဘ အောင်မင်းခေါင် နဲ့ ပတ်သတ် တဲ့ ထူးထူးခြားခြား ဖြစ်စဉ်တစ်ခု ကို ပြောပြလာ တဲ့ ဒါရိုက်တာ ညိုမင်းလွင်

မြန်မာနိုင်ငံ ရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ညိုမင်းလွင်ကတော့ သူကြုံတွေ့နေကျ အဖြစ်အပျက်လေးတွေကို လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် ပရိသတ်ကို မျှဝေပေးလေ့ရှိသူပဲဖြစ်ပါတယ်။

ညိုမင်းလွင်ကတော့ ဘာသာတရားကိုရိုသေကိုင်းရှိင်းသူပီပီ မကြာသေးခင်ကပဲ ဘုရင်မကြီးရှင်စောပုရဲ့ ဘုရားဆင်းတုတော်များကို နေအိမ်မှာ ပင့်ဆောင်ပူဇော်ပြီး ကုသိုလ်ယူခဲ့သလို အခုတစ်ခါမှာလည်း

အဘအောင်မင်းခေါင်နဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။သူပြောပြလာတဲ့အကြောင်းလေးကတော့ စီးကရက်သိပ်ကြိုက်ပေမယ့် အဘဆီက ဆေးပြင်းလိပ်စွန့်ပြီးနောက်ပိုင်း

စီးကရက်မသောက်ဖြစ်လောက်တော့အောင် ကြုံတွေ့လိုက်ရတဲ့ကိစ္စရပ်တွေအကြောင်းကို အံ့သြဖွယ်ရာ ရေးသားထားတာပါ။ညိုမင်းလွင်ကတော့ “ကျွန်တော့်အတွက်တော့ အဲဒီကိစ္စက တော်တော်လေး ထူးဆန်းခဲ့ပါတယ်။

ကျွန်တော်က စီးကရက်အရမ်းကြိုက်ခဲ့တဲ့သူတစ်ယောက်ပါ၊ သူများတိုက်လို့သောက်တတ်ခဲ့တာမဟုတ်ပဲ ကိုယ်တိုင်က သောက်ချင်လို့ကိုသောက်ခဲ့တာဖြစ်ပြီး ဘယ်တော့မှလည်းဖြတ်ဖို့စိတ်ကူးမရှိခဲ့ပါဘူး၊

စန္ဒာမကြိုက်မှန်းသိပေမယ့်လည်း အဲဒီတစ်ခုကိုတော့ အားနာနာနဲ့ အိမ်မှာမသောက်ပဲ အပြင်မှာသောက်တာပါပဲ။ (၂၀၁၃) ခုနှစ်တုန်းက အခုလိုအချိန်မှာ စန္ဒာနဲ့ကျွန်တော့်ကို ဦးဇော်ကဖိတ်လို့ ဦးဇော်ခြံထဲက အဘထွက်ပွဲကိုသွားဖြစ်ခဲ့ တယ်။

ဦးဇော်နဲ့တွေ့ရင် စန္ဒာက ကျွန်တော့်အကြောင်းတွေတိုင်နေကျအတိုင်း ကျွန်တော်စီးကရက်တွေ အရမ်းသောက်တဲ့အကြောင်း တိုင်ပါတယ်။ဦးဇော်ကတော့ သူ့ထုံးစံအတိုင်း ပြုံးပြုံးကြီးပါပဲ၊ ဒါမျိုးဆိုတာအတင်းဖြတ်ခိုင်းလို့မရကြောင်း၊

သူ့ဟာသူအချိန်တန်ရင်ပြတ်သွားမှာဖြစ်ကြောင်းပြောပါတယ်၊ ကျွန်တော်ကတော့ စိတ်ထဲကနေ ဘယ်တော့မှမဖြတ်ဘူးပေါ့လေ၊ အပြန်ကျတော့ ဦးဇော်က အဘရုပ်တုကြီးမှာကပ်ထားတဲ့ ဆေးပြင်းလိပ်တစ်လိပ်စွန့်ပြီးကျွန်တော့်ကိုပေးပါတယ်၊

ကျွန်တော်ကတော့ စန္ဒာ့ရှေ့မှာ အောင်နိုင်သူပေါ့၊“ တွေ့လား၊ ဦးဇော်က မဖြတ်ခိုင်းတဲ့အပြင် ဆေးလိပ်တောင် တိုက်လိုက်သေးတယ် “ ပေါ့၊ အပြန်လမ်းမှာ ကားကိုမှန်ဖွင့်ပြီး တစ်လမ်းလုံးသောက်လာလိုက်သေးတာ၊

