တလ သိန္းတစ္ရာေလာက္ ကုန္က်ေငြေတြရွိေနေပမယ့္ ကိုဗစ္ကာလမွာ ဝင္ေငြ မရွိတဲ့အတြက္ အခက္အခဲေတြႀကဳံေနရတဲ့ အေၾကာင္း ရင္ဖြင့္တဲ့ မိတ္ကပ္ခင္စန္းဝင္း
Zawgyi
တလ သိန္းတစ္ရာေလာက္ ကုန္က်ေငြေတြရွိေနေပမယ့္ ကိုဗစ္ကာလမွာ ဝင္ေငြ မရွိတဲ့အတြက္ အခက္အခဲေတြႀကဳံေနရတဲ့ အေၾကာင္း ရင္ဖြင့္တဲ့ မိတ္ကပ္ခင္စန္းဝင္း
မိတ္ကပ္ခင္စန္းဝင္းကေတာ့ အလွဖန္တီးရွင္ေလာကမွာ ထင္ရွားလွတဲ့ အလွဖန္တီးရွင္ တစ္ဦး ျဖစ္ၿပီး ႐ုပ္ရွင္ေလာကသားမ်ားရဲ႕ ပင္တိုင္လက္စြဲ အလွဖန္တီးရွင္တစ္ဦးလည္းျဖစ္ပါတယ္
ခင္စန္းဝင္းဟာ မိတ္ကပ္ပညာရွင္ေတြ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ က်ားက်ားႀကိဳက္ႀကိဳက္႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကိုရရွိခဲ့တာပါ
ယခုကိုဗစ္ကာလမွာေတာ့ ခင္စန္းဝင္းက ပြဲလမ္းသဘင္ေတြ မက်င္းပရတဲ့အျပင္ အႏုပညာအလုပ္ေတြရပ္နားထားရတာေၾကာင့္ တလကို က်ပ္သိန္းရာနဲ႔ခ်ီ ဆုံးရႈံးေနရတဲ့အေၾကာင္း ရင္ဖြင့္ေျပာျပလာခဲ့တာျဖစ္ပါတယ္
ခင္စန္းဝင္းက ““ဝန္ထမ္းစရိတ္၊ စားေသာက္စရိတ္ေတြ အျပင္ ေပးရတဲ့ အခေၾကးေငြေတြ ရွိေနေတာ့ တစ္လကို ပုံမွန္ ဝင္ေငြက်ပ္ သိန္း (၁၀၀) ေလာက္ မရွိရင္ စီးပြားေရး လည္ပတ္လို႔ မရဘူး။
မဂၤလာပြဲ နဲ႔ အႏုပညာ အလုပ္ ဆိုတာက တိုင္းျပည္ စည္ပင္သာယာ မွ လုပ္လို႔ ရတာဆိုေတာ့ ကိုယ့္ စီးပြားေရး လုပ္ငန္း (၂) ခု စလုံးက ထိုးက်ေနတယ္” လို႔ဆိုလာခဲ့တာပါ
“ခင္စန္းဝင္းဒီေလာက္နာမည္ႀကီးၿပီးေတာ့ ပိုက္ဆံမရွိဘူး ညည္းစရာလားလို႔ေတာ့ ေျပာၾကမွာေပ့ါ သမီးရယ္ သို႔ေသာ္ ဒီပိုက္ဆံဆိုတာက မႀကီးတို႔က်ေတာ့ သိန္း ၁၀၀ ရၿပီ ၂၀၀ ရၿပီ ၁၀၀၀ ရၿပီဆိုၿပီးေတာ့
ပိုက္ဆံကို ထိုင္ၾကည့္ေနတဲ့သူမဟုတ္ဘူးေလ မႀကီးတို႔ ဝယ္စရာရွိတာဝယ္တယ္ သုံးစရာရွိတာသုံးတယ္ ကိုယ္သုံးခ်င္တာသုံးၿပီး လူတန္းေစ့ေနသြားရဖို႔ အေရးႀကီးတယ္
ရွိတဲ့ပိုက္ဆံကို ဘဏ္ထဲမွာထည့္ထားၿပီးေတာ့ သိန္း ၁၀၀ ရပါၿပီ ၂၀၀ ရပါၿပီဆိုၿပီး ေက်နပ္ေနတဲ့သူေတြထဲမွာမပါဘူး မႀကီးအခု အလွကုန္လုပ္ငန္းလုပ္တယ္ဆိုေတာ့လည္း လုပ္ငန္းသဘာဝအရ ပိုက္ဆံကအၿမဲလည္ပတ္ေနတာေပါ့ေနာ္
မရွိဘူးလားဆိုေတာ့ စီးစရာကားေနစရာအိမ္နဲ႔ ပိုက္ဆံလည္းရွိသင့္သေလာက္ရွိတာေပါ့ ဒါေပမယ့္ ကာလရွည္လာတဲ့အခါက်ေတာ့ ေတာင့္မခံႏိုင္ဘူးေပါ့” လို႔ေျပာျပလာခဲ့တာျဖစ္ပါတယ္
မိတ္ကပ္ခင္စန္းဝင္းကေတာ့ ယခုကိုဗစ္ကာလမွာ ႀကဳံရတဲ့ နစ္နာဆုံးရႈံးမႈေတြကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ကိုဗစ္ဗိုင္းရပ္စ္ဆိုးႀကီး အျမန္ဆုံး ေပ်ာက္ကြယ္သြားပါေစလို႔လည္း ဆုေတာင္းလိုက္ရပါတယ္ေနာ္
