
Zawgyi






Unicode

အသုပ်စုံကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချနေတဲ့ သရုပ်ဆောင်မိုးအောင်ရင်

သရုပ်ဆောင်မိုးအောင်ရင်ကတော့ ကိုဗစ် ၁၉ ကာလမှာ ကိုယ်တိုင်လုပ်ပြီး၊ သန့်ရှင်းလတ်ဆတ်တဲ့ အသုပ်စုံတွေကို ရောင်းချ နေတာဖြစ်ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အသုပ်စုံကို မှာယူစားသုံးတဲ့သူတွေအတွက်လည်း သူကိုယ်တိုင်လိုက်ပို့ တဲ့ ဝန်ဆောင်မှုကို ပေးနေတာလည်း တွေ့ရပါတယ်။

အသုပ်စုံတစ်ပွဲ ကို၃၀၀၀ ကျပ်နဲ့ အနည်းဆုံးနှစ်ပွဲမှာပေးရမှာဖြစ်ကြောင်းနဲ့ ပို့ခကိုတော့ ရန်ကင်းမြို့နယ်အတွက်တော့ အခမဲ့ဖြစ်ကြောင်းကို သရုပ်ဆောင်မိုးအောင်ရင်က အသိပေးပြောပြထားတာဖြစ်ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အသုပ်စုံကိုအားပေးချင်သူတွေအနေနဲ့ကတော့ အပတ်စဉ် စနေနေ့နဲ့ အင်္ဂါ နေ့တွေမှာမှာ ယူနိုင်တယ်လို့ သိရပါတယ်။