Zawgyi
Unicode
လိုင်းပေါ်မှာ လူပြောများနေတဲ့ ကြော်ငြာအတွက် ပရိသတ်များကို တောင်းပန်စကားဆိုလာတဲ့ အေးမင်းဟိန်း
“ကျွန်တော့်အနေနဲ့ ကျွန်တော့်ကို အားပေးတဲ့ထဲက လူကြီး လူငယ် ကလေးတွေအတွက် မသင့်တော်တဲ့ အသုံးအနှုန်းတွေ ရွံ့စရာအမူအရာတွေ နဲ့ ပြောမိဆိုမိခဲ့ရင် ဒီကပဲတောင်းပန်အပ်ပါတယ်ခင်ဗျ….
ကိုယ်တိုင်လည်း တစ်ခါတစ်လေ မိန်းကလေးလို့ ဝတ်ပြီးသရုပ်ဆောင်နေတဲ့ အတွက် မိန်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ abuse လုပ်တာမျိုး မထင်စေချင်ပါဘူးခင်ဗျာ မိန်းကလေးတွေကိုလည်း တန်ဖိုးထားပါတယ်..
နောက်နောင်လည်း မဖြစ်စေရဘူးလို့ ကတိပေးပါတယ် မိမိကိုယ်တိုင်လည်း လုပ်ခဲ့မိတဲ့ သရုပ်အပေါ် မသင့်တော်ဘူးလို့ ယူဆတဲ့အတွက်ရော..ကိုယ်တိုင်ကလည်း Troller Blamer ဖြစ်တဲ့ အတွက် Blame တာတွေကို ကျေကျေနပ်နပ်ကြီးလက်ခံသွားပါမယ်
ခင်ဗျာ.. ကျန်သေးတာက “အရင်က ကြည့်မရတာအခုတော့ပိုဆိုးသွားပြီဆိုတဲ့သူတွေကိုလည်း တောင်းပန်ပါတယ် ” “အရင်ကတော့အားပေးတယ် ခုတော့ ရွံ့သွားပြီဆိုတဲ့သူတွေလည်း တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်
အမြဲပျော်ပျော်နေတတ်တဲ့သူအတွက် အရမ်း စိတ်ဓာတ်ကျသွားတဲ့အချိန်မှာ ကိုယ့်အကြောင်းသိလို့ နားလည်ပြီး အားပေးခဲ့တဲ့သူတစ်ယောက်ခြင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ.. ❤️”
ဟု၍ အေးမင်းဟိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ် ဆင့် ပရိသတ်များကိုတောင်းပန်ခဲ့ပါတယ်။အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်သောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source- Aye Min Hein