
Zawgyi


တေးရေးအဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ပျော်ရွင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပြီးဖြစ်သလို ချစ်ရာကောင်းတဲ့ သမီးအမွှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။





Unicode

မြောက်ဥက္ကလာပဆေးရုံကြီးအတွက်(၁၀၈)တန်ဖိုးရှိ ပစ္စည်းတွေ လှူဒါန်းလိုက်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

တေးရေးအဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေတိူ့ ဇနီးမောင်နှံကတော့ ပျော်ရွင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပြီးဖြစ်သလို ချစ်ရာကောင်းတဲ့ သမီးအမွှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

သမီးလေး နှစ်ယောက်နာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းထူထောင်ကာ လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။ကိုဗစ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတန်ဖိုး ၁၀၈သိန်းကျော်ခန့်ကို မြောက်ဥက္ကလာပ ဆေးရုံကြီးနဲ့

တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကို လှူဒါန်းခဲ့ကြောင်းကို လင်းလင်း မှတစ်ဆင့် မျှဝေလာခဲ့ပါတယ်။ဇနီးမောင်နှံနှစ်ဦးစလုံးဟာ အောင်မြင်တဲ့ အနုပညာသမားတွေ ဖြစ်သလို

ပရဟိတလုပ်ရာမှာလည် တက်ညီလက်ညီဆောင်ရွက်ကြတာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်ကြပါတယ်။အလှူဒါနအဖြစ် ကိုဗစ်ထိန်းချုပ်ရေးစင်တာတွေကို မကြာခဏလှူဒါန်းလျက်ရှိနေတဲ့

အဆိုတော်လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း ဟာ ရှေ့လျောက် လူထုအကျိုးပြုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း လှူဒါန်းမှုမှ ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။Source ;ခေတ်သစ်ဖောင်ဒေးရှင်း