Unicode
တလ သိန်းတစ်ရာလောက် ကုန်ကျငွေတွေရှိနေပေမယ့် ကိုဗစ်ကာလမှာ ဝင်ငွေ မရှိတဲ့အတွက် အခက်အခဲတွေကြုံနေရတဲ့ အကြောင်း ရင်ဖွင့်တဲ့ မိတ်ကပ်ခင်စန်းဝင်း
မိတ်ကပ်ခင်စန်းဝင်းကတော့ အလှဖန်တီးရှင်လောကမှာ ထင်ရှားလှတဲ့ အလှဖန်တီးရှင် တစ်ဦး ဖြစ်ပြီး ရုပ်ရှင်လောကသားများရဲ့ ပင်တိုင်လက်စွဲ အလှဖန်တီးရှင်တစ်ဦးလည်းဖြစ်ပါတယ်
ခင်စန်းဝင်းဟာ မိတ်ကပ်ပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တာပါ
ယခုကိုဗစ်ကာလမှာတော့ ခင်စန်းဝင်းက ပွဲလမ်းသဘင်တွေ မကျင်းပရတဲ့အပြင် အနုပညာအလုပ်တွေရပ်နားထားရတာကြောင့် တလကို ကျပ်သိန်းရာနဲ့ချီ ဆုံးရှုံးနေရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာဖြစ်ပါတယ်
ခင်စန်းဝင်းက ““ဝန်ထမ်းစရိတ်၊ စားသောက်စရိတ်တွေ အပြင် ပေးရတဲ့ အခကြေးငွေတွေ ရှိနေတော့ တစ်လကို ပုံမှန် ဝင်ငွေကျပ် သိန်း (၁၀၀) လောက် မရှိရင် စီးပွားရေး လည်ပတ်လို့ မရဘူး။
မင်္ဂလာပွဲ နဲ့ အနုပညာ အလုပ် ဆိုတာက တိုင်းပြည် စည်ပင်သာယာ မှ လုပ်လို့ ရတာဆိုတော့ ကိုယ့် စီးပွားရေး လုပ်ငန်း (၂) ခု စလုံးက ထိုးကျနေတယ်” လို့ဆိုလာခဲ့တာပါ
“ခင်စန်းဝင်းဒီလောက်နာမည်ကြီးပြီးတော့ ပိုက်ဆံမရှိဘူး ညည်းစရာလားလို့တော့ ပြောကြမှာပေ့ါ သမီးရယ် သို့သော် ဒီပိုက်ဆံဆိုတာက မကြီးတို့ကျတော့ သိန်း ၁၀၀ ရပြီ ၂၀၀ ရပြီ ၁၀၀၀ ရပြီဆိုပြီးတော့
ပိုက်ဆံကို ထိုင်ကြည့်နေတဲ့သူမဟုတ်ဘူးလေ မကြီးတို့ ဝယ်စရာရှိတာဝယ်တယ် သုံးစရာရှိတာသုံးတယ် ကိုယ်သုံးချင်တာသုံးပြီး လူတန်းစေ့နေသွားရဖို့ အရေးကြီးတယ်
ရှိတဲ့ပိုက်ဆံကို ဘဏ်ထဲမှာထည့်ထားပြီးတော့ သိန်း ၁၀၀ ရပါပြီ ၂၀၀ ရပါပြီဆိုပြီး ကျေနပ်နေတဲ့သူတွေထဲမှာမပါဘူး မကြီးအခု အလှကုန်လုပ်ငန်းလုပ်တယ်ဆိုတော့လည်း လုပ်ငန်းသဘာဝအရ ပိုက်ဆံကအမြဲလည်ပတ်နေတာပေါ့နော်
မရှိဘူးလားဆိုတော့ စီးစရာကားနေစရာအိမ်နဲ့ ပိုက်ဆံလည်းရှိသင့်သလောက်ရှိတာပေါ့ ဒါပေမယ့် ကာလရှည်လာတဲ့အခါကျတော့ တောင့်မခံနိုင်ဘူးပေါ့” လို့ပြောပြလာခဲ့တာဖြစ်ပါတယ်
မိတ်ကပ်ခင်စန်းဝင်းကတော့ ယခုကိုဗစ်ကာလမှာ ကြုံရတဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ကိုဗစ်ဗိုင်းရပ်စ်ဆိုးကြီး အမြန်ဆုံး ပျောက်ကွယ်သွားပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်နော်