သံဃာေတာ္ေတြ ဆြမ္းဟင္းမခက္ခဲေစဖို႔ အသားငါး အခ်ိန္တစ္ရာေက်ာ္လႉဒါန္းေပးခဲ့တဲ့ လွအၪၨလီတင့္

Zawgyi

သံဃာေတာ္ေတြ ဆြမ္းဟင္းမခက္ခဲေစဖို႔ အသားငါး အခ်ိန္တစ္ရာေက်ာ္လႉဒါန္းေပးခဲ့တဲ့ လွအၪၨလီတင့္

တခ်ိန္က ပရိသတ္အခ်စ္ကိုမ်ားစြာသိမ္းပိုက္ခဲ့တဲ့ မင္းသမီးေခ်ာလွအၪၨလီတင့္ကေတာ့ အခုအခ်ိန္မွာ ေန႔စဥ္ဘဝကို ကုသိုလ္ေကာင္းမႈေတြနဲ႔ ယွဥ္တြဲရင္း ျဖတ္သန္းေနသူတစ္ေယာက္ပါ။

ဘာသာ၊သာသနာေရးဘက္ကို အေလးထားသူတစ္ေယာက္မို႔ လူမႈကြန္ရက္ကိုလည္း မိတ္ေဆြေတြအတြက္ကုသိုလ္ေရးမွ်ေဝရာေနရာတစ္ခုအျဖစ္သာ သေဘာထားသလို ေန႔စဥ္တိုင္းလည္း ျမတ္စြာဘုရားရွင္ေတြအတြက္

ကပ္လႉတဲ့ သူ႔ရဲ႕ဆြမ္း၊ကြမ္းအလႉေလးေတြကို မွ်ေဝေပးလ်က္ရွိပါတယ္။လွအၪၨလီတင့္ကေတာ့ အခုလိုခက္ခဲေနတဲ့ကာလႀကီးမွာ သာသနာ့တာဝန္ထမ္းေဆာင္ေနၾကတဲ့ သံဃာေတာ္၊သီလရွင္ေတြရဲ႕

ဆြမ္းကိစၥ မခက္ခဲေအာင္ ျဖည့္ဆည္းေပးၾကဖို႔ မိတ္ေဆြအေပါင္းအသင္းေတြကို တိုက္တြန္းထားသလို သူကိုယ္တိုင္လည္းမၾကာေသးခင္ကမွ စားေသာက္ကုန္ေတြလႉဒါန္းေပးခဲ့ပါေသးတယ္။

ဒီတစ္ေခါက္မွာေတာ့ အေျခာက္အျခမ္းစားေသာက္ကုန္ေတြမဟုတ္ဘဲ ပံ့သကူသား ငါးနဲ႔ပုဇြန္ စုစုေပါင္း အခ်ိန္တစ္ရာေက်ာ္ လႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝလာပါတယ္။ေ႐ြတိဂုံမွေက်ာင္း (၆) ေက်ာင္း၊

အိမ္အနီးအနားမွာရွိတဲ့ ေက်ာင္း(၄) ေက်ာင္း၊ ေျခာက္ထပ္ႀကီးဝင္းအတြင္းမွာရွိတဲ့ေက်ာင္းေပါင္း(၄၆) ေက်ာင္းစာအတြက္ အာဟာရဒါနအလႉအေနနဲ႔ ငါး(၆၆) ပိႆာ၊ ပုဇြန္(၄၂.၄၀) ပိႆာလႉဒါန္းေပးခဲ့တဲ့အျပင္

ကာေဘာ္လစ္ဆပ္ျပာအတုံး(၆၀၀) Ready ငါးေသတၱာဘူးမ်ားကို လႉဒါန္းေပးခဲ့ပါတယ္။ လွအၪၨလီတင့္ကေတာ့ သူ႔ရဲ႕သံဃာဂုဏ္ကိုရည္မွန္းၿပီး ျပဳလုပ္ခဲ့တဲ့အလႉေလးကို မွ်ေဝခဲ့ၿပီး ဒီအလႉေလးကို ျမင္သူတိုင္း ကုသိုလ္ထပ္တူထပ္မွ်ရၾကပါေစ ဆိုၿပီးေတာ့လည္း ဆုေတာင္းေမတၱာပို႔ခဲ့ပါတယ္။

Unicode

သံဃာတော်တွေ ဆွမ်းဟင်းမခက်ခဲစေဖို့ အသားငါး အချိန်တစ်ရာကျော်လှူဒါန်းပေးခဲ့တဲ့ လှအဉ္ဇလီတင့်

တချိန်က ပရိသတ်အချစ်ကိုများစွာသိမ်းပိုက်ခဲ့တဲ့ မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အခုအချိန်မှာ နေ့စဉ်ဘဝကို ကုသိုလ်ကောင်းမှုတွေနဲ့ ယှဉ်တွဲရင်း ဖြတ်သန်းနေသူတစ်ယောက်ပါ။

ဘာသာ၊သာသနာရေးဘက်ကို အလေးထားသူတစ်ယောက်မို့ လူမှုကွန်ရက်ကိုလည်း မိတ်ဆွေတွေအတွက်ကုသိုလ်ရေးမျှဝေရာနေရာတစ်ခုအဖြစ်သာ သဘောထားသလို နေ့စဉ်တိုင်းလည်း မြတ်စွာဘုရားရှင်တွေအတွက်

ကပ်လှူတဲ့ သူ့ရဲ့ဆွမ်း၊ကွမ်းအလှူလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။လှအဉ္ဇလီတင့်ကတော့ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ သာသနာ့တာဝန်ထမ်းဆောင်နေကြတဲ့ သံဃာတော်၊သီလရှင်တွေရဲ့

ဆွမ်းကိစ္စ မခက်ခဲအောင် ဖြည့်ဆည်းပေးကြဖို့ မိတ်ဆွေအပေါင်းအသင်းတွေကို တိုက်တွန်းထားသလို သူကိုယ်တိုင်လည်းမကြာသေးခင်ကမှ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ အခြောက်အခြမ်းစားသောက်ကုန်တွေမဟုတ်ဘဲ ပံ့သကူသား ငါးနဲ့ပုဇွန် စုစုပေါင်း အချိန်တစ်ရာကျော် လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။ရွေတိဂုံမှကျောင်း (၆) ကျောင်း၊

အိမ်အနီးအနားမှာရှိတဲ့ ကျောင်း(၄) ကျောင်း၊ ခြောက်ထပ်ကြီးဝင်းအတွင်းမှာရှိတဲ့ကျောင်းပေါင်း(၄၆) ကျောင်းစာအတွက် အာဟာရဒါနအလှူအနေနဲ့ ငါး(၆၆) ပိဿာ၊ ပုဇွန်(၄၂.၄၀) ပိဿာလှူဒါန်းပေးခဲ့တဲ့အပြင်

ကာဘော်လစ်ဆပ်ပြာအတုံး(၆၀၀) Ready ငါးသေတ္တာဘူးများကို လှူဒါန်းပေးခဲ့ပါတယ်။ လှအဉ္ဇလီတင့်ကတော့ သူ့ရဲ့သံဃာဂုဏ်ကိုရည်မှန်းပြီး ပြုလုပ်ခဲ့တဲ့အလှူလေးကို မျှဝေခဲ့ပြီး ဒီအလှူလေးကို မြင်သူတိုင်း ကုသိုလ်ထပ်တူထပ်မျှရကြပါစေ ဆိုပြီးတော့လည်း ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။