ပိုးေတြ႕လူနာေတြကို သယ္ေနရတဲ့ အျပင္ ေႁမြလည္းဖမ္းေနရတယ္ဆိုတဲ့ ေဝဠဳေက်ာ္

Zawgyi

ပိုးေတြ႕လူနာေတြကို သယ္ေနရတဲ့ အျပင္ ေႁမြလည္းဖမ္းေနရတယ္ဆိုတဲ့ ေဝဠဳေက်ာ္

ပရိသတ္ႀကီးေရ မင္းသားေဝဠဳေက်ာ္ကေတာ့ တစ္ေန႔တာအခ်ိန္ေတြကို တန္းဖိုးရွိရွိ ျဖတ္သန္း ေန တဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။

ေဝဠဳေက်ာ္ဟာ လူမွုေရး အက်ိဳးျပဳတဲ့ ပရဟိအလုပ္ေတြကို ေရွ႕ဦးေဆာင္ၿပီးလုပ္ကိုင္ေပးေနတဲ့ သူပဲျဖစ္ပါတယ္။အလွူ အတန္းေတြဆိုရင္လည္း ျမန္မာတစ္နိုင္ငံလုံးရွိ လိုအပ္ေနတဲ့ ဘယ္ေနရာေဒသမဆိုကိုယ္တိုင္အပင္ပမ္းခံၿပီး သြားေရာက္လွူဒါန္းေပးတတ္တဲ့

ပရဟိတမင္းသားႀကီးပဲျဖစ္ပါတယ္။လတ္တေလာ ကပ္ေရာဂါတိုက္ဖ်က္ေရး အခ်ိန္ကာလေလးမွာလည္း ေဝဠဳေက်ာ္က ေရွ႕ကေန တိုက္ေနတဲ့က်န္းမာေရးဝန္ထမ္းေတြနဲ႔အတူ ပိုးေတြ႕လူနာေတြကို

လူနာတင္ယာဥ္ ေတြနဲ႔ ေန႔ မ နား ညမနား ကူညီေပးတာကိုလည္း ေတြ႕ရပါတယ္။ဒါ့အျပင္ ကိုယ္တိုင္ကူညီေပးတဲ့အျပင္ ရခိုင္ ျပည္နယ္အတြက္ လိုအပ္တဲ့ က်န္းမာေရးသုံး ပစ္ စည္း ေတြကို လွူဒါန္းေပးခဲ့ပါတယ္။

ဒီတစ္ခါမွာေတာ့ ေဝဠဳ ေက်ာ္က သူ႔ရဲ့ လူမွုကြန္ယက္စာမ်က္ႏွာ ေႁမြ ေသးေသးေလးတစ္ေကာင္ကိုင္ၿပီး ရိုက္ထားတဲ့ ပုံေလးေတြကို ပရိသတ္ေတြအတြက္ တင္ ေပး လာ ခဲ့ပါတယ္။

ဒီပုံေလးေတြနဲ႔ ေဝဠဳေက်ာ္က “COVID 19 လူနာေတြလဲသယ္ရ ေႁမြလဲ ဖမ္းရတယ္ဗ် သေကာင့္သားက ကၽြန္ေတာ္အခန္းထဲက PPE ထည့္တဲ့ကပ္ထူပုံးေတြ ၾကားထဲမွာ ၿငိမ့္ေနတာေလ

PPE ယူ တဲ့ သူက အၿမီးျမင္လိုက္ေတာ့ ကင္လိပ္ေခ်ာလို့ ထင္လိုက္တာတဲ့ ေသျခာ ၾကည့္မွ ေႁမြမွန္းသိ တာအဲ့ဒီေႁမြကို ကၽြန္ေတာ္ကဖမ္းၿပီး လြတ္ရာမွာ သြားလႊတ္ေပးလိုက္ပါတယ္…အားလုံးေဘးက င္းၾက ပါေစ…” ဆိုၿပီး ေရးသားထားပါတယ္။

ကဲ…ခ်စ္ပရိသတ္ႀကီးေရ အမ်ားအက်ိဳးေဆာင္ရြက္ ေန တဲ့ ပရဟိတမင္းသားႀကီး ေဝဠဳေက်ာ္ကို အားေပးစကားေလး ေျပာေပးခဲ့ပါဦး။

Unicode

Zawgyi

ပိုးတွေ့လူနာတွေကို သယ်နေရတဲ့ အပြင် မြွေလည်းဖမ်းနေရတယ်ဆိုတဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ မင်းသားဝေဠုကျော်ကတော့ တစ်နေ့တာအချိန်တွေကို တန်းဖိုးရှိရှိ ဖြတ်သန်း နေ တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။

ဝေဠုကျော်ဟာ လူမှုရေး အကျိုးပြုတဲ့ ပရဟိအလုပ်တွေကို ရှေ့ဦးဆောင်ပြီးလုပ်ကိုင်ပေးနေတဲ့ သူပဲဖြစ်ပါတယ်။အလှူ အတန်းတွေဆိုရင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ လိုအပ်နေတဲ့ ဘယ်နေရာဒေသမဆိုကိုယ်တိုင်အပင်ပမ်းခံပြီး သွားရောက်လှူဒါန်းပေးတတ်တဲ့

ပရဟိတမင်းသားကြီးပဲဖြစ်ပါတယ်။လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ဝေဠုကျော်က ရှေ့ကနေ တိုက်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပိုးတွေ့လူနာတွေကို

လူနာတင်ယာဉ် တွေနဲ့ နေ့ မ နား ညမနား ကူညီပေးတာကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် ကိုယ်တိုင်ကူညီပေးတဲ့အပြင် ရခိုင် ပြည်နယ်အတွက် လိုအပ်တဲ့ ကျန်းမာရေးသုံး ပစ် စည်း တွေကို လှူဒါန်းပေးခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ဝေဠု ကျော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ မြွေ သေးသေးလေးတစ်ကောင်ကိုင်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် တင် ပေး လာ ခဲ့ပါတယ်။

ဒီပုံလေးတွေနဲ့ ဝေဠုကျော်က “COVID 19 လူနာတွေလဲသယ်ရ မြွေလဲ ဖမ်းရတယ်ဗျ သကောင့်သားက ကျွန်တော်အခန်းထဲက PPE ထည့်တဲ့ကပ်ထူပုံးတွေ ကြားထဲမှာ ငြိမ့်နေတာလေ

PPE ယူ တဲ့ သူက အမြီးမြင်လိုက်တော့ ကင်လိပ်ချောလို့ ထင်လိုက်တာတဲ့ သေခြာ ကြည့်မှ မြွေမှန်းသိ တာအဲ့ဒီမြွေကို ကျွန်တော်ကဖမ်းပြီး လွတ်ရာမှာ သွားလွှတ်ပေးလိုက်ပါတယ်…အားလုံးဘေးက င်းကြ ပါစေ…” ဆိုပြီး ရေးသားထားပါတယ်။

ကဲ…ချစ်ပရိသတ်ကြီးရေ အများအကျိုးဆောင်ရွက် နေ တဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို အားပေးစကားလေး ပြောပေးခဲ့ပါဦး။