ဇာတ်လမ်းက နောက်နေ့မှာ စတာပါပဲ၊ ကျွန်တော်အဲဒီဆေးပြင်းလိပ်သောက်ပြီးနောက်တစ်ရက်မှာ အာသီးရောင်ပြီး ဖျားတယ်၊ အဲဒီတော့ စီးကရက်ကို ခဏဖြတ်ရပါတယ်၊ ဒါပေမယ့်လည်း စိတ်ကမပြတ်ဘူး၊ နေကောင်းရင်ပြန်သောက်မယ် လို့တေးထားတာပဲ၊

နေကောင်းတော့ ပြန်သောက်တယ်၊ ပြန်ဖျားတယ်၊ နှစ်ခါလောက်ဖျားအပြီးမှာ Singapore ထွက်သွားရတယ်၊ Singapore မှာက No Smoking Area တွေများတော့ မသောက်ဖြစ်ခဲ့ဘူး၊ဒါပေမယ့် ကျွန်တော်က ခေါင်းမာတယ်၊

ရန်ကုန်ပြန်ရောက်ရင်သောက်မယ် လို့ပဲ စိတ်ထဲမှာကျုံးဝါးထားတယ်၊ ရန်ကုန်ပြန်ရောက်တော့ Shooting မှာ စီးကရက်တဗူးဝယ်ခဲ့စမ်း ပေါ့၊ စီးကရက်ငတ်ခဲ့သမျှ အားရပါးရသောက်မယ်ပေါ့။

အရမ်းအံ့ဩစရာကောင်းတာပဲ၊ ကျွန်တော်တစ်လိပ်ကုန်အောင်သောက်လို့မရတော့ဘူး၊ အရင်တုန်းကလည်း တချို့အချိန်တွေမှာ တစ်ပါတ်၊ ဆယ်ရက်လောက်မသောက်ဖြစ်ပြီးမှ ပြန်သောက်ဖူးတာပဲ၊

အဲဒီလိုအချိန်မျိုးဆို ပိုတောင်သောက်လို့ကောင်းနေသေး အရင်တုန်းကဆိုရင် မျက်စိမှိတ်ထားပြီး ပါးစပ်မှာလာတပ်ပေးရင်တောင် ဘာတံဆိပ်လဲလို့သိတဲ့အထိ စီးကရက်အရသာကို ခွဲခြားတတ်ခဲ့တာလေ၊

ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့စီးကရက်က ကျွန်တော့်ပါးစပ်ထဲမှာ ဘာအရသာမှလည်းမရှိတော့ဘူး၊ ဘာကြီးဖြစ်နေမှန်းကိုမသိတာ၊ အဲဒါ ကျွန်တော်သောက်ခဲ့တဲ့နောက်ဆုံးစီးကရက်ပါပဲ။

အခုဆိုရင် ခုနစ်နှစ်ရှိသွားပါပြီ၊ အနားမှာ သူများလာသောက်ရင်လည်း သောက်ချင်တာမျိုးမရှိတော့ပါဘူး၊ တခါတလေ ငါ ဘယ်လိုသောက်ခဲ့ပါလိမ့် ဆိုတာ ပြန်တောင်စဉ်းစားယူရပါတယ်။

ဒီနေ့ အဘအောင်မင်းခေါင်နေ့လို့ပြောနေကြတာတွေ့မိလို့ အမှတ်တရပြန်ရေးလိုက်တာပါ၊ လေးစားပါတယ် အဘ p.s. ဓါတ်ပုံက ဦးဇော်ဆီကပါ” လို့ရေးသားမျှဝေထားတာပါ။

ညိုမင်းလွင်ကတော့ သူကြုံတွေ့ခဲ့ရတဲ့ မှတ်မှတ်ရရဖြစ်ရပ်လေးကို အဘအောင်မင်းခေါင်နေ့နဲ့တိုက်ဆိုင်တာနဲ့ ပြောပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးမှာလည်း ဒီလို ထူးဆန်းတဲ့ဖြစ်ရပ်လေးတွေ ကြုံတွေ့ခဲ့ရတာရှိရင် အများသူငါဖတ်ရှုနိုင်ဖို့ ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Crd-Yin Khat Pan ( Writer – LLA )