သုႆန္မွာေန႔စဥ္က်ကြဲေနရတဲ့ေျမအိုးကြဲေတြကိုၾကည့္ၿပီး တရားရလာတဲ့အေၾကာင္းေျပာလာတဲ့ေက်ာ္သူ

Zawgyi

သုႆန္မွာေန႔စဥ္က်ကြဲေနရတဲ့ ေျမအိုးကြဲေတြကိုၾကည့္ၿပီး တရားရလာတဲ့အေၾကာင္းေျပာလာတဲ့ေက်ာ္သူ

နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ႕ ဥကၠဌ တစ္ေယာက္ျဖစ္သူေက်ာ္သူက ပရဟိတ အ လုပ္နဲ႔ ပက္သတ္ၿပီးေန႔ ညမေ႐ြး ေဆာင္႐ြက္ေနတာပဲျဖစ္ပါတယ္။ ေက်ာ္သူကအခုလို Covid-19ကပ္ေရာဂါနဲ႔ ႀကဳံေနရခ်ိန္မွာလည္း

အိမ္မွာဇိမ္နဲ႔ မေနႏိုင္ပဲသူ႔ရဲ႕ နာေရးကူညီမႈ အသင္းသားေတြနဲ႔ အတူတူ လူမႈကူညီေရး လုပ္ငန္းစဥ္ မ်ားကိုလုပ္ေဆာင္ေနရတာပဲ ျဖစ္ပါတယ္။ ေန႔စဥ္နဲ႔ အမွ်နာေရး ေတြ နဲ႔ ႀကဳံ ေတြ႕ ေနရ တဲ့

ေက်ာ္သူကဒီေန႔မွာေတာ့ သံေဝဂတစ္ခုရလာေၾကာင္းေျပာျပထားပါတယ္။“ေအာ္တစ္ေန႔တစ္ေန႔နာရီ /မိန စ္ /စကၠန္႔တိုင္းမွာတျဖဳတ္ျဖဳတ္ေႂကြက်ေနတဲ့လူ႔အသက္မ်ားတခြပ္ခြပ္ကြဲေၾက ေနၾကတဲ့ ေျမအိုးေလးမ်ား

ေသရင္ေတာ့ ဘာမွယူ မ သြားႏိုင္ပါ။ ပါသြားမွာက ကုသိုလ္နဲ႔ အကုသိုလ္။ ဘာေၾကာင့္မ်ား ေနရာ၊အာဏာ၊စည္းစိမ္ ေတြကို အလုအယက္ျဖစ္ေနၾကပါလိမ့္ ။ျဖဴစင္ေအး ခ်မ္းတည္ၿငိမ္စြာျဖင့္ ကူညီေဖးမမႈလုပ္ေပးေနတာကအေကာင္းဆုံးပါ။

ကိုယ္ျပဳေသာကံပဲ့တင္သံကိုယ့္ထံျပန္လာမည္။ (ယေန႔ ေျမာက္ဥကၠလာပေဆး႐ုံမွာ နာေရးကူညီမႈသြားစဥ္ ျမင္ေတြ႕ခဲ့ရသည့္ ေျမအိုးကြဲေလးမ်ားမွ ေပးလိုက္သည့္ အေတြးတစ္စပါ။ )” ဆိုၿပီး

သံေဝဂရလာရွာပါတယ္။ေက်ာ္သူေျပာသလိုပဲကိုယ္ျပဳေသာကံပဲ့တင္သံကိုယ့္ထံျပန္လာမည္ဆိုတဲ့စကားအတိုင္းပဲ အသက္ရွင္ေနစဥ္မွာ စိတ္ထားေကာင္း ေကာင္းထားၿပီး ေနာက္ဆုံးခရီးကို အဆင္သင့္ျဖစ္ေစဖို႔ ျပင္ဆင္ထားသင့္ပါတယ္။

Unicode

သုဿန်မှာနေ့စဉ်ကျကွဲနေရတဲ့ မြေအိုးကွဲတွေကိုကြည့်ပြီး တရားရလာတဲ့အကြောင်းပြောလာတဲ့ကျော်သူ

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်သူကျော်သူက ပရဟိတ အ လုပ်နဲ့ ပက်သတ်ပြီးနေ့ ညမရွေး ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ကျော်သူကအခုလို Covid-19ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာလည်း

အိမ်မှာဇိမ်နဲ့ မနေနိုင်ပဲသူ့ရဲ့ နာရေးကူညီမှု အသင်းသားတွေနဲ့ အတူတူ လူမှုကူညီရေး လုပ်ငန်းစဉ် များကိုလုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ နေ့စဉ်နဲ့ အမျှနာရေး တွေ နဲ့ ကြုံ တွေ့ နေရ တဲ့

ကျော်သူကဒီနေ့မှာတော့ သံဝေဂတစ်ခုရလာကြောင်းပြောပြထားပါတယ်။“အော်တစ်နေ့တစ်နေ့နာရီ /မိန စ် /စက္ကန့်တိုင်းမှာတဖြုတ်ဖြုတ်ကြွေကျနေတဲ့လူ့အသက်များတခွပ်ခွပ်ကွဲကြေ နေကြတဲ့ မြေအိုးလေးများ

သေရင်တော့ ဘာမှယူ မ သွားနိုင်ပါ။ ပါသွားမှာက ကုသိုလ်နဲ့ အကုသိုလ်။ ဘာကြောင့်များ နေရာ၊အာဏာ၊စည်းစိမ် တွေကို အလုအယက်ဖြစ်နေကြပါလိမ့် ။ဖြူစင်အေး ချမ်းတည်ငြိမ်စွာဖြင့် ကူညီဖေးမမှုလုပ်ပေးနေတာကအကောင်းဆုံးပါ။

ကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမည်။ (ယနေ့ မြောက်ဥက္ကလာပဆေးရုံမှာ နာရေးကူညီမှုသွားစဉ် မြင်တွေ့ခဲ့ရသည့် မြေအိုးကွဲလေးများမှ ပေးလိုက်သည့် အတွေးတစ်စပါ။ )” ဆိုပြီး

သံဝေဂရလာရှာပါတယ်။ကျော်သူပြောသလိုပဲကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမည်ဆိုတဲ့စကားအတိုင်းပဲ အသက်ရှင်နေစဉ်မှာ စိတ်ထားကောင်း ကောင်းထားပြီး နောက်ဆုံးခရီးကို အဆင်သင့်ဖြစ်စေဖို့ ပြင်ဆင်ထားသင့်ပါတယ်။