
Zawgyi










Unicode

လူသူမရှိတဲ့ လှည်းတန်းလမ်းမကြီးမှာ ဝမ်းရေးအတွက် ငှက်လေးတွေလာရောင်းတဲ့ အဘကို တွေ့အောင်ရှာပြီး ကူညီပေးခဲ့တဲ့ SINON LORESCA

ပရိတ်သတ်ကြီးရေ ဖိလစ်ပိုင် Catwalk Model Sinon Loresca ဆိုရင် ကလေးက အစ အကုန်သိတဲ့ အထိအလှူအတန်းတွေ အမြဲပြုလုပ်ပြီး ပျော်ပျော်နေတတ်တဲ့သူဆိုတာကို ပရိတ်သတ်ကြီးသိပြီးသားဖြစ်မှာပါ။

မြန်မာပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ ဖိလစ်ပိုင် Catwalk Model Sinon Loresca ကလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ နေထိုင်နေတာတစ်နှစ်ကျော်အချိန်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။

Sinon Loresca က မြန်မာနိုင်ငံက ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေသလို သူချစ်တဲ့ မြန်မာပြည်ကြီးက နေရာဒေသအနှံ့မှာ အလှူတွေ ပြုလုပ်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Sinon Loresca ကတော့ သူကိုယ်တိုင်လည်း ခက်ခဲဆင်းရဲတဲ့ဘဝက ဖြတ်သန်းခဲ့ရသူမို့ သူနဲ့ဘဝတူတွေတွေ့ရင် ကူညီချင်စိတ်အပြည့်ရှိသူပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၇)ရက်နေ့မှာလည်း လူသူမရှိတဲ့ လှည်းတန်းလမ်းမကြီးမှာ ငှက်လေးတွေလာရောင်းတဲ့ အဘကို မတွေ့တွေအောင်ရှာပြီး လက်ဆောင်ပေးရင်း အားပေးစကားပြောခဲ့တဲ့အကြောင်းအခုလိုပဲ ပြောလာပါတယ်။

“နောက်ဆုံးတော့ သူ့ကိုတွေ့ပြီး လက်ဆောင်တွေပေးဖို့ အခွင့်အရေးရခဲ့ပြီ အချစ်နှင့် ကြင်နာမှုကို အမြဲဖြန့်ဝေပါ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

Sinon ကတော့ အခက်အခဲဖြစ်နေတဲ့ ဘယ်သူ့ကိုမဆို ကူညီချင်စိတ်အပြည့်ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း Sinon ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားကို လေးစားနေကြမယ်ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source: Sinon Loresca’s fb